မြန်မာဘက်သို့ အွန်လိုင်းဘောလုံးလောင်းကစား ထပ်ဆင့်လွှင့်စက်တပ်ဆင်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးအရေးယူ - Eureka Myanmar

မြန်မာဘက်သို့ အွန်လိုင်းဘောလုံးလောင်းကစား ထပ်ဆင့်လွှင့်စက်တပ်ဆင်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးအရေးယူ

Share This

မယ်ဆိုင်၊ ဇွန် ၂၁-မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနီး ၌ မြန်မာနိုင်ငံဘက်သို့ အွန် လိုင်းဘောလုံးလောင်းကစားသ မားများအား ဆက်သွယ်ထားသည့် အင်တာနက်အွန်လိုင်းနှင့် ထပ် ဆင့်လွှင့်စက် ကိရိယာတပ်ဆင် သူ ထိုင်းနိုင်ငံသားကို အမှုဖွင့်အ ရေး ယူဆောင်ရွက် ထားကြောင်း ဇွန် ၂၁ ရက် ထိုင်းနိုင်ငံနေ့စဉ် ထုတ် ဒေးလီး နယူးစ်သတင်းဖော် ပြထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့ ဖာမိန်းအထူးလှုပ်ရှား နယ် မြေခံတပ် လက်အောက်ခံအဖွဲ့နှင့် အစိုးရတယ်လီဖုန်း ဆက်သွယ် ရေးဌာနမှ တာဝန်ရှိသူများသည် ဇွန် ၂၀ ရက် နံနက် ၁၀ နာရီခန့် က မြန်မာ-ထိုင်းနယ်စပ်မှ တစ်ကီ လိုမီတာခန့်ရှိ မယ်ဆိုင်မြို့ပေါ် လေးထပ်တိုက်ခန်းတစ်ခုအား သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ ရာ ၎င်းင်းတိုက်ခန်းတွင်နေသူ ထိုင်း နိုင်ငံ သား နိုင်းခ၀မ်နရုန်ဆိုသူအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေ ရာ အွန်လိုင်းဘောလုံးလောင်းက စားသမားများနှင့် ဒိုင်များအား ဆက်သွယ်သည့် ထပ်ဆင့်လွှင့်စက် တပ်ဆင်ထားသည့်တိုင်များနှင့် အတူ ဖမ်းဆီးရမိသည်။

တာဝန်ရှိသူများ၏ စစ်ဆေး ချက်အရ အဆိုပါတိုက်ခန်းအား တစ်လဘတ် ၁၅၀၀၀ ဖြင့်ငှားရမ်း ထားကြောင်း၊ မြန်မာနိုင်ငံဘက်ရှိ အွန်လိုင်းဘောလုံးလောင်းက စားသမားများနှင့် ဒိုင်များအား ဆက်သွယ်ထားသည့် အင်တာ နက်အွန်လိုင်း ၂၁ ခု၊ ထပ်ဆင့် လွှင့်စက်ကိရိယာ ၁၈၄ လုံးတို့ ပါဝင်တပ်ဆင်ထားကြောင်း၊ အ လားတူ ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ပထုန်ထာနီမြို့များတွင် လည်း နိုင်ငံခြားနှင့် ချိတ်ဆက်၍ လောင်း ကစားဒိုင်ဖွင့်ကာ ဘတ်သန်းရာချီ လည်ပတ်လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံဘက်သို့ဆက် သွယ်ထားသည့် အွန်လိုင်းအထောက် အထားများ၊ ငွေစာရင်းနှင့် လူအ မည်စာရင်းများအားဖော်ထုတ် ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ရဲတပ် ဖွဲ့မှထုတ်ပြန်ချက်အရ သိရသည်။

TT/Democracytoday

Pages