ဒေါပုံတံတားသစ်ပေါ်မှ ယာဉ်များကို ယာယီဖြတ်သန်းခွင့်ပြုပြီ - Eureka Myanmar

ဒေါပုံတံတားသစ်ပေါ်မှ ယာဉ်များကို ယာယီဖြတ်သန်းခွင့်ပြုပြီ

Share This

ရန်ကုန်၊ ဇွန် ၁၀-ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ ပုဇွန်တောင်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် ဒေါပုံ တံတားသစ်ပေါ်မှ ယာဉ်များ ယာယီဖြတ်သန်းခွင့်ကို ဇွန် ၁၀ ရက် နံနက် ၇ နာရီမှ စတင်ကာ ခွင့်ပြု လိုက်သည်။

အဆိုပါ တံတားသစ်မှယာဉ် များ ယာယီဖြတ်သန်းခွင့်ပြုပွဲကို
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွှန့် နှင့် ဒေါပုံမြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံ ဘက်မှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်း သိရသည်။

ယင်းတံတားသစ်တည်ဆောက် မှုမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ် ပြီး ဇူလိုင်လကုန်ပိုင်းတွင် ရာနှုန်း ပြည့်ပြီးမည်ဖြစ်ကာ ဩဂုတ်လ အတွင်း တံတားဖွင့်ပွဲပြုလုပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီး အင်ဂျင်နီယာ ချုပ်(မြို့ပြ) ဦးကျော်လင်းက ဒီမို ကရေစီတူဒေးသို့ ဇွန် ၁၀ ရက်က ပြောသည်။

""ဒေါပုံတံတားသစ်ပေါ်ကနေ ကားတွေယာယီဖြတ်သန်းခွင့်ပြု လိုက်ပြီ။ ယာယီဆိုတော့ ပြန်ပိတ် ထားမှာလားဆိုတော့ မဟုတ်ပါဘူး။ ဖွင့်ပေးထားရင်း ကျန်တဲ့တံတား ချဉ်းကပ်လမ်းအစရှိတဲ့ လမ်းလုပ် ငန်းပိုင်းဆိုင်ရာတွေကို ဇူလိုင်လ ကုန်ပိုင်းအတွင်း အပြီးသတ်ဆောင် ရွက်မှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။



ဒေါပုံတံတားသစ်ကို ဂျပန်နိုင်ငံ ၏ ထောက်ပံ့ငွေ ယန်း ၄၂၁၆ သန်း ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတားအရှည် ၂၅၃မီတာနှင့် အကျယ် ၂၁ဒသမ၅ မီတာရှိသော ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတားအမျိုးအစား၊ လေး လမ်းသွားဖြစ်ကြောင်း သိရသည်။လေးလမ်းသွားကားလမ်းတစ် ဖက်လျှင် နှစ်မီတာအကျယ်အဝန်း ရှိ လူသွားလမ်းပလက်ဖောင်း၊ အ သွားအပြန်ပါရှိကြောင်း သိရသည်။

တံတားသစ်ကို ၂၀၁၅ ခုနှစ် ကစတင်တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းတံတားသစ်အမည် ကို ဒေါပုံတံတားဟု ပြင်ဆင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် အပါ အဝင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့ အစည်းအဆင့်ဆင့်သို့ တင်ပြခဲ့ ရာမှ ဒေါပုံတံတားအမည်သို့ ပြောင်း လဲနိုင်ခဲ့ကြောင်း ဒေါပုံမြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က ပြော သည်။

""တံတားသစ်က လေးလမ်း သွားဆိုပေမယ့် ခုယာယီဖွင့်ပေး ထားတာဆိုတော့ တံတားရဲ့ အလယ် ကြောကိုပဲ ဖွင့်ပေးထားတယ်။ဘေးတစ်ဖက်တစ်ချက်စီကို ပိတ် ထားပြီး ကျန်တဲ့လိုအပ်တဲ့ လုပ် ငန်းတွေကို ဆက်လက်ဆောင်
ရွက် နေပါတယ်။ ဒေါပုံဘက်မှာက အလောင်းမင်းတရားကြီးရဲ့ ခံတပ် လည်းရှိခဲ့လို့ သာကေတနဲ့လည်း ဝေးသေးတာကြောင့် ဒေါပုံတံတား
လို့အမည်ပြောင်းပေးဖို့ တင်ပြခဲ့ တာဖြစ်ပါတယ်။ တံတားသစ်ကြီး ပြီးသွားပြီဆိုတော့ ယာဉ်ကြော ကျပ်တည်းမှုကိုလည်း အထိုက် အလျှောက် ဖြေလျော့ပေးနိုင် မယ်လို့ထင်ပါတယ်""ဟု ၄င်းက ပြောသည်။

ဒေါပုံတံတားသစ်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဂျပန်နိုင်ငံNippon Koei ကုမ္ပဏီမှ Consultant အဖြစ် တာဝန်ယူ၍ The Consortium of Tokyu-Toyo-IIK(Tokyu Construction Co.,Ltd )., Toyo Construction Co.,Ltd. and IHL Construction Co.,Ltd တို့က တာဝန်ယူတည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

TTMT 
#Democracytoday

Pages