ဗုဒ္ဓဘာသာ နဲ့ ခြံစည်းရိုးကိစ္စ

Share it:

စကြာဝဠာကြီးကို ဘောင်ခတ်လို့မရနိုင်ပါဘူး။ ပင်လယ် တောင်တန်းကြီးတွေကိုလဲ ခြံစည်းရိုးခတ်လို့မရနိုင်ဘူး။ ဘယ်သူမှမပိုင်လို့ပါ။ ဘုရား ရဲ့ ဓမ္မများဟာလဲ ဘယ်သူမှ မပိုင်ပါဘူး။ ခြံစည်းရိုးလဲ ခတ်လို့မရနိုင်ပါဘူး။ ကာကွယ်ပေးစရာလဲ မလိုအပ်ပါဘူး။ စကြာဝဠာ ကြီးကို ကာကွယ်ပေးစရာမလိုသလိုပေါ့။

နှစ်ပေါင်း ၂၆၀၀ ကျော် ရှင်သန် ထွန်းကားလာတဲ့တရားတော်တွေကပဲ လူတွေကိုစောင့်ရှောက်သွားတာပါ။ 
အခုဆိုရင် အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ဟာအရင်ကထက်အများကြီးပိုထွန်းကားလာတာတွေ့ရတယ်။သူတို့တွေက ကိုယ်တွေထက်တောင်ပိုပြီးတော့ စနစ်တကျ လေ့လာကျင့်သုံးကြတယ်။ ကမ္ဘာကြီးမှာ ပညာရေးစနစ်ပိုကောင်းလာတာနဲ့အမျှ ဗုဒ္ဓ ရဲ့ ဓမ္မတွေဟာပိုပြီးတော့ ထွန်းလင်းတောက်ပလာဖို့ပဲရှိတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာဟာ သံသယတွေရှိတာကို ကြိုဆိုပြီး ပညာတတ်ရင်ပိုပြီး လေ့လာကျင့်သုံးလို့ကောင်းတဲ့ ဘာသာတရားဖြစ်တယ်။ ပြီးတော့ ကာလမသုတ် ဟာလဲ ဗုဒ္ဓ ရဲ့ ဆန္ဒကို ကွင်းကွင်းကွက်ကွက် ပြတ်ပြတ်သားသား ဖော်ပြထားတဲ့ သုတ်ဖြစ်ပြီး သူ့အတွက်မဟုတ်ပဲ 
ကိုယ့်အတွက် (ကျင့်သုံးသူအတွက်) ဖြစ်တယ်ဆိုတာကို မြင်စေလို့ပါဘဲ။ဒီလောက် အတ္တကင်းတဲ့ လမ်းစဉ်ကို အတ္တတွေနဲ့ အရောင်မဆိုးမိပါစေနဲ့။

ဒါကြောင့် ဗုဒ္ဓဘာသာကို ခြံစည်းရိုးခတ်ရမယ်တို့ ဘာတို့ ဆိုတာကို နားကိုမလည်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တွေလည်း တစ်ခြားနိုင်ငံတွေမှာ သာသနာတွေပြုနေကြတာပဲလေ။ တကယ် သာသနာပြုချင်ရင် ဗုဒ္ဓ ရဲ့ message တွေဖြစ်တဲ့ မေတ္တာတရား ကိုယ်ချင်းစာတရား ဗြမ္မစိုဟ်တရားတွေ သစ္စာလေးပါးအကြောင်း စသည်ဖြင့် တွေကို ခေတ်စကား နဲ့ သိပ္ပံကျကျ လက်တွေ့ကျကျ ပြောပြရှင်းပြပြီး ကိုယ်တိုင်လဲ လက်တွေ့အသုံးချ ကြရင်လုံလောက်ပါပြီ။

မှတ်ထားသင့်တာက ဗုဒ္ဓ မှာ ဘာသာတရားမရှိပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်အားကိုကိုးပြီး လွတ်မြောက်ရာလမ်းကိုရှာပြီး ထွက်သွားတာဖြစ်တယ်။ 
ဗုဒ္ဓ ရဲ့ လမ်းစဉ်ကိုလိုက်မယ်လို့ ဆုံးဖြတ်ရင် ဒီ liberation လို့ခေါ်တဲ့ လွတ်မြောက်ခြင်းကိုရောက်အောင် သွားဖို့ပဲ ကြိုးစားရမယ်။ အဲ့ဒီ့ လွတ်မြောက်ခြင်းကို အတ္တတွေ မာနတွေ ဒေါသတွေနဲ့ တော့ ကမ္ဘာသာပျက်သွားမယ် ဘယ်တော့မှရောက်မှာမဟုတ်ဘူး။

#ilovebuddha
Share it:

Life

Religion

Post A Comment: