ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေထည်ပစ္စည်းများအား လိမ်လည်ယူ ဆောင်သွားသူ အမျိုးသမီးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ

Share it:

ရန်ကုန်၊ ဇွန် ၁၇

၁၇.၆.၂၀၁၈ ရက်နေ့ ၁၄၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် အချို့မှ ရွှေဆိုင်နှင့် အပေါင်ဆိုင် များသို့ ရွှေထည်ပစ္စည်းများအား လိုက်လံ လိမ်လည်ယူဆောင်သွားသူ အမျိုးသမီးကို ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့က ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး( ၇ ) ၊ ပေါက်ပင်ရပ်ကွက် အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၇.၆.၂၀၁၈ ရက်နေ့ ၁၀၄၅ အချိန် မြောက်ဥက္ကလာပမြို့နယ်၊  (ဈ) ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ် (၆၆၂) ရှိ ရွှေမင်းသမီးရွှေဆိုင်သို့  အမည်မသိ ၊ လူမြင်မှတ်မိသူ အမျိုးသမီးတစ်ဦးရောက်လာပြီး ရွှေဆွဲကြိုး  တစ်ကုံးဝယ်ယူလိုကြောင်းပြော၍ အလေးချိန် ၁ ကျပ် ၇ ပဲ ၆ ရွေးသား၊  တန်ဖိုး ၁၃ သိန်း ၈ သောင်းကျပ်တန် ရွှေဆွဲကြိုးတစ်ကုံးကို ဘောင်ချာဖြတ်၍ယူဆာင်ပြီး ငွေရှင်းရန်အတွက် ရွှေဆိုင်အနီးရှိ ၄င်း၏ ဈေးဆိုင်သို့ ငွေလိုက်ယူရန်ပြောသဖြင့် အရောင်းဝန်ထမ်းမှ ငွေလိုက်ယူရာ  အဆိုပါ အမျိုးသမီးမှာ (ဈ) ဈေးအတွင်း မျက်ခြေဖြတ်သွားသဖြင့် ရွှေဆွဲကြိုး အား လိမ်လည်ရယူသူ အမျိုးသမီးကို အရေးယူပေးရန် တိုင်တန်း၍
မြောက်ဥက္ကလာပမြို့မရဲစခန်း၊ (ပ) ၇၅၃ / ၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အလားတူ အဆိုပါ အမျိုးသမီးသည် ၂၂.၅.၂၀၁၈ ရက်နေ့တွင်  သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ ရွှေမြင့်မိုရ် ရွှေဆိုင်၌ လည်းကောင်း၊ ၂၄.၅.၂၀၁၈ ရက်နေ့တွင် ရန်ကင်း မြို့နယ်၊ (၁၂)ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်း၊ လိုတရ အပေါင်ဆိုင်၌  လည်းကောင်း ရွှေထည်ပစ္စည်းများ လိမ်လည်ရ ယူသွားသဖြင့်  သင်္ဃန်းကျွန်းနှင့် ရန်ကင်းမြို့မရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့် ထားပြီး ပြစ်မှုကျူးလွန် သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။ 


ဖြစ်စဉ်များနှင့် ပတ်သက်၍ ၁၂.၆.၂၀၁၈ ရက်နေ့တွင် Tin Zar Khin အကောင့်ဖြင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ပြစ်မှုကျူးလွန်သူ  အမျိုးသမီးမှ ရွှေမင်းသမီးရွှေဆိုင်သို့ရောက်ရှိလာပြီး ဆိုင်ရှင်ထံမှ ရွှေဆွဲကြိုးအား လိမ်လည်ရယူနေသည့် ဗီဒီယို မှတ်တမ်းဖိုင်အား ဖော်ပြခဲ့ပါသည်။

အဆိုပါ ဗီဒီယိုမှတ်တမ်းဖိုင်ပါ ပြစ်မှုကျူးလွန်သူ အမျိုးသမီးကို ဖမ်းဆီးရမိ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ချပြလမ်းညွှန်မှုအရ  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ၊  အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့အားဖွဲ့စည်းပြီး တစ်စိုက် မတ်မတ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား(၃၀) နှစ်၊(ဘ)ဦးကာစီ၊  (ဟိန္ဒူ)လူမျိုးအား ၁၇.၆.၂၀၁၈ ရက်နေ့ နေ့လည် ၁၄၃၀ နာရီအချိန်တွင်  ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး( ၇ )၊ ပေါက်ပင်ရပ်ကွက်မှ ဖမ်းဆီးရမိခဲ့ ပါသည်။

ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား အား အခြားလိမ်လည်မှုများ  ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ရွှေဆိုင်များ၌လည်း အလားတူ လိမ်လည်မှုမျိုး  ရှိပါက ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများရေးဖွင့်နိုင်ပါကြောင်းအသိပေးဖော်ပြ အပ်ပါသည်။

Yangon Police
Share it:

Life

LocalNews

Myanmar

News

Regional

Post A Comment: