ဒလတံတားစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ် - Eureka Myanmar

ဒလတံတားစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်

Share This

မြန်မာကိုရီးယားချစ်ကြည်ရေးဒလတံတားစီမံကိန်းအမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကိုဇွန် ၁၇ ရက်က ဒလမြို့မှာ ပြုလုပ်ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်မှုမှာဒလမြို့နယ် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံစတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ ပါဝင်ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒလတံတားစီမံကိန်းနဲ့ ပတ်သက်ပြီးအချိန်ကြန့်ကြာမှူတွေနဲ့ နှောင့်နှေးမှုတွေ ရှိနေတာကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အခုလိုဆန္ဒ ဖော်ထုတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသလိုစက်ဘီး၊ ဆိုင်ကယ၊် သုံးဘီးတို့နဲ့ ပါဝင်ကြပြီး ဆန္ဒပြရာလမ်းတစ်လျောက်က ပြည်သူအချို့လည်းပူးပေါင်း ပါဝင်ကြပါတယ်။

သတင်းအပြည့်အစုံကို ဆက်ပြီး တင်ပြပေးသွားပါဦးမယ်။
သတင်း-ချိုလွင်ဦး

Pages