အင်းစိန်ဗဟိုအကျဉ်းထောင်တွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ ၄၀ ကျော်ရှိ

Share it:


ရန်ကုန်၊ ဇွန် ၂၀- ယခုပညာ သင်နှစ်၌ အင်းစိန်ဗဟိုအကျဉ်း ထောင်တွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူမှာ လက်ရှိအ ချိန်အထိ ၄၀ ကျော်ရှိနေပြီဖြစ် ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အ ကျဉ်းဦးစီးဌာနလက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင် တွင် အကျဉ်းကျလာသောသူများ ကို ပညာရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းပြီး အခြေခံပညာအထက် တန်းအဆင့်ကို သင်ယူပြီးမြောက် စေရန် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အ တွက် လက်ရှိအချိန်ထိ အကျဉ်း

ကျလာသော တက္ကသိုလ်ဝင်တန်း အဆင့်ရှိသော ကျောင်းသား၊ကျောင်းသူမှာ ၄၀ ကျော်အထိရှိ နေပြီဖြစ်ကြောင်း ဇွန် ၁၉ ရက် တွင် ကျင်းပပြုလုပ်သောအကျဉ်း ထောင်မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသောအခမ်းအနားမှ သိ ရသည်။

""လောလောဆယ်တော့ ၄၀ ကျော်လောက်တော့ ရောက်လာ ပြီ။ အတိအကျတော့ မရသေးဘူး။ တခြား စာစစ်ဌာနတွေကနေ ရောက်လာနေတဲ့သူတွေလည်း ရှိ တယ်""ဟု ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေး သွင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို အင်းစိန်ဗဟိုအ ကျဉ်းထောင်မှ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးဝင်ရောက်ဖြေ ဆိုခဲ့ပြီး ကျောင်းသား၊ ၁၉ ဦး အောင်မြင်ကာ သုံးဘာသာဂုဏ် ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ် ထူး ရှင်တစ်ဦး၊ တစ်ဘာသာဂုဏ် ထူးရှင်လေးဦး ထွက်ပေါ်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ ၁၃ ဦးရှိခဲ့ ကြောင်း၊

ယခုနှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်မှ အောင်မြင်မှုသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုး တက်လာခဲ့ ကြောင်း၊ ယခုနှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်မှ အောင်မြင် ခဲ့သော ကျောင်းသား ၁၉ဦးထဲ တွင် လွတ်မြောက်သွားသူ ခုနစ် ဦးရှိခဲ့ကြောင်းသိရသည်။

""ဖြေတဲ့သူ ၃၃ ယောက်မှာ ၁၉ ယောက်အောင်မြင်တယ် ဆိုတဲ့ ကိန်းဂဏန်းဟာ တစ်ဝက် ကျော်ရှိတဲ့အတွက် ရာခိုင်နှုန်း သည် ၅၇ ဒသမ ၅၈ ဟာ ကျွန်မ တို့တိုင်းရဲ့ရာခိုင်နှုန်းထက် မြင့်မား နေတယ်ဆိုတာတွေ့ရှိရပါတယ်။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး အနေနဲ့တောင်မှ စာဖြေသူနဲ့အောင် တဲ့ ရာခိုင်နှုန်းဟာ ၃၇ ဒသမ ၅၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်"" ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က ပြောကြားသည်။

ယခုနှစ်တွင် အင်းစိန်ဗဟို အကျဉ်းထောင်မှ တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီး လွတ်ရက်မ စေ့သေးသော ကျောင်းသားများ ကို ရန်ကုန် အနောက်ပိုင်းတက္က သိုလ်တွင် အဝေးသင် သင်တန်း များ ဆက်လက်တက်ရောက်နိုင် ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ATK
#Democracytoday
Share it:

Article

Life

LocalNews

Myanmar

News

Post A Comment: