ကုလ လူ့အခွင့်အရေးကောင်စီမှ အမေရိကန် နှုတ်ထွက်သွား။ “ ကုလ သမဂ္ဂ လူ့အခွင့်ကောင်စီသည် နိုင်ငံရေး ဘက်လိုက်မှု့များနှင့် ပြည့်နှက်နေသော ရေသိုးကန်ကြီးနှင့် တူနေသည် “ ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ်ပြောဆို ။ - Eureka Myanmar

ကုလ လူ့အခွင့်အရေးကောင်စီမှ အမေရိကန် နှုတ်ထွက်သွား။ “ ကုလ သမဂ္ဂ လူ့အခွင့်ကောင်စီသည် နိုင်ငံရေး ဘက်လိုက်မှု့များနှင့် ပြည့်နှက်နေသော ရေသိုးကန်ကြီးနှင့် တူနေသည် “ ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ်ပြောဆို ။

Share This


ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ယမန်နေ့တွင် အမေရိကန် နိုင်ငံ နှုတ်ထွက်သွားပြီဖြစ်သည်။
ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်းတို့အပေါ် အစ္စရေးနိုင်ငံက အင်အားအလွန်အကျွံအသုံးပြုသည် ဟူသော စွပ်စွဲချက်အဆိုကို လူ့အခွင့်အရေးကောင်စီတွင် အချေအတင်ဖြစ်ခဲ့ခြင်းမှာ အဓိကဖြစ်လိမ့်မည်ဟုယူဆရသည်။
၎င်းအဆို မဲခွဲဆုံးဖြတ်ရာ၌ ကန့်ကွက်မဲ ၂-မဲ ( အမေရိကန်+သြစတေးလျှ ) သာ ရလာဒ်ထွက်ပေါ်ခဲ့သည်။ ကုလသမဂ္ဂဆိုင် အမေရိကန်သံအမတ် နစ်ကီဟောလေးက “ ကုလသမဂ္ဂ လူ့အခွင့်ကောင်စီသည် နိုင်ငံရေး ဘက်လိုက်မှု့များနှင့် ပြည့်နှက်နေသော ရေသိုးကန်ကြီးနှင့် တူနေသည် “ ဟု ပြောဆိုသည်။
ထို့ပြင် မက္ကစီကိုနယ်စပ်တွင် အမေရိကန်သို့ ခိုးဝင်ရန်ကြိုးပန်းကြသူများ၌ မိဘနှင့် ကွဲကွာသွားရသူ ကလေး ပေါင်း ၂,၀၀၀- ခန့်အတွက်လည်း အမေရိကန်အား လတ်တစ်လော ထိုးနှက်ဝေဖန်စရာဖြစ်နေသည်။
၎င်းအတွက် အမေရိကန်အစိုးရက အမျိုးမျိုးဆင်ခြေပေးသော်လည်း သမ္မတဒေါ်နယ်ထရမ့်က “ အမေရိကန်နိုင်ငံသည် ဒုက္ခသယ်စခန်းမဟုတ် “ ဟု တိတိကျကျ အဖြေပေးသည်။
အမေရိကန်သည် သမ္မတ ဂျော့ဒဗလျှူဘွတ်ရှ် ( သားဘွတ်ရှ် ) လက်ထက်တွင် လူ့အခွင့်အရေးကောင်စီအား ၃-နှစ်ကြာမျှ သပိတ်မှောက်ဖူးသည်။
သမ္မတ ဂျော့ဒဗလျှူဘွတ်ရှ်လက်ထက် အမေရိကန်၏ ကမ္ဘာတလွှား ထူးခြားဆောင်ရွက်ချက်များကို ပြန်ပြောင်းအမှတ်ရမိလျှင် ယခု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ အမေရိကန်နှုတ်ထွက်ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များကို ဆင်ခြင်နိုင်လောက်ပါသည်။

https://www.theguardian.com/world/2018/jun/19/us-quits-un-human-rights-council-cesspool-political-bias

Credit : U Htay Oung

Pages