အူရီဒူးမြန်မာမှ မွန်ပြည်နယ်ရှိ ရေဘေးဒုက္ခသည်များသို့ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းများပေးပို့

Share it:

        
မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ရေးမြို့တို့တွင် နေထိုင်ကြသူများသည် ၂၀၁၈ခုနှစ်၊ ဇွန်လ၁၇ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် ၄င်းတို့ဧ။် နေအိမ်များမှ ပြောင်းရွေ့ထွက်ခွာခဲ့ရသည်။ အူရီဒူးမြန်မာမိသားစုမှ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများထံသို့ စားနပ်ရိက္ခာများနှင့် ဆေးဝါးအထောက်အပံ့များအား ရေဘေးဒုက္ခသည်များအတွက် ယနေ့တွင် ပေးပို့ခဲ့ပါသည်။

လမိုင်းမြို့နယ်၊ ဟံဂံကျေးရွာနှင့် ရေးမြို့အတွင်းရှိ နေရာအချို့နှင့် မွန်ပြည်နယ်ရှိ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ဖက်ကင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်နှင့် တောင်ဝိုင်းရပ်ကွက်များမှ နေထိုင်သူများသည် ရေဘေးကြောင့် လုံခြုံစိတ်ချရသောနေရာများသို့ ယာယီပြောင်းရွေ့ နေထိုင်ခဲ့ကြရသည်။



အူရီဒူးမြန်မာသည် မွန်ပြည်နယ် အတွင်းရှိ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှတစ်ဆင့် မော်လမြိုင်မြို့ရှိ ချမ်းအေးဘုန်းကြီးကျောင်း၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင် နှင့် ရေးမြို့ရှိ တလမွန်နှင့် လေးလေးဇွယ် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်သည်အိမ်ထောင်စုပေါင်း (၄၅၁) စု ထံသို့  ဆန်၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်များနှင့် ငါးသေတ္တာဘူးများကို ပို့ဆောင်လှူဒါန်းကူညီခဲ့သည်။ အူရီဒူးမြန်မာသည် တစ်အိမ်ထောင်လျှင် (၃)ရက်တာ စားသောက်ရန်ဖူလုံသော အစားအစာထုတ်များကို တစ်အိမ်ထောင်လျှင် တစ်ထုပ်ကျဆီ ရေးဘေးသင့်ပြည်သူများသို့ လှူဒါန်းကူညီခဲ့ပါသည်။

“ယခု ရေလွှမ်းမိုးမှုကြောင့် လူတော်တော်များများ ထိခိုက်နစ်နာရတဲ့ အတွက် ကျွန်တော်တို့အနေနဲ့လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ ပူဆွေးသောကတွေကို သက်သာပြေလျော့စေဖို့ ကျွန်တော်တို့က အခြားသော ကူညီထောက်ပံမှုတွေကိုလည်း ဆက်လက် တိုးချဲ့လုပ်ဆောင်နေပါတယ်။ မြန်မာပြည်သူလူထုတွေ ဘေးကင်းလုံခြုံစေရန် နှင့် ချမ်းသာသုခရရှိစေဖို့ အတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha မှ ပြောကြားခဲ့ပါသည်။



မုတ်သုံရာသီကိုစတင် ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် မိုးရွာသွန်းမှု လွန်ကဲများပြားလာပါက ရေကြီးနိုင်ခြင်းကြောင့်၊ ကြိုတင်မသိရှိ မမြင်နိုင်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာနိုင်သည့်အတွက် အူရီဒူးအနေဖြင့် ပြည်သူတွေကို လိုအပ်မှုများကို အလျှင်အမြန်ကူညီနိုင်ရန် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လျှက်ရှိပါသည်။ အူရီဒူးအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲဖြစ်နေသော မိသားစုတွေကို လျှင်မြန်စွာ လူသားချင်းစာနာမှုကူညီရေးများ ပြုလုပ်နိုင်ရန် ကြိုစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
Share it:

Business

Crime

Cyber

Cyber Crime

Life

LocalNews

Myanmar

News

Ooredoo

OoredooMyanmar

Post A Comment: