တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းမည်ဟု ဒေါသတကြီး ပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆို - Eureka Myanmar

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းမည်ဟု ဒေါသတကြီး ပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆို

Share This

အာကာထက်

ရန်ကုန်၊ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာအထူးအစည်း အဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာ သိမ်းမည်ဟု ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

ဇွန် ၂၃ ရက် ဘန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည့်ဆောင်းပါးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အစည်းအဝေးတွင် အာဏာ သိမ်းမည်ဟု ပြောဆိုခဲ့သည်ဟု ဆောင်းပါးရှင် လယ်ရီဂျေဂင်က ရေးသားထားခြင်းဖြစ်သည်။

''ဘန်ကောက်ပို့စ်မှာ လယ်ရီဂျေဂင်ရေး တဲ့ဆောင်းပါးနဲ့ ပတ်သက်လို့ အဲဒီမှာ ကျွန် တော်တို့သမ္မတရယ်၊ အတိုင်ပင်ခံရယ်၊ တပ် ချုပ်ပေါ့နော်၊ ဒုသမ္မတရယ်နဲ့ အစည်းအဝေး မှာ ပြဿနာတွေဖြစ်တယ်။ အာဏာသိမ်းမယ်၊ ခြိမ်းခြောက်တယ်ဆိုပြီးတော့ ရေးထားတဲ့ဟာ က လုံးဝမှားပါတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ရှိပါတယ်။ အဓိကအားဖြင့် အဲဒီ နေ့က ဆွေးနွေးတဲ့အပိုင်းက နံပါတ်(၁) အဲဒီလို မျိုး ဒေါသတကြီးပြောဆိုတာမျိုး လုံးဝမရှိဘူး။ နောက် နံပါတ်(၂)အချက်က အာဏာသိမ်းဖို့ ပေါ့နော်။ တကယ်လို့ အစိုးရက စီမံခန့်ခွဲနိုင်မှု မရှိရင် အာဏာသိမ်းဖို့ဆိုတဲ့ ပြောကြားချက် မရှိဘူး။ နံပါတ်(၃)အချက်က မကြည်မလင် နဲ့ အဆုံးသတ်သွားတာမဟုတ်ဘူး။ အားလုံး နားလည်မှုရှိတဲ့ ပြေပြေလည်လည်နဲ့ အဆုံး သတ်သွားတယ်''ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါအစည်းအဝေးတွင် စုံစမ်းစစ်ဆေး ရေးကော်မရှင်၌ နိုင်ငံခြားသား ထည့်သွင်း ဖွဲ့စည်းရန် အသေးစိတ်ရှင်းပြမှုများ ပြုလုပ် ခဲ့ပြီး တပ်မတော်ဘက်က လက်ခံကြောင်း သိရသည်။

''အစိုးရဘက်ကနေပြီးတော့ နိုင်ငံတကာ ရဲ့ ဆောင်ရွက်နေတဲ့အခြေအနေတွေအပေါ် မှာ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတဲ့ဟာ တွေ အသေးစိတ် ရှင်းပြတယ်။ အသေးစိတ် ရှင်းပြတဲ့အခါမှာ ကုလသမဂ္ဂနဲ့ ဆက်ဆံရေး အခြေအနေ၊ နောက်တစ်ဖက်ကှုဃဃ လိုဟာ မျိုးတွေ ဆောင်ရွက်နေတဲ့အခြေအနေကို ရှင်းပြ တယ်။ ရှင်းပြပြီးတော့ အစိုးရအနေနဲ့ ဘယ်လို ရည်ရွယ်ပြီးတော့ ဒီစုံစမ်းစစ်ဆေးရေးကော် မရှင်ကို ဖွဲ့စည်းဖို့ ကြေညာတယ်။ အဲဒီမှာမှ နိုင်ငံခြားသားတစ်ဦးကို ဘာကြောင့်ထည့်သွင်း ရတယ်ဆိုတာ ဒါတွေအကုန်လုံး ရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာလဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ အားလုံးက ဒီအပေါ်မှာ နားလည်ပါ တယ်။ ပြောရရင်တော့ ဆိုးဆိုးရွားရွား ပြင်း ပြင်းထန်ထန် ပြောတာမျိုးမရှိပါဘူး။ မရှိတော့ အကြံပြုတာတွေ ဘာတွေ၊ ဒါမျိုးလေးတွေ ပြန်ပြီးတော့ ပြည့်ပြည့်စုံစုံ ပိုပြီးတော့ဆွေးနွေး နိုင်ကြပါတယ်''ဟု ¤င်းက ဆက်လက်ပြော သည်။

လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးကို ဇွန် ၈ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆောင်း ပါးရှင်က လူ့အခွင့်အရေးချိုးဖောက်မှုကို စုံစမ်း ရန်အတွက် နိုင်ငံခြားသားတစ်ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုနှင့်ပတ် သက်၍လည်း သဘောထားတင်းမာမှုရှိခဲ့ သည်ဟုလည်း ရေးသားဖော်ပြထားသည်။

Credit : Yangon Times Journal 

Pages