ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေစကြိုမြို့နယ် ဗလဘကျေးရွာရှိ မြစ်ကမ်းနားနေအိမ် ၁၅ လုံးခန့် ပြောင်းရွှေ့ရ

Share it:

ရေစကြို၊ ဇွန် ၁၁- မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ဗလဘ ကျေးရွာတွင် ဇွန် ၁ ရက်မှ ဇွန် ၁၀ ရက်အထိ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေတိုက်စား၍ကမ်းပြိုမှုများကြောင့် စိုးရိမ်ရသော လူနေအိမ်ခြေ ၁၅ လုံးခန့်နှင့်ဘုန်း ကြီးကျောင်းတစ်ကျောင်း ပြောင်း ရွှေ့နေရကြောင်း ဒေသခံများထံ မှ သိရသည်။

""ကျွန်တော်တို့ ဗလဘကျေး ရွာက ၂၀၁၇ ခုနှစ်ကနေစတင်ပြီး ကမ်းပြိုမှုတွေဖြစ်ခဲ့တာပါ။ မနှစ် ကဆိုရင် ဧရာဝတီမြစ်ရေတိုက်စား လို့ လူနေအိမ်ခြေ ၆၇ လုံးပြောင်း ရွှေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ နွေရာသီရောက်တဲ့အခါ ပိုက်ရေကာတွေချပြီး ပြင်ဆင် မှုတွေ လုပ်ခဲ့ ပါတယ်""ဟု ဗလဘကျေးရွာအုပ်ချုပ် ရေးမှူးဦးမြေ ဆာင် က ပြောသည်။

မနှစ်ကချထားသည့်ပိုက်ရေ ကာများမှာ ယခုနှစ်တွင် ပျက်စီး သွားပြီဖြစ်သဖြင့် နယုန်လဆန်း ပိုင်းမှ စတင်ကာ ဧရာဝတီမြစ်ရေ တက်လာ၍ ရေတိုက်စားကမ်းပြို မှုဖြစ်ကာ ယခုဆိုလျှင်အိမ်ခြေ ၁၅ လုံးခန့်ပြောင်းရွှေ့နေရပြီး ဗလ ဘကျေးရွာ ဉာတိကာရုံဘုန်းတော် ကြီးကျောင်းတစ်ကျောင်းလည်း ပြောင်းရွှေ့မှုတွင် ပါဝင်ကာ အဆိုပါပြောင်းရွှေ့သူများကိုဗလဘ ကျေးရွာကုန်းမြင့်ပိုင်းမှာ ခေတ္တခဏ ပြောင်းရွှေ့ထားရကြောင်း၊
ရွှေ့ ပြောင်းအိမ်များ ပြောင်းရွှေ့ရာ တွင် ရေစကြိုမြို့နယ်အုပ် ချုပ် ရေးမှူးဦးဆောင်ကာ မြို့နယ်မီး သတ်၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်သားများ လာ ရောက်ကူညီပံ့ပိုးပေးကြောင်း ဒေ သခံများထံမှ သိရသည်။

""အခုလောလောဆယ်မှာ တော့ အရင်ရက်ပိုင်းကတင်ပြထား တဲ့ ဖျက်ရွှေ့အိမ် ၁၀ လုံးအတွက် တစ်အိမ်ထောင်စုကို ကျပ် ၁၀ဝ၀ဝ၀ နဲ့အခြားပစ္စည်းကိုးမျိုး၊ လူတစ်ဦး ကို တစ်ရက်စာကျပ် ၂၃၀ နှုန်းနဲ့ ခုနစ်ရက်စာကိုလူကယ်ပြန်မှ လောလောဆယ်ကူညီထောက်ပံ့ ပေးထားပါတယ်""ဟု ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ဧရာဝတီမြစ်ရေဆက်လက် တက်လာပြီး ရေတိုက်စားမှုဆက် ဖြစ်နေသည့် အတွက် မြစ်ကမ်းနား နေအိမ်များဆက်လက်ပြောင်းရွှေ့ ရမည်ဖြစ်ကြောင်းဗလဘကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြဆောင် က ပြောကြားသည်။

ZZ
#Democracytoday
Share it:

Life

LocalNews

News

Regional

Post A Comment: