ဒုဋ္ဌဝတီမြစ်ဝှမ်း တစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ် မြစ်ရေ မြင့်တက်နိုင်ခြင်းကြောင့် အထူးသတိပေးချက် ထုတ်ပြန် စောင့်ကြည့်လျက်ရှိ - Eureka Myanmar

ဒုဋ္ဌဝတီမြစ်ဝှမ်း တစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ် မြစ်ရေ မြင့်တက်နိုင်ခြင်းကြောင့် အထူးသတိပေးချက် ထုတ်ပြန် စောင့်ကြည့်လျက်ရှိ

Share This

မန္တလေး၊ ဇွန် ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် ဒုဋ္ဌဝတီမြစ်ဝှမ်းတစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ် မြစ်ရေမြင့်တက်နိုင်သဖြင့် အထူးသတိပြုနိုင်ရန် ဇွန် ၇ ရက်က သတိပေးချက်ထုတ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြစ်ရေအခြေအနေအား အမြဲ စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။ 
''သက်ဆိုင်ရာ နယ်မြေအ လိုက်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်တွေကလည်း ကယ်ဆယ်ရေးပစ္စည်း တွေ အသက်ကယ်လှေတွေ တစ်ကိုယ်ရေကယ်ဆယ်ရေသုံးကျောပိုး အိတ်တွေနဲ့ အသင့်အနေအထားပါ''ဟု မန္တလေးခရိုင်မီးသတ် ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးထက်အောင်ကပြောသည်။ မြစ်ချောင်းဒေသများနှင့် မြေ နိမ့်နေသည့် နမ့်လန်မြို့တို့မှာ အထူးစိုးရိမ်ဖွယ် အခြေအနေရှိသဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း၊ ကြိုတင်စီမံဆောင်ရွက်ရန်အတွက် မိုးရွာဒေသမိုင် ၃ဝ ဝန်းကျင်၊ သီ ပေါတောင်တန်းဒေသမဲပုတ်၊ ချောင်လင်၊ ရဲရွာဆည်အရှေ့မြောက်ဖျား ဒေသ၊ ရဲရွာဆည်အလယ်သို့ ဆင်း မည့်တောင်တန်း၊ ရဲရွာဆည်သမန် သာအပန်းဖြေခုနစ်မိုင်၊ ရွှေစာရံ၊ မြစ်ငယ်၊ အင်းဝ (ရလွန်းကျော်)ဒေသနေထိုင်သူများအား မြန်မာ နိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းပေး ချက်ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရေကြီးခဲ့ပါကအဆိုပါ ရေများသည် တောင်ကျရေအဖြစ် ဒုဋ္ဌဝတီ မြစ်သို့ စီးဆင်းလာမည်ဖြစ်ကြောင်း ဒုဋ္ဌဝတီမြစ်တွင် ဆည်နှစ်ခုခံထား သော်လည်း မထိန်းနိုင်ပါက လွှတ်လိုက်လျှင်ချက်ချင်းရုတ်တရက် စိုးရိမ်နိုင်ဖွယ်ရေကြီးခြင်း ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယခုကဲ့သို့အထူးသတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနမှသိရသည်။ ''မြစ်ချောင်းဘေးက ရွာတွေကို အထူးသတိပေးချက် လိုက်လံနှိုးဆော်ပေးနေပါတယ်။ ပြည်သူ တွေအနေနဲ့ သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေက သတင်းထုတ်ပြန်ချက် တွေကို အမြဲနားစွင့်ပြီး အရေးပေါ် တယ်လီဖုန်း ၁၉၁ အပြင်သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းတွေကို ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်''ဟု ၎င်းကပြောသည်။ 
AXE
#democracytoday

Pages