ရန်ကုန်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းလျှောက်ထားသူဦးရေ ၆၀၀၀ ကျော် ဇွန် ၂၅ ရက်တွင် မဲနှိုက်ရောင်းချပေးမည် - Eureka Myanmar

ရန်ကုန်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းလျှောက်ထားသူဦးရေ ၆၀၀၀ ကျော် ဇွန် ၂၅ ရက်တွင် မဲနှိုက်ရောင်းချပေးမည်

Share This


ရန်ကုန်၊ ဇွန် ၂၃- ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုး သင့် တိုက်ခန်းလျှောက်ထားသူဦးရေ ၆၀၀၀ ကျော်ကို ဇွန် ၂၅ ရက်တွင် မဲနှိုက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှဆောက်လုပ်ပြီး ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်ရောင်းချ မည့် တန်ဖိုးနည်း၊ တန်ဖိုး သင့် အိမ်ခန်းပေါင်း ၈၆၂ ခန်းကို လာမည့် ဇွန် ၂၅ ရက်တွင် ရန်ကုန်မြို့ (၄၆)လမ်းရှိ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီးရုံး တွင် အိမ်ရာလျှောက်ထားသူ ၆၀၀၀ ကျော်ကို မဲနှိုက် ရောင်း ချပေး သွားဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇွန် ၂၂ ရက်က သိရသည်။

"လျှောက်ထားကြတဲ့သူတွေထဲမှာမှ အချက်အလက် အစုံအလင် နဲ့ ပြည့်စုံတဲ့ သူ ၆၀၀၀ ကျော်ရှိတယ်။ အဲဒါ တွေကို ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲကနေစပြီး မဲနှိုက် ရောင်းချပေးသွားမယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ရောင်းချပေးသွားမှာပါ " ဟု မြို့ပြနှင့် အိမ် ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီး ညွှန်ကြား ရေးမှူး ဦးယုခိုင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရမှရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းပေါင်း ၈၆၂ ခန်းအတွက် လျှောက် လွှာပုံစံဖောင် များ ကို ဖေ ဖော်ဝါရီ ၁၆ ရက်မှ မတ် ၃၀ ရက်အထိ ရောင်းချပေးခဲ့ရာ အိမ်ခန်းအရေအတွက်ထက် ၀ယ်ယူလိုသည့်အရေအတွက်က ပိုမိုများပြားခဲ့သဖြင့် မဲနှိုက် ရောင်းချပေးရခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခန်းဝယ်ယူရန် ဖောင်များကို ၀င်ငွေနည်းပြည်သူ၊ အစိုးရ၀န်ထမ်း၊ အငြိမ်းစားဝန်ထမ်းနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းအတွက်ဟူ၍ အရောင်းလေးမျိုးခွဲကာ ၀င် ငွေနည်းပြည်သူ ၃၅ ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်း ၂၅ ရာ ခိုင်နှုန်း၊ အငြိမ်းစားဝန်ထမ်း ၁၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်း ၂၅ ရာခိုင်နှုန်း ရောင်းချပေးရန် လျာထား ခြင်းဖြစ်သည်။

တိုက်ခန်းမဲပေါက်သူများအနေဖြင့်လည်း တိုက်ခန်း များကို ငါးနှစ်၊ ရှစ်နှစ်၊ ၁၀ နှစ်၊ ၁၅နှစ် အရစ်ကျဖြင့် ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကာ တန်ဖိုးနည်းတိုက်ခန်းဈေးမှာ ငွေကျပ် ၉၈ သိန်းဝန်းကျင်မှ ငွေကျပ်သိန်း ၁၃၀ ၀န်းကျင်၊ တန်ဖိုးသင့်တိုက်ခန်းများမှာ ငွေကျပ်သိန်း ၃၀၀ မှ ငွေ ကျပ်သိန်း ၅၀၀၊ ငွေကျပ် သိန်း ၆၀၀ အထိဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာနှင့် ကောင်း စံသာ အိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇန အိမ်ရာ အပိုင်း (၁)၊ (၂) နှင့် ကနောင်အိမ်ရာ၊ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ကြီးပွားရေး အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ ၊ မြောက် ဥက္ကလာပ မြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့မှ တိုက်ခန်းပေါင်း ၈၆၂ ခန်းဖြစ်သည်။

ZCH/Democracytoday

Pages