ထိုင်း မယ်ဆိုင်ဂူတစ်ခုအတွင်း ပိတ်မိနေသူများအား ရေတပ်ရေငုပ် သမားများ ရှာဖွေနေ

Share it:

မယ်ဆိုင် (ထိုင်း)၊ ဇွန် ၂၆

ထိုင်းနိုင်ငံမြောက်ပိုင်း ဂူတစ် ခုအတွင်း၌ မျက်စိလည်ကာပိတ်မိ နေသော ထိုင်းကျောင်းသားဘော လုံးအသင်းမှ လူငယ် ၁၂ ယောက် နှင့် နည်းပြဆရာ တစ်ဦးတို့အား ကယ်ဆယ်နိုင်ရန်အတွက် ထိုင်းရေ တပ်မှ ရေငုပ် သမား ၁၂ ဦးခန့်တို့ သည် မိုးကြီး ကာလဂူ တွင်း ရေကြီး နေမှုကြောင့် နေရာသုံးနေရာမှရေ ငုပ်ကာ ရှာဖွေနေကြသည်ဟု ဇွန် ၂၆ ရက်သတင်းများအရ သိရသည်။
တစ်ညလုံးမိုးရွာနေသော်လည်း ဂူ အဝင်ဝ၌ ခြောက်သွေ့နေ၍ ဂူအ တွင်း အလင်းရောင်ရစေရန်နှင့် လေဝင်လေထွက်ရှိစေရန် အာဏာ ပိုင်များက စီစဉ်ဆောင်ရွက်ပေး ထားခဲ့သည်ဟု ရေတပ်ဗိုလ် နပွန် ဝပ်ဟွမ်ဆိုင်းက ထုတ်ဖော်ပြောဆို လိုက်သည်။
"ဂူအတွင်းမှာ ရေတွေပြည့် နေတာမို့ ရေကျပါစေလို့ဆုတောင်း ပါတယ်။ ဒါမှ ကယ်ဆယ်ရေးအ တွက် ကောင်းကောင်းအလုပ်လုပ် လို့ရမှာပါ။ ဒီနေ့ဆိုရင် ဂူတွင်း ရေ မြုပ်နေတဲ့အခန်းတွေကို တစ်ခန်း ဝင်တစ်ခန်းထွက် ရှာဖွေနေပါပြီ။ ဂူကြီးက အလျားလည်းရှည်သလို အခန်းတွေကလည်း အများကြီးပဲ " ဟုလည်း ဆက်လက်ပြောကြား သည်။



အသက် (၁၁) နှစ်မှ (၁၆) နှစ်အတွင်း ကျောင်းသားကလေး ငယ် ၁၂ ဦးနှင့် အသက် (၂၆) နှစ် ရှိသော ဆရာတစ်ဦးတို့သည် ချင်း ရိုင်ပြည်နယ် တွင်းရှိ သန်လျောင် နမ်နွန်းအမည်ရှိ ဂူတစ်ဂူအတွင်းသို့ ဇွန် ၂၃ ရက်က ဝင်ရောက်သွားခဲ့ ပြီး ယနေ့အထိ ပြန် လည်ထွက်ပေါ် လာခြင်းမရှိခဲ့၍ ဂူအတွင်း၌ မျက် စိလည်ကာ ရေလျှံနေသောဂူအ တွင်းပိတ် မိနေကြောင်း ယူဆရကာ အာဏာပိုင်များက ကူညီကယ်ဆယ် နိုင်ရန် ကြိုး ပမ်းနေခြင်းဖြစ် သည်။ ပျောက်ဆုံးကလေးများ၏ မိဘများ ကလည်း ဂူအဝတွင်တဲထိုးကာ မိုး များသည်းထန်စွာရွာသွန်းနေသည့် ကြားမှ စိတ်ပူပန်စွာစောင့်ဆိုင်းနေ ကြသည်။
ဇွန် ၂၆ ရက် နံနက်ပိုင်းက ဆွေမျိုးသားချင်းများသည် ဂူဝ၌ မောင်းများတီး၊ စည်းများထုကာ မကောင်းဆိုးဝါးမိစ္ဆာများရှိက ထွက် ပြေးနိုင်ရန် ယုံကြည်မှုဖြင့်ဆောင် ရွက်ခဲ့ကြသည်။ မိဘအချို့က အ ထဲရှိသူများကြားစေရန် ဂူတွင်းဝင် ပေါက်မှနေ၍ အသံပေးအော်ဟစ် ခဲ့ကြသည်။
"ကျွန်မဖြင့် တစ်ညလုံးလည်း အိပ်မရဘူး။ သူတို့အားလုံးဘေးကင်း ရန်ကင်းနဲ့ ပြန်ထွက်လာနိုင်ပါစေ လို့ ဆုတောင်းပါတယ် " 
ဟု ဂူတွင်း ပျောက်ဆုံးနေသူများအကြားပါ ဝင်သွားသူ အသက် (၁၃) နှစ်အ ရွယ်သားတစ်ဦး၏ မိခင်ဖြစ်သူ နမ်ဟွန်းဘွန်းမီယမ် က ပြောသည်။

ယခုအခါ အာဏာပိုင်များ သည် ဂူအတွင်း ခြောက်မိုင်ခန့်အ ထိ လျှပ်စစ်ဓာတ်မီးများသွယ်တန်း ကာ အောက်ဆီဂျင်ပို့လွှတ်လျက် ရှာဖွေမှု၌ တိုးချဲ့ဆောင်ရွက်လျက် ရှိသည်။
"ပျောက်ဆုံးနေသူတွေ ဘေး ကင်းရန်ကင်းနဲ့ ပြန်ထွက်လာလိမ့် မယ်လို့ မျှော်လင့်ပါတယ် " ဟု ချင်း ရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ပါဆက် ကွန်ဘန်ယာလက်က ထုတ်ဖော် ပြောဆိုလိုက်သည်။
REF:AP
Share it:

Article

Human Right

Life

WorldNews

Post A Comment: