(၂၁)ရာစုပင်လုံညီလာခံအား လာမည့်ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပမည် - Eureka Myanmar

(၂၁)ရာစုပင်လုံညီလာခံအား လာမည့်ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပမည်

Share This


နေပြည်တော်၊ ဇွန် ၂၅- (၂၁) ရာစုပင်လုံညီလာခံအား လာမည့် ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်း ပသွားမည်ဖြစ်ပြီး တတိယအကြိမ် ညီလာခံ အခင်းအကျင်း တချို့ ပြောင်းမည်ဟု နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဇွန် ၂၅ ရက် နေပြည်တော် (NRPC) တွင်ကျင်းပသည့် (၂၁)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီး တွင် သတင်းထောက်များနှင့်တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက " ဒီနေ့အစည်းအဝေးမှာ ကျွန်တော် တို့ ဆုံးဖြတ်ချက်ပေါင်း ၁၅ ချက်သဘော တူခဲ့ပါတယ်။ ဆုံးဖြတ်ချက် ၁၅ ချက်ကတော့ နံပါတ်တစ်ကတော့ လာမယ့် မနက်ဖြန်၊ သဘက်ခါ သုံးရက်ပေါ့။ ဒီသုံးရက်အတွက် အစီအစဉ်တွေ ဆုံးဖြတ်နိုင် တယ်၊၊ နောက် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပေါ့။ (၂၁)ရာစုပင် လုံနဲ့ ပတ်သက် တဲ့ဟာတွေ ဆွေးနွေးနိုင်တယ်။ ညီလာခံကျင်းပမယ့် ရက်ကို လည်း ဇူလိုင် ၁၁ရက်ကနေစပြီး ကျင်းပဖို့။ နောက် ညီလာခံ အခင်း အကျင်း။ အဲဒီအပေါ်မှာ လည်း ဆွေးနွေးပြီး သဘောတူညီချက်ရ တယ်။ ဒီသဘောတူညီချက်တွေ နဲ့ (၂၉ )ရက်နေ့မှာ UPDJC ကို တင်ပြမယ်။ UPDJC အစည်း အဝေးကနေ အတည်ပြုပြီးတာနဲ့ ညီလာခံကိစ္စတွေ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လုံခြုံရေးကဏ္ဍငါးရပ်နဲ့ပတ်သက် လို့ ညှိထားတဲ့သဘောထားတူညီ ချက်တွေရှိတယ်။ အဲဒီတူညီချက် တွေနဲ့ အခြေခံတဲ့လုပ်ငန်းကော်မ တီအစည်းအဝေးလေးမှာ ဆွေးနွေး မှုတွေစတင်ဖို့ကနေ့ သဘောတူ တယ်ပေါ့။ ညီလာခံကတော့ ပုံမှန် အားဖြင့် ငါးရက်ပေါ့။ ၁၁ ရက်နေ့ က စလုပ်ရမယ်။ အဲဒီမှာလည်း ယခင်ညီလာခံနဲ့မတူညီတဲ့ ညီလာ ခံအခင်းအကျင်းတချို့ ပြောင်း မယ်။ ပြောင်းမယ်ဆိုတာက အရင် ဒုတိယညီလာခံတုန်းက ကဏ္ဍအ လိုက်အစည်းအဝေးတွေကို အလေး ထားပြီး ဆောင်ရွက်တယ်။ အခုဟာ ကတော့ ကဏ္ဍအလိုက်တွေလည်း လုပ်မယ်။ သို့သော် အစုလိုက်အဖွဲ့ အစည်းအဝေးတွေကို အဓိကဦးစား ပေးမယ်။ အချိန်ပိုပေးမယ်။ နိုင်ငံ တကာကတော့ ထုံးစံအတိုင်း ဖိတ် ကြားတဲ့အတိုင်း ဖိတ်ကြားမှာပါပဲ။ ကုလသမဂ္ဂကျတော့ ဘယ်သူတက် နိုင်မလဲ။
ဒီအချက်တွေ အပေါ် မူတည်ပြီး ဖိတ်ကြားမှာပါ။ နောက် နိုင်ငံရေးပါ တီခေါင်းဆောင်တွေကို မူလ အတိုင်းဖိတ်ကြားမှာပါ။ နောက် လက်မှတ်မ ထိုးရသေးတဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေ တော်တော် များများ ဖိတ်ကြားမယ်။ သို့သော် ဒီကြားထဲမှာ သုံးဖွဲ့ကိစ္စကတော့ ဆက်ပြီး အတည်ပြုဖို့ရှိတယ်။ အစိုးရ ပိုင်းက ကျန်တာကတော့ အကုန် ဖိတ်သွား မယ်။ ၀၊ မိုင်းလား၊ SSPP ၊ KIA ။ ဒါကတော့ဖိတ်မှာ။ ဟိုသုံး ဖွဲ့ကတော့ ထပ်ပြီးညှိဖို့ရှိတယ်။ ဒီသုံးဖွဲ့နဲ့ပတ်သက်လို့ ဘယ်လိုလာ မလဲဆိုတာတော့ အတိအကျပြော လို့ မရသေးဘူး။ အစိုးရနဲ့ တပ် မတော်ညှိပြီးတော့ သုံးဖွဲ့စလုံးဖိတ် မလား၊ မဖိတ်ဘူးလား အတည်ပြု ဖို့တော့ ရှိပါတယ်။ သို့သော်လည်း မူအားဖြင့် ဒီညီလာခံကအားလုံး ပါဝင်ဖို့ မှန်းတဲ့အတွက် အားလုံးပါ ဝင်ရေးမူနဲ့ ချဉ်းကပ်တယ်။ သို့သော် နောက်ဆုံးဖိုင်နယ် မှာတော့ လုပ် ဖို့လိုသေးတယ် " ဟု သတင်းထောက် များအားပြောကြား ခဲ့သည်။
MP/Democracytoday

Pages