ထိန်ပင်အမှိုက်ပုံမီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၂၆၀ ကျော်ကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေး - Eureka Myanmar

ထိန်ပင်အမှိုက်ပုံမီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၂၆၀ ကျော်ကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေး

Share This


ရန်ကုန်၊ ဇွန် ၁၀- ထိန်ပင်အမှိုက်ပုံမီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ် ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၂၆၀ ကျော်ကို ကျန်းမာရေးစစ်ဆေးမှုပြု လုပ်ပေးခဲ့ပြီး ရောဂါမတွေ့ခဲ့ကြောင်း သိရသည်။ယင်းကျန်းမာရေးစစ်ဆေးမှုကို အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့ရှိ ဆေးရုံကြီးများတွင် ဇွန်လပထမပတ်အတွင်းက
နှစ်ရက်ဆက်တိုက်ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးမျိုးဝင်းက ပြောသည်။

""တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီစဉ်မှုနဲ့ ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေ ကိုလည်း အရှေ့ပိုင်းရယ်၊ အနောက်ပိုင်းရယ်၊ တောင်ပိုင်းမှာရှိတဲ့ဆေးရုံ 
မှာ Medical Checkup လုပ်ပေးပါတယ်။ ဒီလပထမပတ်အတွင်းက။ အဲ့ဒီနေရာမှာတော့ တိုင်းကျန်းမာရေးရဲ့ စီစဉ်ပေးမှုတွေသွားလုပ်တာ ပါ။ ကျွန်တော်တို့ဆီကတော့ အလဲအလှယ်နဲ့သွားကြတာပါ။ ဆေးရုံ
တွေကလည်း ဂရုတစိုက်နဲ့ Medical Checkup လုပ်ပေးပါတယ်""ဟု ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၀ ရက်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော်ကို ကျန်မာရေးစောင့်ရှောက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ゞင်းက ဆက် လက်ပြောသည်။""ထိန်ပင်အမှိုက်ပုံက အမှိုက်မီးလောင်တဲ့အခါကျတော့ သာမန် ဆေးလေးသောက်တာနဲ့ မတူဘူးပေါ့။ စွန့်ပစ်ပစ္စည်းပေါင်းစုံ မီးလောင် တဲ့အခါကျတော့ ဒါကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ကလည်း စိုးရိမ်တာပေါ့။ ရနံ့မျိုးစုံကိုရှူရတဲ့အတွက်ကြောင့် ကျန်းမာရေး နဲ့ပတ်သက်ပြီး ထိခိုက်နိုင်တဲ့အတွက်ကြောင့် Medical Checkup တွေလုပ်ဖို့ဆိုပြီး လမ်းညွှန်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကတပ်ဖွဲ့ဝင် တွေကလည်းလမ်းညွှန်ချက်နဲ့အညီ ဆေးရုံတွေသွားပြီးတော့ Medical Checkup သွားလုပ်ဆောင်ပါတယ်။ အားလုံးက ကောင်းပါ တယ်။ ရောဂါတွေရှိတာတွေမတွေ့ပါဘူး။ လက်ရှိမှာ ကုန်သလောက်ရှိ နေပါပြီ။ ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်လွှတ်သွားဖို့ ရှိပါတယ်"" ၄င်းက ဆက်လက်ပြောသည်။

အလားတူ ထိန်ပင်အမှိုက်ပုံမီးလောင်မှုတွင် ကူညီငြှိမ်းသတ် ခဲ့ကြသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို တပ်မတော် မှ မေလပထမပတ်အတွင်း၌လည်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေး ခဲ့ကြောင်း ゞင်းဆက်လက်ပြောသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးရာတွင် မီးသတ် တပ်ဖွဲ့ဝင်များအပြင် စည်ပင်ဝန်ထမ်းများလည်းပါရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့် က ပြောသည်။

""ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်။ ခေါ်ခေါ်ပြီးတော့ ကျန်မာရေးအရအသုတ်လိုက် တိုင်းကျန်းမာရေးကဦးဆောင်ပြီး လုပ်နေ တာ။ ဝန်ကြီးချုပ်ကနေ ဒါလေးတွေလုပ်ပေးပါလို့ ပြောထားလို့ လုပ် ပေးနေတာ""ဟု ၄င်းက ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၀ ရက်ကပြော သည်။ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀ဝ ခန့် ကျယ်ဝန်းသည့် ထိန်ပင်အမှိုက်ပုံတွင် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်ကာ မေ ၂ ရက်အထိ ဆယ်ရက်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာမှထွက်နေသော မီးခိုးငွေ့များပျံ့နှံ့မှုများရှိသဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်းများ ဖွင့်လှစ်ပေးရ ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် မီးခိုးညှော် နံ့များခံစားခဲ့ရသည်။

WYHW
#Democracytoday

Pages