ကုလအထူးကိုယ်စားလှယ်သစ် ခရသ်စတင်းရှရန်နာဘာဂျီနာ မြန်မာနိုင်ငံနှင့် ပထမဆုံးခရီးစဉ်အဖြစ် ယနေ့ စတင်ရောက်ရှိမည်။ ကုလကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို ကုလမေးမြန်ခဲ့

Share it:


(((Dhaka Tribune. June 12th, 2018. “ New UN envoy to pay first visit to Myanmar “ AFP, United Nations ကို ဆီလျှော်အောင် မြန်မာဘာသာပြန်ဆိုသည် )))

- လူ့အခွင့်ရေးနှင့် ဘင်္ဂလီမွတ်စလင်ဒုက္ခသယ်အကြပ်အတည်းအရေးအတွက် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခြင်းခံရသော ခရစ်စတင်းရှရန်နာဘာဂျီနာသည် မြန်မာနိုင်ငံနှင့် ပထမဆုံးခရီးစဉ်အဖြစ် ယနေ့ ( အင်္ဂါနေ့ ) တွင် စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုသည်ဟု AFP အား ကိုးကား၍ Dhaka Tribune သတင်းစာက ယနေ့ရေးသားသည်။

ဧပြီလတွင် အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသော ခရစ်စတင်းရှရန်နာဘာဂျီနာသည် ယခင်ဂျာမနီဆိုင်ရာဆွစ်ဇာလန်သံအမတ်ကြီးဖြစ်ပြီး မြန်မာအာဏာပိုင်များ၊ လူမျိုးစုလက်နက်ကိုင်များ၊ လူမှု့အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ တနင်္လာနေ့ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ရှရန်နာဘာဂျီနာသည် မြန်မာ့တပ်မတော်၏ ဖြိုခွင်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဘင်္ဂလီမွတ်စလင် ၇၀၀,၀၀၀ ခိုလှုံလျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံသို့လည်း ဆက်လက်သွားရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ဖျားတွင် သြဂုတ်လ၌ဖြစ်ပွားသော မြန်မာ့တပ်မတော်၏ စစ်ရေးဆောင်ရွက်မှု့မှာ အစွန်းရောက်များအား ရှင်းလင်းခြင်းသာဖြစ်ကြောင်း မြန်မာက ပြောဆိုသည်။

ရက်စက်ကြမ်းကြုတ်မှု့ကြောင့် ထွက်ပြေးလာကြသည့် ဘင်္ဂလီမွတ်စလင်များခိုလှုံရာ ဒုက္ခသယ်စခန်းသည် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုသည့် အန္တရာယ်နှင့် ယခုအခါ ရင်ဆိုင်နေရသည်။ လွန်ခဲ့ သည့် တနင်္လာနေ့၌ မိသားစုအိပ်ပျော်နေစဉ် မြေပြိုမှု့ကြောင့် နေအိမ်တစ်ခုလုံး ရွှံညွံများဖြင့် ဖုံးလွှမ်းပြီး ၃-နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

မြန်မာနိုင်ငံသည် အခင်းဖြစ်ပွားချိန်မှစတင်၍ ကြပ်တည်းစွာပိတ်ပင်ထားခဲ့သော ရခိုင်ပြည်နယ်တွင် အကဲဖြတ်လုပ်ငန်းများဆောင်ရွက်ရန် ကုလသမဂ္ဂအေဂျင်စီများအား ၀င်ရောက်ခွင့်ပြုကြောင်း ကမ္ဘာ့ကုလသမဂ္ဂနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

မေလကုန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရထံပေးပို့စာ၌ ဘင်္ဂလီမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်သည်ဟု စွပ်စွဲမှု့များအတွက် စုံစမ်းစစ်ဆေးရာတွင် ကုလသမဂ္ဂကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေးမြန်းထားသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ခန့်အပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ပြည်ဝင်ခွင့်ပြုရန် ငြင်းပယ်ထားပြီး၊ ကုလလူ့အခွင့်အရေးကျွမ်းကျင်သူ ရန်ဟီလီးကိုလည်း တားဆီးထားသည်။

မေလစောစောပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်တပ်၏ လူသတ်မှု့၊ အဓမ္မကျင့်မှု့၊ ကျေးရွာများ မီးရှို့မှု့ဖြစ်ပွားသည်ဆိုခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သို့သွားရောက်ကာ ဒုက္ခသယ်များနှင့် တွေ့ဆုံပြီး အသေးစိတ်အချက်အလက်များရယူခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရထံပေးပို့စာတွင် အခြေအနေနှင့်ပတ်သက်၍ အလေးအနက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပြီး အကြောင်းကြားစာအတွက် ဆောင်ရွက်မှု့များကို ရက်ပေါင်း ၃၀-အတွင်း ပြန်ကြားရန် ပြောဆိုခဲ့သည်။

https://www.dhakatribune.com/…/new-un-envoy-to-pay-first-vi…

===== 
New UN envoy to pay first visit to Myanmar
AFP, United Nations
Published at 09:14 am June 12th, 2018

The United Nations last week signed a deal with Myanmar to allow access for its agencies

The new UN envoy for Myanmar, Christine Schraner Burgener, will pay her first visit to the country beginning Tuesday, holding talks on human rights and the Rohingya refugee crisis, the UN said.

The former Swiss ambassador to Germany who was appointed in April will meet with Myanmar authorities, "ethnic armed organizations," civil society and religious leaders, a UN statement said Monday.
Following her visit to Myanmar, Schraner Burgener will travel to Bangladesh where 700,000 Rohingya are sheltering in camps after being driven from their homes by an army campaign.

Myanmar has said the military operation launched in August in northern Rakhine state is aimed at rooting out extremists.

After fleeing persecution, the Rohingya living in camps are now at risk from landslides triggered by the monsoon rains. A three-year-old child died in his sleep early Monday when a mud wall collapsed on his family's shelter.

The United Nations last week signed a deal with Myanmar to allow access for its agencies to carry out assessments in Rakhine state, which has been largely closed to outsiders since the crisis began.

The Security Council sent a letter to Myanmar in late May asking the government to cooperate with UN experts to investigate allegations of atrocities against the Rohingya.

Myanmar has refused to allow a fact-finding mission set up by the UN Human Rights Council to enter the country, and has barred UN rights expert Yanghee Lee.

The council visited Myanmar and Rakhine state in early May, meeting with refugees who gave detailed accounts of killings, rape and torching of villages at the hands of Myanmar's military.

In the letter, the council said it remained "gravely concerned" by the situation and asked that Myanmar respond within 30 days to its requests for steps to address the crisis.

Credit : U Htay Oung
Share it:

News

Political

WorldNews

Post A Comment: