နိုင်ငံခြားခရီးသွားများအား Facebook ၊ Twitter ၊ YouTube တို့ အသုံးပြုခွင့်ပေးရန် တရုတ်စီစဉ် - Eureka Myanmar

နိုင်ငံခြားခရီးသွားများအား Facebook ၊ Twitter ၊ YouTube တို့ အသုံးပြုခွင့်ပေးရန် တရုတ်စီစဉ်

Share This

တရုတ်အာဏာပိုင်တွေအနေနဲ့ ယခုအခါ "Great Firewall" လို့ လူသိများတဲ့ ယင်းရဲ့ အွန်လိုင်းဆင်ဆာစနစ်ကို တစ်စိတ်တစ်ဒေသ ဖြေလျော့ပေးဖို့ စီစဉ်လာနေပြီး နိုင်ငံမှာ ရှိတဲ့ အားလပ်ရက်ခရီးသွားအပန်းဖြေကျွန်း Hainan မှာ ပြည်ပနိုင်ငံခြားသားတွေကို Facebook ၊ Twitter ၊ YouTube တို့ အသုံးပြုခွင့်ပေးသွားမယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ သာသာ အရွယ်အစားရှိ အဆိုပါ Hainan ကျွန်းကိုတော့ လာမယ့် ၂၀၂၀ မတိုင်င် လွတ်လပ်သော နိုင်ငံတကာ ကုန်သွယ်ရေးဇုန်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားနိုင်ဖို့ တရုတ်အစိုးရဘက်က ဆန္ဒရှိနေတယ်လို့ သိရပါတယ်။



အလားတူ ယင်းကျွန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့၊ လောင်းကစား၊ ခရီးသွားလုပ်ငန်းတို့ ဖွံ့ဖြိုးစည်ကားစေဖို့ကိုလည်း ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

သို့ပေမယ့် တရုတ်ပြည်မကြီးနဲ့အတူတူပဲ ယင်းကျွန်းပေါ်မှာလည်း အင်တာနက်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး အဓိကကျတဲ့ အနောက်နိုင်ငံ ဆိုဒ်အများစုကိုလည်း ပိတ်ပင်ကန့်သတ်ထားခြင်းခံထားရပါတယ်။

ယင်းကို ပြောင်းလဲတဲ့အနေနဲ့ အဆိုပါ ကျွန်းရဲ့ အစိုးရက အစီအစဉ်သစ်တစ်ရပ်ကို ထုတ်ဖော်သွားခဲ့ပြီး ယင်းကျွန်းမှာ နိုင်ငံခြားခရီးသွားတွေကို Facebook ၊ Twitter ၊ YouTube တို့ အသုံးပြုခွင့် ပေးသွားတော့မယ်လို့ ပြောသွားပါတယ်။



ယင်းအတွက်ကြောင့် ပြည်ပနိုင်ငံသားတွေအနေနဲ့ Haikou နဲ့ Sanya မြို့ နှစ်မြို့အတွင်း အထက်ပါ ပလက်ဖောင်းတွေကို အသုံးပြုခွင့်ရတော့မှာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ယင်းအစီအစဉ်အောက်မှာ ပြည်တွင်းက တရုတ်နိုင်ငံသားတွေရော ယင်းဆိုဒ်တွေကို အသုံးပြုခွင့်ရမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

SFJ News

Pages