အငယ်ဆုံးလို့သင်ထင်တဲ့ ကလေးပုံလေးက သင့်ရဲ့စိတ်နေစိတ်ထားကို ပြောပြပေးနိုင် - Eureka Myanmar

အငယ်ဆုံးလို့သင်ထင်တဲ့ ကလေးပုံလေးက သင့်ရဲ့စိတ်နေစိတ်ထားကို ပြောပြပေးနိုင်

Share This

လိုတရရဲ့ ပရိသတ်ကြီးရှင့် ဖော်ပြထားတဲ့ပုံလေးမှာ ကလေးလေး ၃ယောက်ကို တွေ့ကြမှာပေါ့နော်။ ဒီကလေးပုံ ၃ခုထဲက ဘယ်နံပါတ်စဉ်မှာရှိနေတဲ့ကလေးက အသက်အငယ်ဆုံးလို့ စိတ်ထဲမှာ ထင်မိပါသလဲ၊ အငယ်ဆုံးလို့ထင်မိတဲ့ နံပါတ်တစ်ခုကို အရင်ရွေးချယ်လိုက်ပါနော်။ ပြီးပြီဆိုရင်တော့ ဒီနံပါတ်စဉ်ကို ရွေးလိုက်တဲ့အတွက် သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာကို သိရဖို့ နံပါတ်အလိုက် ဟောကိန်းလေးတွေကို လေ့လာကြည့်လိုက်ပါဦး။ ပုံထဲမှာ သင်အငယ်ဆုံးလို့ ထင်လိုက်တဲ့ပုံက သင့်ရဲ့ လက်ရှိ စိတ်နေစိတ်ထားကို ဖော်ပြနေတာပါပဲတဲ့၊ ကဲ ကိုယ်ကဘယ်နံပါတ်ကိုရွေးချယ်လိုက်တယ်၊ ဟောကိန်းမှာပြောထားတဲ့ အချက်တွေနဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုအနေအထား ကိုက်ညီမှုရှိမရှိဆိုတာကို စမ်းသပ်ကြည့်လိုက်ရအောင်ပါနော်။

ပုံ နံပါတ် ၁ 


 ဒီပုံကို လူ၁၀၀ မှာ ၃၅ ယောက်လောက်က အငယ်ဆုံး ကလေးအဖြစ် ရွေးချယ်လေ့ ရှိတာကြောင့်သင်ဟာ ဒီလူဦးရေ 35% ထဲမှာ ပါဝင်သွားပြီပဲဖြစ်ပါတယ်။ ပုံကိုစမြင်လိုက်ချင်းမှာ ဘာကိုမှ တွေဝေမနေပဲ ပထမဆုံးပုံထဲက မိန်းကလေးကို ရွေးချယ်လိုက်တာဖြစ်တဲ့အတွက် သင်ဟာ တကယ်ကို ကံကောင်းတဲ့သူပါ။ ဘာလို့လည်းဆိုတော့ ဒီပုံကိုရွေးချယ်သူတွေက အရာရာကို အလိုလို သိမြင်နိုင်စွမ်းရှိနေသူတွေဖြစ်လို့ပါပဲ။ သင့်ရဲ့ေ၇ွးချယ်မှုက မှန်ကန်နေတယ်လေ၊ ဂုဏ်ယူလိုက်ပါနော်။ ဒီပုံကိုရွေးချယ်သူတွေက အလုပ်လုပ်ကိုင်ရာမှာလည်း မှန်မှန်ကန်ကန် တိတိကျကျလုပ်ဆောင်တတ်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချတတ်သူတစ်ဦးပါ။ သင်နဲ့အတူ လက်တွဲလုပ်ကိုင်ရသူတွေကလည်း သင့်ရဲ့ အလိုက်သိတတ်မှုကြောင့် စိတ်ချမ်းသာရပါလိမ့်မယ်။ သင့်ရဲ့ ဘဝတစ်လျှောက်မှာ အမှားအယွင်းနည်းလေ့ရှိပြီး ဒီအချက်ကပဲ သင့်ကို အောင်မြင်သူတစ်ဦးဖြစ်စေနိုင်တာပါ။ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို တစ်ခြားသူတစ်ဦးက ပြောဆိုလာတဲ့အခါမှာလည်း ဒါဟာ တရားနည်းလမ်းအရ မဖြစ်နိုင်ဘူးဆိုတာကို သူ့ကိုပြန်ရှင်းပြမနေပဲ ဂရုစိုက်ဖို့ မလိုအပ်တဲ့ကိစ္စအဖြစ် မှတ်ယူတတ်သူလည်း ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို လက်တွေ့ကျကျဆုံးဖြတ်ဆောင်ရွက်လေ့ရှိပြီး လာမယ့်ဘေး ပြေးတွေ့တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ ရိုးသားပြီး ပွင့်လင်းသူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ စကားကိုလည်း တုတ်ထိုးအိုးပေါက် ပြောတတ်သူမျိုးပေါ့။ ပြဿနာတစ်ခုကြုံလာပြီဆိုတာနဲ့ ရှောင်မပြေးတတ်ပဲ ဒါကို ဘယ်လိုအကောင်းဆုံးဖြေရှင်းနိုင်မလဲ ဆိုတာကို စဉ်းစားတတ်သူပါပဲ။

ပုံ နံပါတ် ၂ 


ဒီပုံကိုတော့ လူ ၁၀ ယောက်မှာ ၄ယောက်လောက်က ရွေးချယ်လေ့ရှိတတ်ကြပါတယ်။ ဒီတော့သင်က ဒီပုံကို အငယ်ဆုံးကလေးအဖြစ် ထင်မှတ်ရွေးချယ်လိုက်တဲ့အတွက် သင်ဟာလည်း 40% သော ဒီလူဦးရေထဲမှာ ပါဝင်သွားပြီဖြစ်ပါတယ်။ ဒီလူအုပ်စုကတော့ ကိစ္စတစ်ခုမှာ ဘယ်ဟာက အမှန်ဆိုတာကို မပြတ်သားတဲ့အတွေးအခေါ် ရှိသူတွေပဲ ဖြစ်ပါတယ်။ သင်ဟာ ကောင်းကျိုး၊ ဆိုးပြစ် သိနေပြီးသား ကိစ္စတစ်ခုကိုတောင်မှ ဘယ်ဟာကို ရွေးချယ်လုပ်ကိုင်ရမယ်ဆိုတာ ထပ်ပြီး တွေဝေတတ်သေးသူပါတဲ့။ ဒါပေမယ့် တစ်ခု တော်သေးတာက သင့်ရဲ့ ရွေးချယ်မှုကြောင့် အဆိုးဘက်ကိုရောက်သွားတာမျိုး မရှိပဲ ဆုံးဖြတ်ချက်တစ်ခု ချဖို့ အချိန်အများကြီးယူလိုက်တာမျိုးပဲ ဖြစ်စေနိုင်တဲ့ အချက်ပါပဲ။ သင့်ကို တရားနည်းလမ်းတကျ ရှင်းလင်းပြောပြသူတွေကိုလည်း သင်ကမယုံကြည်တတ်ပါဘူး။ ကိုယ်ထင်မြင်ထားတာကိုပဲ တယူသန်အမှန်ထင်တတ်သူတွေပါ။ သင်နှစ်သက်သူတွေနဲ့ပဲ အပေါင်းအသင်းလုပ်လေ့ရှိပြီး သူတို့နဲ့ဆိုရင်တော့ သင်က အလွန်ကို သည်းခံနားလည်သူဖြစ်နေပြန်ပါတယ်။ ဒီပုံကိုရွေးချယ်သူတွေထဲက အများစုက ကျောင်းဆရာ၊ ဆရာမတွေ၊ တပည့်ပေါများသူတွေဖြစ်လေ့ရှိကြပြီး တပည့်တွေအပေါ် အကောင်းဆုံးလမ်းပြပေးနိုင်သူတွေလည်း ဖြစ်ကြပါတယ်တဲ့။

ပုံ နံပါတ် ၃


ဒီပုံကိုတော့ လူဦးရေ ၁၀၀ မှာ ၂၅ယောက်က ရွေးချယ်တတ်တာဖြစ်လို့ သင်ဟာလည်း အခုဆိုရင် ဒီလူဦးရေ 25% ထဲမှာ ပါဝင်သွားပြီပဲဖြစ်ပါတယ်။ ဒီပုံကို ရွေးချယ်သူတွေကတော့ တရားနည်းလမ်းတကျ၊ ယုတ္တိရှိတာတွေကိုပဲ စဉ်းစားသုံးသပ်တတ်သူတွေဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပုံထဲက အမူအရာအရဆိုရင် နံပါတ် ၃ပုံက ကလေးအငယ်ဆုံးအနေနဲ့ ထင်မြင်ရလို့ပါပဲ။ တကယ်တမ်းအပြင်မှာတော့ နံပါတ် ၁ကသာအငယ်ဆုံးပုံလေ။ ဒီပုံကို ရွေးချယ်သူတွေကတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် အကျိုးအကြောင်း သေချာလေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်တတ်ကြပါတယ်တဲ့။ သင့်ရဲ့ လက်တွေ့ကျမှု၊ ထင်မြင်ယူဆမှုကောင်းတွေက သင့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် အထောက်အကူပြုမှာဖြစ်ပါတယ်။ ဖြစ်လိုတဲ့ ဆန္ဒကို ဦးစားမပေးပဲ ဖြစ်သင့်တာကို၊ ဖြစ်နိုင်ခြေရှိတာကိုပဲ ဦးစားပေးလုပ်ကိုင်လေ့ရှိသူပါပဲ။ ဒီပုံကိုရွေးချယ်သူတွေက ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လေ့ရှိပါတယ်။ သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း သင်ကောင်းကောင်းဦးဆောင်နိုင်မှာဖြစ်ပါတယ်။ သင်ရဲ့ လက်တွေ့ကျတဲ့အတွေးအခေါ်တွေ၊  ခိုင်မာတဲ့အချက်အလက်ရှင်းပြနိုင်မှုတွေက သင်နဲ့ မတူကွဲပြားသူတွေကိုတောင် သင့်အပေါ်ကျလောက်အောင် ဆွဲဆောင်နိုင်တဲ့ အချက်တွေ ဖြစ်လာစေမှာပါ။ သင့်ရဲ့ ဒီစွမ်းရည်ကြောင့်ပဲ ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်နိုင်သူဖြစ်လာစေနိုင်ပါတယ်။ ဘယ်လိုတံခါးမျိုးမဆို ဖွင့်လိုက်ဖို့ ဝန်မလေးတဲ့သင်က အတွေ့အကြုံအသစ်အဆန်းတွေကိုလည်း အေးအေးသက်သာပဲ ကျော်ဖြတ်နိုင်သူတစ်ဦးပါ။ အလုပ်မှာလည်း သင့်ရဲ့ ဖြေရှင်းချက်တွေ၊ အတွေးအခေါ်တွေက အသုံးဝင်ပါလိမ့်မယ်။ သင့်မှာရှိထားတဲ့ အသိပညာ၊ ဗဟုသုတတွေနဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေက အောင်မြင်သူအဖြစ်တွန်းပို့ပေးမှာဖြစ်ပါတယ်။

Credit : Lotaya Webportal

Pages