သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မြန်မာနိုင် ငံရုပ်ရှင်အစည်းအရုံးမှ ခေါ်ယူသတိပေးဆုံးမ

Share it:


ရန်ကုန်၊ ဇူလိုင် ၂၁-ပရိသတ် အများစုဝေဖန်ခြင်းခံခဲ့ရသော သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိ သူများက သင့်ဇာဝင့်ကျော်ကို ခေါ်ယူဆုံးမသတိပေးခဲ့ ကြောင်း သိရသည်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင် ၁၄ ရက် ၌ပြုလုပ်သော Balance Fitness 3 ဖွင့်ပွဲအခမ်း အနားသို့ ဝတ်ဆင်လာသော ဝတ်စားဆင်ယင်မှု နှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ''နောင်ကို ဒီလိုမဖြစ်အောင် ကျွန် တော်တို့တွေ ဆုံးမစကားပြောတာပါ။ ဒီလိုမျိုးဝတ်စားဆင်ယင်မှုတွေမှာ အများအမြင်မတင့်တယ်တဲ့ ဝတ် စားဆင်ယင်မှုတွေကို အများ ပြည်သူကြားမှာ မဝတ်ဖို့တွေ ကို ပြောပါတယ်။ သင်ဇာ ဝင့်ကျော်ကလည်း ဒါကို လိုက်နာပါတယ်။ တောင်း ပန်ပါတယ်။ နောင်ကိုလည်း ဒီလိုမဖြစ်အောင် ထိန်းသိမ်းပါမယ် ဆိုတဲ့ ကတိလည်းပေးခဲ့ပါတယ်''ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဇူ လိုင် ၂၁ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင် ဝိုင်း၊ ဒုဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးညီညီထွန်းလွင်၊ တွဲဖက်အတွင်းရေးမှူး ဦးဇော် မြင့်ဦးတို့သည် ဇူလိုင် ၂ဝ ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သရုပ်ဆောင် သင်ဇာဝင့် ကျော်အားခေါ်ယူကာ ဆုံးမသတိပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အာဏာ ပိုင်အဖွဲ့အစည်းမဟုတ်ခြင်းကြောင့် အနုပညာ လောကနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာတာ ဝန်ရှိသူများကို ခေါ်ယူညှိနှိုင်းခြင်း၊ သတိပေးခြင်း၊ ဆုံးမ ခြင်းတို့ကိုသာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ''ကျွန်တော်တို့က အရေးယူတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အခါကျတော့ မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက အာဏာပိုင်အဖွဲ့အစည်းမဟုတ် ပါဘူး။ NGO အဖွဲ့အစည်းဖြစ်ပါ တယ်။ ကျွန်တော်အပါအဝင် အမှု ဆောင်အားလုံးကိုလည်း အနုပညာလောကသား အားလုံးရဲ့ အရေး အရာကို စီမံ ခန့်ခွဲပေးဖို့ အားလုံးသဘောတူ တင်မြှောက် ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း အများသဘောတူထားတဲ့ စည်းမျဉ်းစည်း ကမ်းနဲ့အညီပဲ လောကသားများကို ထိန်း ကွပ်ရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးလုပ်နိုင်တဲ့အတိုင်းအတာက စည်းရုံး ခြင်း၊ လှုံ့ဆော်ခြင်း၊ ညှိနှိုင်းခြင်း စသဖြင့် လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လုပ်လိုက် တဲ့ကိစ္စမှာ ရုပ်ရှင်အစည်းအရုံးအ ပေါ်ကို ထိခိုက်လာရင် ခေါ်ယူ ဆွေးနွေးတယ်။ သတိပေးတယ်။ ဒီထက်ဆိုးရင် ပြစ်တင် ရှုတ်ချတာလောက်ပဲ လုပ်လို့ရပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးကို တကယ်အပြစ်ပေးနိုင်တာက ပရိသတ်ပါပဲ။ ပရိသတ်ကပေးတဲ့ ပြစ်ဒဏ်က ကျွန်တော်တို့ပေးတဲ့ ပြစ်ဒဏ်ထက် ပိုပြီးတော့ကြီးလေးပါတယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောသည်။ NN/DemocracyToday
Share it:

Celebrity

Entertainment

Thin Zar Win Kyaw

Post A Comment: