ဗိုလ်​ချုပ်​ရုပ်​တုစိုက်​ထူခြင်းလုပ်ငန်း ကယား ပြည်​နယ်​အစိုးရအဖွဲ့ ဖျက်သိမ်း

Share it:

ဗိုလ်​ချုပ်​ရုပ်​တုစိုက်​ထူခြင်းကို ကယား ပြည်​နယ်​အစိုးရအဖွဲ့ကေ​ရှ့ဆက်​ဆောင်​ရွက်​​တော့မည်​မဟုတ်​ဘဲ ပြည်​သူများ ဦး​ဆောင်​ဖွဲ့စည်း​သော ရုပ်​တုဖြစ်​​မြောက်​​ရေး​ကော်​မတီကသာ ​ရှေ့ဆက်​​ဆောင်​ရွက်​ပါက ကူညီ​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း ၀န်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုက ​ပြောကြားသည်​။

ဇူလိုင်​ ၂၃ရက်​၊နံနက်​ပိုင်းက ကယား ပြည်​နယ်​အစိုးရအဖွဲ့ရုံးတွင်​ ကန့်​ကွက်​မှုများရှိ​နေသည့်​ဗိုလ်​ချုပ်​​ကြေးရုပ်​တု စိုက်​ထူမည့်​ကိစ္စနှင့်​ပတ်​သက်​၍ ပြုလုပ်​သည့်​သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင်​ ၀န်​ကြီးချုပ်​ဦးအယ်​လ်​​ဖောင်းရှိုက အထက်​ပါအတိုင်း​ပြောကြားခဲ့သည်​။

သို့​သော်​ အသစ်​ဖွဲ့စည်းမည့်​ဗိုလ်​ချုပ်​ရုပ်​တုဖြစ်​​မြောက်​​ရေး​ကော်​မတီတွင်​ မည်​သည့်​အဖွဲ့အစည်းများက မည်​သူများ ပါဝင်​မည်​ကိုမူ လက်ရှိတွင်​ ပြည်​သူများ ကဦး​ဆောင်​၍ဖွဲ့စည်း​နေဆဲဖြစ်​သည့်​အတွက်​ ၄င်းအ​နေဖြင့်​မသိရှိရ​သေး​ကြောင်း ၀န်​ကြီးချုပ်​က ဆက်​​ပြောသည်​။

7DAYS / ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
Share it:

General Aung San

LocalNews

News

Political

Post A Comment: