အိပ်မက်များနောက်သို့ စဉ်ဆက်မပျက်လိုက်ခြင်း - Eureka Myanmar

အိပ်မက်များနောက်သို့ စဉ်ဆက်မပျက်လိုက်ခြင်း

Share This


တကယ်တော့ Elon Musk ဆိုသူဟာ လူသားတွေနဲ့အကျွမ်းတဝင်မရှိသော အံဖွယ်လူသားတစ်ဦးလေလား။

Elon Musk ဆိုတာ ခြေလက်ဗလာကနေ ကိုယ်တိုင်ကြိုးစားပြီးအောင်မြင်လာတဲ့ ဘီလီယံနာတစ်ဦး ဒါမှမဟုတ် ယနေ့ခေတ် နာ မည်ကြီးနေတဲ့ Iron Man ရုပ်ရှင်ထဲက Tony Stark အတွက် အစစ်အမှန်ဘဝထဲက စံပြပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုပဲပုံကြမ်း တွေ ခြယ်သနေပါစေ ၊ Elon Musk ဆိုတာ သူစိတ်ဝင်စားတဲ့အရာတွေအားလုံးကို အိပ်မက်ဘဝကနေ အစစ်အမှန်ဖြစ်အောင် ဖန်တီးနို င်သူတစ်ဦးဆိုပြီး အားလုံးက ယုံကြည်နေကြတော့တာပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ကိုယ် နဲ့တစ်ခါမှမေ တွ့ဖူးမကြုံဖူးတဲ့ လူစိမ်းတွေကို ဖုန်းခေါ်ပြီး ကိုယ့်ရဲ့ Credit-card နံပတ်ကိုပေးခဲ့မိကြတာကိုတွေ့ကြရမှာပါ။ အဲဒီ အရာအတွက် Musk က အိပ်မက်မက်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး PayPal ဆိုတာဟာလဲ သူ့အိပ်မက်ကို အစစ်အမှန်ဖြစ်အောင် Musk ဖန်တီးခဲ့ တဲ့အရာပဲဖြစ်ခဲ့ပါတယ်။ ပူနွေးပြီး ညစ်ပတ်လာတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ခဲ့သူတွေချည့်ဖြစ်တဲ့အတိုင်း သန့်ရှင်းပြီး ပြန်လ ည်အသုံးပြုနိုင်တဲ့ စွမ်းအင်အသစ်ဆိုတာဟာ လူသားတိုင်းအတွက် မျှော်လင့်ချက်အသစ် ဒါမှမဟုတ် အသက်ကယ်ဆေး တစ်ခု အဖြစ်နဲ့ လူသားအားလုံးတောင့်တာချင်စရာ အိပ်မက်တစ်ခုဖြစ်ခဲ့ရပါပြီ။ Elon Musk ရဲ့ လက်ရှိဘဝ လက်ရှိမျှော်လင့်ချက်ဖြစ်တဲ့ Tesla Motors နဲ့ SolarCity ကုမ္ပဏီတွေဟာ အဲဒီအိပ်မက်ကို အကောင်အထည်ဖေါ်ဆောင်နေတဲ့ အစစ်အမှန်ကြိုးစားအားထု တ်မှုတွေပါလို့ အပြည့်အဝ ဆိုနိုင်ပါတယ်။ အနာဂတ်ရဲ့ စွမ်းအင်ရည်ရွယ်ရာတစ်ခုလဲဖြစ်ပါတယ်။ Musk ရဲ့ နောက်ထပ်အိပ်မက် တစ်ခုကတော့ အာကာသ လေ့လာစူးစမ်းရေးပါ။ သူ့ရဲ့ SpacX လုပ်ငန်းဟာ ပြန်လည်စတင်နေပြီ ဖြစ်ပြီး အဲဒါဟာ ဘယ်သူအတွ က်မှမဟုတ်တောင် Musk အတွက်တော့ နယ်မြေသစ်ရှာဖွေစွန့်စားရေး ခရီးစဉ်ပါပဲ။ ဒီနေရာမှာ Elon Musk ရဲ့ ဒွိဟစိတ်အခြေ အနေတစ်ရပ်ရှိနေပါတယ်။ အဲဒါကတော့ အခုသူရှင်သန်နေတဲ့ ကမ္ဘာကြီးကိုသန့်ရှင်းစင်ကြယ်စွာ တိုးတက်ဖွံ့ဖြိုးရေးအတွက်ြ ကိုးစားလုပ်ဆောင်နေသူတစ်ဦးဟာ ဒီကမ္ဘာကြီးကနေပဲ လူသားအားလုံးထွက်ခွာနိုင်အောင်လို့ ဒီကမ္ဘာ့ကြီးကို အကောင်းဆုံး စွ န့်ပြစ်ခဲ့နိုင်ဖို့အတွက် နည်းလမ်းအသွယ်သွယ်ကို ကြိုးစားရှာဖွေဖေါ်ထုတ်နေခြင်းရယ်ပါ။

တကယ်တမ်းလည်း Elon Musk ဆိုလို့ရှိရင် Tesla ၊ SpaceX ၊ အလိုအလျှောက်လှုပ်ရှားနိုင်စွမ်းရှိတဲ့ စက်ကရိယာတွေ နဲ့ အာကာသသိပ္ပံပညာရပ်တွေ တွဲပြီးမြင်ယောင်လာလေ့ရှိပါတယ်။ သာမန်လူတစ်ယောက်အတွက်ဆိုရင် ဒီလိုစီမံကိန်းကြီးတွေ ဆို တာ ဦးနှောက်နဲ့စဉ်းစားနိုင်စွမ်းနည်းသူတွေရဲ့ အကြီးမားဆုံးသောလိမ်လည်မှုတွေ ဖြစ်တက်ပါတယ်။ ဒါပေမယ့် အားလုံးသိကြ တဲ့အတိုင်း Elon Musk ဆိုတာကတော့ Elon Musk ပါပဲ။ Bill Gates နဲ့ Steve Jobs တို့လို ကမ္ဘာကြီးကို ပြောင်းလဲပြစ်နိုင်စွမ်းရှိသူ ရှားရှားပါးပါးတစ်ဦး ဒါမှမဟုတ် သူတို့ထက်ကိုပိုမိုသာလွန်အောင် စွမ်းဆောင်နိုင်စွမ်းရှိသူတစ်ဦးလို့ ညွှန်းဆိုခံထားရသူပါ။ Elon Musk လုပ်ဆောင်နေတဲ့အလုပ်တွေအားလုံးကို အသေးစိတ်ချရေးနေမယ်ဆိုရင်တော့ တစ်ထောင့်တစ်ညပုံပြင်တောင်မှ ခပ်ပါးပါး စာအုပ်ငယ်တစ်ခုဖြစ်သွားလောက်ပါတယ်။ နောက်ထပ်ရှိနေသေးတာက ဒီနေ့ရေပန်းစားနေတဲ့ လူတို့ဖန်တီးထားတဲ့ အသိပညာ (Artificial Intelligence : AI) အကြောင်းပါ။ ကွန်ပြူတာတွေ ၊ Smartphone တွေ အရမ်းကိုအသုံးပြုလာကြတဲ့ လူသားမျိုးဆက်အတွက် AI ဟာ အနာဂတ်ပါပဲ။ သာမန်လူတွေနားလည်ဖို့ အနည်းငယ်အခက်တွေ့နိုင်မယ့် ဒီ AI ဘာသာရပ် မှာ ဦးဆောင်နေသူများထဲကတစ်ဦးဟာလည်း Elon Musk ပဲ ဖြစ်နေပါတော့တယ်။ ပြောကြစတမ်းဆိုရင် ဒီကမ္ဘာလောကကြီးကို ပိုင် စိုးတယ်ဆိုတဲ့ နတ်ဘုရားကြီး Zeus တောင်မှ Elon Musk နဲ့တွေ့ရင် Elon Musk လုပ်နေတဲ့ အလုပ်တွေအပေါ်မှာ မေးစရာ မြ န်းစရာ မေးခွန်းတွေအများကြီးဖြစ်နေပါလိမ့်မယ်။ Zeus နတ်မင်းကြီးတောင်သိချင်လောက်တဲ့ မေးခွန်းခေါင်းစဉ်တွေ ကိုကြည့်ရရင်တော့
မော်တော်ယာဉ်များ (Automotive)
လူတို့ဖန်တီးထားသော အသိဥဏ်ပညာ (Artificial Intelligence) အာကာသနည်းပညာ (Aerospace)
နေရောင်ခြည်သုံး စွမ်းအင် (Solar Energy)
စွမ်းအင်သိုလှောင်မှု (Energy Storage)
ဂြိုဟ်တု (Satellite)
အရှိန်မြင့် မြေအောက် သယ်ယူပို့ဆောင်ရေး (High-Speed Ground Transportation) 
အခြားဂြိုဟ်များသို့ နယ်မြေချဲ့ထွင်ရေး (Multi-Planetary Expansion)
ဆိုပြီး အစီအရီပေါ်ထွက်လာပါတယ်။

ဒီလိုဒီလို အလုပ်အကိုင် စီမံကိန်းပေါင်းများစွာနဲ့ Elon Musk ရဲ့ ရာဇဝင်ကို ပြန်ကြည့်ရမယ်ဆိုရင် Musk ဟာ အမေရိကန်ပြည် ပေါက်တစ်ဦးမဟုတ်ပါဘူး။ ၁၉၇၁ ခုနှစ်တုန်းက တောင်အာဖရိကမှာ Musk ကိုမွေးဖွားခဲ့ပါတယ်။ သူဟာ စည်းကမ်းတင်းကျပ်တဲ့ မိသားစုမှာ ကြီးပြင်းလာရသူတစ်ဦးဖြစ်ပြီး ကျောင်းမှာဆိုရင်လည်း ဘယ်တုန်းကမှ ကောင်းကောင်းအထိုင်မကျသူတစ်ဦးလို့ဆြို ကပါတယ်။ အစောပိုင်းကာလတွေတုန်းက Musk ရဲ့ ထူးခြားချက်ကိုပြောပါဆိုရင်တော့ သူဟာ မိမိဘာသာလေ့လာသင်ယူနိုင် စွ မ်းအားကောင်းပြီး သင်ယူဖို့အတွက်လည်း စိတ်အားအထူးထက်သန်သူတစ်ယောက်ပါ။ Musk ရဲ့ အစ်ကိုဖြစ်သူ Kimbal ရဲ့ အြေ ပာအရဆိုရင် Musk ဟာ တစ်နေ့တစ်နေ့ကို စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေအပါအဝင် စာပေအမျိုးအစားအစုံကို (၁၀) နာရီထက်မ နည်း ဖတ်ရှုနေလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ အဲဒီအချိန်က ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာ ပါဝင်လေ့ရှိတဲ့ အကြောင်းအ ရာတွေဟာ ယနေ့ Elon Musk ဖေါ်ဆောင်နေတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ လေးတန်းအရွယ် လောက်ရောက်တော့ Britannica စွယ်စုံကြမ်းထဲကနေ Musk တစ်ယောက် ခေါင်းမဖေါ်တော့ဘူးလို့ဆိုပါတယ်။

စာရေးဆရာ Ashlee Vance ရေးသားထုတ်ဝေခဲ့တဲ့ Elon Musk ရဲ့ အတ္ထုပ္ပတ္တိ အရဆိုရင် Musk ဟာ လူသားတွေကို ကွန်ပြူတာ များသဖွယ်မြင်ယောင်လေ့ရှိတယ်လို့ဆိုထားတာပါ။ ဒါဟာ တိုက်ရိုက်ခိုင်းနှိုင်းထားရခြင်းလဲဖြစ်ပါတယ်။ လူသားတွေရဲ့ Hardware က သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖြစ်ကြပြီး Software တွေကတော့ လူသားတွေရဲ့ တွေးခေါ်မှုတွေ ၊ တန်ဖိုးထားတဲ့ စနစ်တွေ ၊ အမူအကျင့်တွေနဲ့ ပင်ကိုယ်စရိုက်တွေပါတဲ့။ Elon Musk ပြောတဲ့အတိုင်းဆိုရင်တော့ လေ့လာသင်ယူခြင်းဆိုတာ Data တွေနဲ့ Algorithms (ပြဿနာဖြေရှင်းနည်းဖေါ်ထုတ်ရာမှာအသုံးပြုတဲ့ စနစ်တွေ) တွေကို မိမိတို့ရဲ့ ဦးနှောက်ဆီကို Download လုပ်ယူခြင်းပါပဲ။ ရိုးရိုးသာမန်စာသင်ခန်းတွေဟာ Musk အတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်စွမ်းမရှိတဲ့ နေရာတွေ ဖြစ်ပါတယ်တဲ့။ သူ့ ရဲ့အပြောအတိုင်းဆိုရင်တော့ Download Speed နှေးတဲ့နေရာတွေပေါ့။ ဆရာက တစ်စုံတစ်ရာကို ရှင်းပြနေချိန် အတန်းထဲထိုင်ပြီး နားထောင်နေရတာဟာ Musk အတွက်တော့ ပျင်းရိစရာအတိပါပဲလို့ ဆိုပါတယ်။ Elon Musk ဒီနေ့အထိသိရှိ နားလည် ထားတဲ့ အရာတွေ အားလုံးနီးပါးဟာ မိမိဘာသာရှာဖွေဖတ်ရှုထားတဲ့ စာအုပ်တွေကနေ လေ့လာရရှိ လာတာဖြစ်ပါသတဲ့။

စာအုပ်စာပေဟာ Elon Musk ရဲ့ ပထမဖြစ်သော စွဲလမ်းမှုတစ်ခုဆိုရင် သူ့ရဲ့ ဒုတိယမြောက်စွဲလမ်းမှုကတော့ ကိုးနှစ်သားမှာ ပထမဆုံးလက်ဝယ်အပိုင်ရရှိခဲ့တဲ့ Commodore VIC-20 ကွန်ပြူတာပဲဖြစ်ပါတယ်။ အဲဒီကွန်ပြူတာမှာ Memory က 5KB သာ ပါ ဝင်ပြီး ကွန်ပြူတာနဲ့အတူတပါတည်းပါလာတဲ့ “How to program” အညွှန်းစာအုပ်ဟာ ရိုးရိုးလူတွေဆိုရင် အပြီးလေ့လာဖို့ (၆) လလောက်အချိန်ယူကြလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုးနှစ်သား Musk ကတော့ (၃) ရက်သာအချိန်ယူခဲ့တယ်လို့ဆိုပါတယ်။ ဆယ့်နှစ်နှစ်သား Musk ကတော့ သူ့ရဲ့ အစွမ်းအစကိုအသုံးပြုဖို့ ကွန်ပြူတာ Game တစ်ခုကိုဖန်တီးခဲ့ဖူးပါတယ်။ အဲဒီ Game ကို Blastar ဆိုပြီး အမည်ပေးထားခဲ့ပြီး ခပ်ပေါ့ပေါ့ကစားနိုင်တဲ့ Game အမျိုးအစားတစ်ခုပါ။ ဒါပေမယ့် Flappy Bird ထက်တော့ ပိုကောင်းတာသေချာပါတယ် ဆိုပြီး Musk က Ashlee ကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်တုန်းက (၁၂) နှစ်သား Musk ကလေးဟာ ဒေါ်လာ (၅၀၀) တန် ကွန်ပြူတာမဂ္ဂဇင်း (ယနေ့ခေတ်တွင် ဒေါ်လာ ၁,၂၀၀ ခန့်တန်သော) ကိုထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့အထိ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါတယ်။

မွေးရပ်မြေဟာ Musk အတွက်တော့ လွမ်းစရာကောင်းတဲ့ နေရာတစ်ခုမဟုတ်တာသေချာလှပါတယ်။ တောင်အာဖရိကသားတွေ နှစ်ခြိုက်လေ့ရှိတဲ့အရာတွေအားလုံးနည်းပါးကို မနှစ်သက်သူတစ်ယောက် ဒါမှမဟုတ် လူထူးလူဆန်းတစ်ဦးအဖြစ်နဲ့ Musk ဟာ ဘယ်တုန်းကမှ မွေးရပ်မြေမှာအထိုင်မကျခဲ့တာပါ။ အာဖရိကန်ယဉ်ကျေးမှုဟာ အဲဒီနေရာမှာ ကြီးပြင်းခဲ့ရတဲ့ စွန့်ဦးစီးပွားရေးသမားတစ်ဦးအတွက်တော့ မနှစ်မြို့စရာ အိပ်မက်ဆိုးတွေချည့်ပါပဲ။ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်ရမယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ အိပ်မက် Silicon Valley ကိုတွေ့ရှိပြီးခဲ့တဲ့ နောက်မှာတော့ Musk ဟာ တောင်အာဖရိကကို ထာဝရ နုတ်ဆက် ခဲ့ပါတော့တယ်။ အဲဒီလို စွန့်ခွာလာခဲ့တဲ့အချိန်တုန်းက Elon Musk ဆိုတာ ကွန်ပြူတာတွေစိတ်ဝင်စားတဲ့ (၁၇) နှစ်သားလေးတ စ်ဦးရယ်ပါ။ ကနေဒါနိုင်ငံသူမိခင်ကနေ ပေါက်ဖွားလာသူ တစ်ယောက်ဖြစ်လို့ Musk ရဲ့ပထမဆုံးနိုင်ငံရပ်ခြား နယ်မြေသစ်က ကနေဒါ နိုင်ငံဖြစ်ခဲ့ပါတယ်။ ကနေဒါကို စတင်ပြောင်းရွှေ့ လာခဲ့ရခြင်းဟာ ပိုမိုလွယ်ကူလို့ဖြစ်ခဲ့ပေမယ့် Musk ရဲ့ ရည်ရွယ်ရာကတော့ အိပ်မက်ကြီးတွေကို အကောင်အထည်ဖေါ်ဆောင်နိုင်တဲ့ အမေရိကပါပဲ။ Elon Musk တစ်ယောက် ကနေဒါမှာ နှစ်အနည်းငယ်သာနေထိုင်ခဲ့ပြီး Pennsylvania တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခဲ့ခြင်းဟာ ကမ္ဘာ့စွန့်ဦး စီးပွားရေးဘီလီယံနာလောင်းလျာတစ်ဦး အမေရိကသို့စတင်ခြေချခဲ့ခြင်းလဲဖြစ်ခဲ့ ရပါတော့တယ်။

အမေရိကန်နိုင်ငံမှာ ကောလိပ်ကျောင်းသားဖြစ်လာတဲ့ Musk မှာ ဘဝနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့ မေးခွန်းတစ်ခုရှိနေခဲ့ပါတယ်။

“အနာဂတ်လူ့လောကကို အကျိုးသက်ရောက်မှုအများဆုံးဖြစ်လာနိုင်တဲ့အရာတွေက ဘာတွေလဲ”

အဲဒီအချိန်ကထဲက Elon Musk ရဲ့ အဖြေ (၅) မျိုးဟာ သူဒီကနေ့အထိအကောင်အထည်ဖေါ်ဆောင်နေတဲ့အရာတွေ ဒါမှ မဟု တ် သူဖန်တီးထားတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်တည်နေတဲ့ ဒြပ်စင်တွေဖြစ်နေခဲ့တော့တာပါပဲ။

“အင်တာနက် ၊ တာရှည်သုံးစွဲနိုင်မယ့် စွမ်းအင် ၊ အာကာသစူးစမ်းလေ့လာဖေါ်ထုတ်ရေး (အတိအကျဆိုရင် ကမ္ဘာကြီးရဲ့ သက် တမ်းအလွန် တည်မြဲနိုင်မယ့် နယ်မြေသစ်) ၊ လူတို့ဖန်တီးနိုင်မယ့် အသိဥဏ်ပညာ နဲ့ လူသားမျိုးရိုးဗီဇ Code တွေကို ညွှန်ကြား ချက်ပြန်လည်ပေးအပ်ခြင်း” ဆိုတာတွေဟာ Musk ရဲ့ ရှင်းလင်းတိကျတဲ့အဖြေတွေဖြစ်ခဲ့ပြီး ယနေ့အထိလည်း Musk လိုက်လံဖ မ်းဆုပ်နိုင်ဖို့ကြိုးစားနေတဲ့ အိပ်မက်တွေလည်းဖြစ်နေဆဲပါပဲ။

ဖေါ်ပြပါဘဝရည်မှန်းချက် (၅) ရပ်ထဲမှာ Musk ဟာ နောက်ဆုံး (၃) ခုအတွက် မရေမရာဖြစ်ခဲ့ပေမယ့် ပထမ (၂) ခုအပေါ် မှာေ တာ့ အကောင်းမြင်ခဲ့ပါတယ်။ ကနဦးမှာ အာကာသစူးစမ်းလေ့လာ ရှာဖွေဖေါ်ထုတ်ရေးအတွက် ထည့်သွင်းမစဉ်းစားခဲ့ ပေမယ့် အင်တာနက်နဲ့ တာရှည်သုံးစွဲနိုင်မယ့်စွမ်းအင်အပေါ်မှာ စနစ်တကျရွေးခြယ်ပြီး အာရုံစူးစိုက်လုပ်ကိုင်ခဲ့တာကို အားလုံးတွေ့ကြ ရမှာပါ။

ပထမဆုံးသော သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ တာရှည်သုံးစွဲနိုင်မယ့် စွမ်းအင်လမ်းကြောင်းပေါ်ကို လျောက်လှမ်းဖို့ပါပဲ။ ကောလိပ် ပြီးတဲ့နောက်မှာ Elon Musk ဟာ အဆင့်မြင့်စွမ်းအင်သိပ်သည်းမှုလုပ်ဆောင်နိုင်စွမ်း ကိုလေ့လာဖို့အတွက် Stanford PhD Program မှာစာရင်းပေးသွင်းခဲ့ပါတယ်။ ခပ်လွယ်လွယ်ပြောရမယ်ဆိုရင်တော့ သာမန် ဘက်ထရီတွေထက် စွမ်းအင်သိုလှောင်အား ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေရှာဖွေဖေါ်ထုတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ အဲဒီအချိန်တွေတုန်းက Musk သိခဲ့တဲ့ တာရှည် ခံသောစွမ်းအင်အတွက် အဓိကကျတဲ့ အချက်တွေဟာ ယနေ့လျှပ်စစ်ကားလုပ်ငန်းမှာ ရှေ့ဆောင်သူတစ်ဦးဖြစ်ဖို့ အရှိန်အဟုန်နဲ့ကို အကူအညီဖြစ်နေတော့တာပါပဲ။

ဒါပေမယ့် အဲဒီ Program မှာ ဝင်တက်ပြီး (၂) ရက်အကြာမှာပဲ Elon Musk အတွက် ထုထည်ကြီးမားလှတဲ့ စိတ်လှုပ်ရှားမှု တစ်ခုရှိလာပါတော့တယ်။ အချိန်က ၁၉၉၅ ခုနှစ်ဖြစ်တော့ အင်တာနက်တွေ အားကောင်းလာတဲ့အချိန်ပေါ့။ သူဟာ အင်တာနက် ရဲ့ပြောင်းလဲတိုးတက်လာမှုကို ဆက်လက်စောင့်ကြည့်ရုံနဲ့မတင်းတိမ်တော့ပါဘူး။ အင်တာနက်လောကထဲကို ခုန် ပေါက်ဝင်ရောက်လာပြီး ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ချင်လာပါတော့တယ်။ ဒါနဲ့ပဲ စွမ်းအင်လမ်းကြောင်းပေါ်က ခုန်ဆင်းနေခဲ့ပြီး အဲဒီအစား အင်တာနက်လမ်းကြောင်းပေါ်မှာ လျောက်လှမ်းဖို့ Elon Musk တစ်ယောက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာနက်နဲ့ပတ်သက်ပြီး Musk ရဲ့ပထမဆုံးခြေလှမ်းကတော့ ၁၉၉၅ ခုနှစ် အင်တာနက်နယ်ပယ်မှာ ဆရာကြီးဖြစ်နေတဲ့ Netscape မှာ အလုပ်ရဖို့လုပ်ဆောင်ခဲ့ခြင်းပါပဲ။ Musk ရဲ့ ပထမဆုံးအလုပ်ဟာ သူ့ရဲ့ စကားပြောဆိုရာမှာ ရှက်ရွံနေတက်ခြင်းကြောင့် သိပ်ကြာကြာမခံခဲ့ပါဘူး။ ပြောရမယ်ဆိုရင် အလုပ်လုပ်ဖို့ဝင်လာတယ် ၊ အဆင်မပြေစွာနဲ့ ဟိုနားမတ်မတ် ဒီနားမတ်မတ် ရပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ထွက်ခွာလာခဲ့တာပါ။

Musk ဟာ သူ့ရဲ့ ပထမဆုံးအသက်မွေးဝမ်းကြောင်းအလုပ်ကနေ ထွက်ခွာလာပြီးနောက် အင်တာနက်နယ်ပယ်ထဲကို သူ့ရဲ့ အစ် ကိုဖြစ်သူ Kimbal (အမေရိကန်နိုင်ငံသို့ Musk နောက်မှလိုက်လာသူ) နဲ့အတူ Zip2 ဆိုတဲ့ ကုမ္ပဏီတစ်ခုစတင်တည်ထောင်ခြ င်းနဲ့အတူ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးတည်ထောင်ခဲ့တဲ့ Zip2 ဟာ ဘာနဲ့သွားတူသလဲဆိုတော့ ကနဦးကာလတွေတုန်းက Yelp နဲ့ Google Maps တို့လိုပါပဲ။ ဘာမှဖြစ်မလာသေးသူတွေရဲ့ ပုံစံအတိုင်းပဲပေါ့။ Online လမ်းညွှန် စာအုပ်မှာ ပါဝင်နိုင်ဖို့ ဒါမှမဟုတ် Yellow Pages တွေမှာ သူတို့ရဲ့ ကုမ္ပဏီအမည်စာရင်းပါဝင်နိုင်ဖို့ နဲ့ လုပ်ငန်းရရှိဖို့ဆိုတာ သူ တို့ရဲ့ ဦးစားပေး ရည်မှန်းချက်တွေဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးမှာ ပိုက်ဆံမရှိတဲ့အတွက် ရုံးမှာအိပ်ပြီး ရေချိုးဖို့ဆိုရင် YMCA လိုနေရာမျိုးကို အားကိုးခဲ့ကြရပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ ဦးဆောင် Programmer ဖြစ်တဲ့ Musk ဟာ သူရဲ့ ကွန်ပြူ တာ နဲ့အတူ အလုပ်ကို စွဲစွဲမြဲမြဲ တစ်ချိန်လုံး အလုပ်လုပ်နေခဲ့တာပါ။ အဲဒီအချိန်က ၁၉၉၅ ခုနှစ်ဖြစ်တဲ့အတိုင်း လုပ်ငန်းတွေကို အင်တာနက်ဆိုတာဘယ်လိုအရေးကြီးကြောင်း သိမ်းသွင်းစည်းရုံးဖို့တကယ့်ကိုမလွယ်ကူတဲ့ ရက်စွဲတွေပါပဲ။ အများစု ကလဲ အင် တာနက်မှာကြော်ငြာထည့်ဖို့ဆိုတာ “သူတို့ကြားဖူးသမျှထဲမှာ အဆိုးဆုံးအရာပဲ” လို့ပြောဆိုနေခဲ့ကြတာပါ။ အချိန် နည်းနည်ြး ကာလာတဲ့အခါမှာတော့ အဓိကကျလှတဲ့ Musk ရဲ့ကြိုးစားအားထုတ်မှုကနေ အခါအားလျော်စွာဆိုသလို Zap2 ဟာ စင်ပေါ်ရောက်လာခဲ့ပြီး ကုမ္ပဏီဟာလည်း ကြီးထွားလာခဲ့ပါတယ်။ ၉၀ပြည့်လွန်နှစ်များဆိုတဲ့အတိုင်း အင်တာနက် ပေါက်ထွက်မှုပြင်းအားနဲ့အတူ လုပ်ငန်းသစ်တည်ထောင်သူတွေ ဟိုကဒီကပေါ်ထွက်လာပြီး အချို့ဟာ အောင်မြင်မှုအကြီး အကျယ် ရရှိလာခဲ့ကြကာ လုပ်ငန်းကြီးလုပ်ကိုင်သူတွေက အလားအလာရှိတဲ့လုပ်ငန်းသစ်ကလေးတွေကို အလစ်သုတ် ဝယ်ယူတဲ့အချိန်ဖြစ်လာခဲ့ပါတော့တယ်။ ၁၉၉၉ ခုနှစ်မှာ Compaq က Zip2 ကို အမေရိကန်ဒေါ်လာ (၃၀၇) သန်းနဲ့အလစ်သုတ် ဝယ်ယူခြင်းခံခဲ့ရပြီး အဲဒီအချိန်က အသက် (၂၇) နှစ်သာရှိသေးတဲ့ Elon Musk ဟာ ကိုယ်ပိုင်ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ (၂၂) သန်းပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတော့တယ်။

ဒါဟာ Elon Musk ဆိုသူအံဖွယ်လူသားတစ်ဦးရဲ့ စတင်ခြင်းရယ်ပါ။ သူ့ရဲ့ပထမဆုံး စွန့်စားမှုခရီးစဉ်ကို အောင်မြင်စွာနဲ့အဆုံး သ တ်ခဲ့နိုင်ပြီးနောက် Musk ဟာ ချက်ခြင်းဆိုသလိုပဲ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးတဲ့ အလုပ်အကိုင်သစ်တစ်ခုထဲကို ခြေစုန်ပြစ်ဝင်ခဲ့ ပြန် ပါတယ်။ အဲဒီအချိန်က dot-com millionaire (အင်တာနက်သန်းကြွယ်သူဌေးတွေ) ရဲ့ ဥပဒေသစာအုပ်ကြီးအတိုင်းလုပ်ကိုင်မယ်ဆိုရင်တော့ အင်တာနက်နဲ့ပတ်သက်ပြီး ကုမ္ပဏီထောင် ၊ ၉၀ ခုနှစ်လွန် အင်တာနက် ပေါက်ထွက်လာမှုကြီးမှာ အောင်မြင်အောင်လုပ် ၊ ပြီးရင်သန်းချီတဲ့တန်ဖိုးနဲ့ပြန်လည်ရောင်းချပြီး သာသာယာသာအနားယူနေထိုင်သွားရင်သွား ဒါမှမဟုတ် ရည်မှန်းချက်တွေရှိနေသေးတယ်ဆိုရင်တော့ အောင်မြင်မှုရရှိပြီးသူတို့ရဲ့ ထုံးစံအတိုင်း အခြားသူတွေရဲ့ ရင်းနှီးမြှုပ်နှံငွေနဲ့ ကုမ္ပဏီအသစ် တစ်ခုတည်ထောင်ချင်ရင်ထောင် ဒီလိုမျိုးဖြစ်ခဲ့ရမှာပါ။ ဒါပေမယ့် Musk ကတော့ စာအုပ်ကြီးအတိုင်း လုပ်ကိုင်သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ပိုင်ဆိုင်မှု လေးပုံပုံသုံးပုံကို သူ့ရဲ့ စိတ်ကူးစိတ်သန်းအသစ်ထဲမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒီစိတ်ကူးသစ်ကတော့ တော်တော်ကြီးကို စွန့်စားရာကျတဲ့ Online Banking လုပ်ငန်းပါ။ ငွေသွင်းမှု ၊ ငွေထုတ်မှု ၊ စစ်ဆေးမှု ၊ အကျိုးဆောင်ခတွေ ပြည့်နှက်နေတဲ့ Online ဘဏ်လုပ်ငန်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပြီး အဲဒါကိုတော့ X.com လို့ခေါ်ဆိုခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Oline-Banking ဆိုတာဟာ ရူးနှမ်းသူတွေတည်ထောင်တဲ့လုပ်ငန်းမဟုတ်တော့ပါဘူး။ ဒါပေမယ့် ၁၉၉၉ ခုနှစ် တုန်းကတော့ အင်တာနက်နဲ့သက်ဆိုင်တဲ့ ကုမ္ပဏီငယ်အသစ်တစ်အခုအတွက် ကြီးမားလှတဲ့ ဘဏ်လုပ်ငန်းကြီးတွေအကြား ယှဉ်ြ ပိုင်ဝင်ရောက်ပြီးတိုးတက်အောင်မြင်နိုင်ဖို့ဆိုတာက အဲဒီအချိန်က ဘယ်သူမှမကြားဖူး မတွေးဖူးတဲ့အလုပ်တစ်ခု ဖြစ်ခဲ့ပါ တယ်။

Musk တည်ထောင်တဲ့ X.com ရုံးစိုက်ရာ အဆောက်အဦးတစ်ခုထဲမှာပဲ Peter Thiel နဲ့ Max Levchin တို့တည်ထောင် လုပ်ကိုင်နေတဲ့ နောက်ထပ် ငွေကြေးဆိုင်ရာ အင်တာနက်ကုမ္ပဏီတစ်ခုရှိလို့နေပါတယ်။ နာမည်ကတော့ Confinity ပါ။ X.com ရဲ့ မျာြး ပားလှတဲ့ အင်္ဂါရပ်တွေထဲကတစ်ခုကတော့ လွယ်ကူလှတဲ့ ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုပေးခြင်းဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ Confinity ကလဲ အဲဒီလိုမျိုး ဝန်ဆောင်မှုမျိုးကို လိုက်လံလုပ်ဆောင်ကြပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးဟာ လွယ်ကူစွာ ငွေကြေးလွှဲပြောင်းနိုင်ခြင်း ဝန်ဆောင်မှုအတွက် ဈေးကွက်ကတောင်းဆိုလာခြင်းတွေကို ကောင်းစွာသတိထားမိခဲ့ကြပြီး တစ်ခုနဲ့တစ်ခု ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်ခဲ့ကြတော့တယ်။ တခါတလေမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဟာ ပေါင်းစည်းသွား တက်ပြီး ပိုမိုအားကောင်း လာတဲ့ လုပ်ငန်းတွေရှိတက်ပါတယ်။ X.com နဲ့ Confinity ရဲ့ပြိုင်ဆိုင်မှုဟာလဲဒီလိုပါပဲ။ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် ရလဒ်အဖြစ် ဒီကနေ့ PayPal ဆိုတာဖြစ်လာပါတော့တယ်။

X.com နဲ့ Confinity တို့ဟာ တူညီတဲ့အကျိုးစီးပွားတစ်ခုအတွက် ပေါင်းစည်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးပေါင်းစည်းမှု အတွင်းမှာ အတ္တတွေနဲ့ ပဋိပက္ခတွေကတော့ ရှိနေတက်တာအမှန်ပါ။ Musk ဟာ Peter Thiel နဲ့ပူးပေါင်းခဲ့တဲ့နေရာမှာ အဲဒီအချိန် အင်တာနက်လောကမှာ အရမ်းအောင်မြင်နေကြသူတွေ အစစ်ပါလာတဲ့အတွက် ပေါင်းစည်းမှုရလဒ်ဖြစ်တဲ့ PayPal ဟာ အလျင် အမြန်ပဲ ကြီးထွားအောင်မြင်လာခဲ့ပါတယ်။ သို့ပေမယ့် ရုံးခန်းအတွင်းအခြေအနေတွေကတာ့ သိပ်အကောင်းကြီးမဟုတ်လှပါဘူး။ ဒီပဋိပက္ခတွေဟာ ၂၀၀၀ ပြည့်လွန်နှစ်များမှာတော့ ပေါက်ကွဲထွက်လာပါတော့တယ်။ အဲဒီအချိန်က Musk ဟာ သူ့ရဲ့ ပထမ ဇနီးဖြစ်သူ Justine နဲ့ ဟန်နီးမွန်းခရီးထွက်စဉ်ကာလပေါ့။ Musk ဆန့်ကျင်သူတွေက Paypal ရဲ့ CEO နေရာမှာ Musk အစား Theil ကို ပြောင်းလည်းခန့်အပ်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်အပေါ် အံအားသင့်နေတဲ့ Musk ဟာ ဆန့်ကျင်သူတွေရဲ့ ဆုံးဖြတ်ချက် ကို လက်သင့်မခံခဲ့ပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် နားလည်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ သူဟာ ကုမ္ပဏီအဖွဲ့အတွင်း အဆင့်မြင့်ရာထူးနေရာမှာ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လက်လုပ်ဆောင်ခဲ့ ပါတယ်။ ပိုမိုအောင်မြင်လာတဲ့အချိန်အထိစောင့်ဆိုင်းနေခဲ့တဲ့ Musk ဟာ ၂၀၀၂ ခုနှစ်အတွင်း ကုမ္ပဏီရဲ့ အများဆုံး ရှယ်ယာပိုင်ရှင် တစ်ယောက် အနေနဲ့ Paypal ကို eBay ထံသို့ အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံနဲ့ရောင်းချခဲ့ကာ အခွန်ဆောင်ပြီး ငွေသား အမေရိကန်ဒေါ်လာ သန်း (၁၈၀) ပိုက်ပြီး ထွက်ခွာသွားပါတော့တယ်။

ပထမအကြိမ်အောင်မြင်မှုရရှိချိန်မှာ စာအုပ်အကြီးအတိုင်းလုပ်ကိုင်ခဲ့ပါက Musk တစ်ယောက် ပိုမိုချမ်းသာကြွယ်ဝမှုကို မရရှိ နိုင်သလို Paypal ကုမ္ပဏီအတွင်း အာဏာသိမ်းမှုဖြစ်စဉ်မှာ ဒေါသနဲ့မာန်မာနအလျောက် ချက်ခြင်းလက်ငင်းထွက်ခွာခဲ့ရင်လည်း ၂၀၀၂ ခုနှစ် အသက် (၃၁) နှစ်အရွယ်မှာ ချမ်းသာတယ်ဆိုတဲ့သူတွေထက် ပိုမိုချမ်းသာသူတစ်ယောက်အဖြစ်ကို Elon Musk တစ်ယောက် ရောက်ရှိလာနိုင်မှာမဟုတ်ပါဘူး။ သူဟာ သာမန်လူ သို့မဟုတ် အရင်ကလူတွေလုပ်လေ့လုပ်ထရှိတဲ့ ဥပေဒေသ တွေ ကို မီးရှို့ပြစ်ပြီး ပိုမိုတောက်ပစွာ လင်းလက်လာသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ ဒါဟာ Elon Musk သို့မဟုတ် အံဖွယ်ကောင်းသော လူသားတစ်ဦးရဲ့ အစောပိုင်း လုပ်ဆောင်ချက်တွေဖြစ်ခဲ့ပါတယ်။ လိုအပ်တဲ့ငွေကြေးချမ်းသာကြွယ်ဝမှု ရရှိပြီး တဲ့နောက်မှာတော့ Musk ဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက်တွေနောက်ကို တောက်လျောက်လိုက်ခဲ့ပါတော့တယ်။

၂၀၀၂ ခုနှစ် PayPal ကိုရောင်းချပြီး ချက်ခြင်းဆိုသလိုပဲ Musk ဟာ ဒုံးပျံယာဉ် နည်းပညာကို အထူးဂရုပြု လေ့လာဖတ်ရှုနေခဲ့ ပါ တယ်။ နောက်တစ်နှစ်အကြာမှာတော့ Musk ဟာ ဘယ်သူရဲ့အကြံပေးမှုမျိုးကိုမှလက်မခံခဲ့ဘဲ ဘယ်သူမှမထင်မှတ်ထားတဲ့ SpaceX လို့ခေါ်တဲ့ အာကာသဒုံးပျံယာဉ်တည်ဆောက်ရေးကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း (၁၀၀) ရင်းနှီးမြှုပ်နှံပြီး စတင် ထူထောင်ခဲ့ပါတယ်။ သူရဲ့ SpaceX ကိုတည်ထောင်ရခြင်းရည်မှန်းချက်တွေအရ အနာဂတ်လူ့အဖွဲ့အစည်းဟာ ကမ္ဘာကြီးပေါ်မှာ တင်မကဘဲ အခြားဂြိုဟ်များအထိ နယ်မြေချဲ့ထွင်နိုင်ဖို့နဲ့ နောင်ရာစုနှစ်အတွင်း အနည်းဆုံး လူတစ်သန်းလောက် Mars ဂြိုဟ်ပေါ်မှာ အခြေချနေထိုင်နိုင်ဖို့တွေအထိ ပါဝင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ထင်ရလောက်တဲ့ ငယ်ဘဝအိပ်မက်တွေကို အောင်မြင်ေ အာင် အကောင်အထည်ဖေါ်ဆောင်နိုင်စွမ်းရှိတဲ့ Elon Musk ရဲ့ နောက်ထပ် လိုက်လံဖမ်းဆုပ်နေတဲ့ အိပ်မက်တွေကရော အမှန်တကယ်ဖြစ်နိုင်ပါ့မလား။

၂၀၀၃ ခုနှစ်အတွင်း SpaceX ကိုတည်ထောင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ Elon Musk ဟာ ၂၀၀၄ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ဘယ်သူရဲ့အကြံပေးမှုမျိုးကိုမှလက်မခံခဲ့ဘဲ ဘယ်သူမှမထင်မှတ်ထားတဲ့ နောက်ထပ်စွန့်စားမှုခရီးစဉ်အသစ်တစ်ခုကို ယူဆောင် လာပြန်ပါတယ်။ အဲဒီ ခရီးစဉ်အသစ်ကို Tesla လို့အမည်ပေးထားပြီး လျှပ်စစ်စွမ်းအင်အသုံးပြု မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ အတွက်တည်ထောင်ခဲ့တဲ့ Elon Musk ရဲ့ နောက်ထပ်အိပ်မက်သစ်တစ်ခုရယ်ပါ။ Tesla ဟာ ရေနံကိုအခြေခံထားတဲ့ လောင်စာသုံး ကမ္ဘာ့ကားဈေးကွက်ကို ဖောက်ထွက်နိုင်ဖို့အတွက် Musk ရဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်သလို လူသားများရဲ့ အနာဂတ်အတွက် တာရှည်ခံတဲ့စွမ်းအင်ဖေါ်ထုတ်မှု စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသလို့ပြောရင်လည်း ဘယ်သူမှငြင်းနိုင်မယ် မထင်ပါဘူး။ Tesla မှာ Musk ဟာ တစ်ဦးတည်းရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း (၇၀) ထည့်သွင်းမြှုပ်နှံခဲ့ပြီး အခုလိုမျိုးလျှပ်စစ်စွမ်းအင် သုံး မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းဟာ အမေရိကန်နိုင်ငံမှာ ၁၉၂၅ ခုနှစ်တုန်းက Chrysler ကုမ္ပဏီရဲ့ မအောင်မြင်တဲ့ စမ်းသပ်ထုတ်လုပ်မှုတွေနောက်ပိုင်း ဘယ်သူကမှ ဆက်လက်လုပ်ဆောင်ခြင်းမရှိတဲ့ လုပ်ငန်းလည်းဖြစ်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ SpaceX ၊ ၂၀၀၄ ခုနှစ်မှာ Tesla ကိုတည်ထောင်ခဲ့တဲ့ Elon Musk ဟာ ၂၀၀၆ ခုနှစ်မှာ SpaceX နဲ့ Tesla လုပ်ငန်းတွေကို ဦးဆောင်နေရင်းကနေ နောက်ထပ် ကုမ္ပဏီတစ်ခုကို သူ့ရဲ့ ဝမ်းကွဲညီအစ်ကိုတွေနဲ့ပူးပေါင်းပြီး ထပ်မံ တည်ထောင်ခဲ့ပြန်ပါတယ်။ SolarCity လို့အမည်ရတဲ့ အဲဒီကုမ္ပဏီမှာ Musk ဟာ ဒေါ်လာ၁၀) သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး ရည်ရွယ်ချက်ကတော့ ရုပ်ြ ကွင်းလောင်စာဆီတွေနေရာမှာ တာရှည်ခံတဲ့စွမ်းအင်ကိုအစားထိုးသုံးစွဲနိုင်ဖို့ဖြစ်ပါတယ်။ လူသန်း ပေါင်းများစွာရဲ့ အိမ်အမိုးတွေ မှာ နေရောင်ခြည်ကိုစုပ်ယူနိုင်တဲ့ Solar Panel တွေကို အစားထိုးအသုံးပြုခြင်းအားဖြင့် ရုပ်ကြွင်း လောင်စာအသုံးပြုမှုကို အလွန် အမင်း လျော့ချနိုင်မယ်လို့ Musk တစ်ယောက်ယုံကြည်ခဲ့တာပါ။ ခေတ်အဆက်အဆက် တီထွင် ကြံဆခဲ့ကြတဲ့ Solar Panelေ တွထက်ပိုမိုသာလွန်တဲ့ Solar Panel တွေကို ထုတ်လုပ်နိုင်မယ်လို့လည်း Musk တစ်ယောက် ယုံကြည်ခဲ့တာပါပဲ။

PayPal ကိုရောင်းချပြီး (၄) နှစ်အတွင်း Elon Musk လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ကြည့်မယ်ဆိုရင် လူတော်တော်များများ ကတော့ ဒါဟာ ဝမ်းနည်းစရာ ဇတ်လမ်းတစ်ပုဒ်လို့ဆိုကြမှာသေချာပါတယ်။ ထင်ယောင်ထင်မှား စိတ်ဝေဒနာရှင် မီလီယံနာ တစ်ယောက်ရဲ့ ကသောက်ကနင်း အိပ်မက်တွေနောက်ကို ခြေရာခံခြင်းလို့လဲဆိုကောင်းဆိုကြမှာပါ။ ဖြစ်ထွန်းနိုင်ဖွယ်မရှိသော စီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ရင်း လူငယ်ခြေတက်တစ်ဦးဟာ သူ့ရဲ့အနာဂတ်ကို သူ့ဘာသာပြန်လည် ဖြုန်းတီးပြစ်ခြ င်းလို့လဲ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ကလေးကလား အိပ်မက်တွေနောက်ကိုလိုက်ရင်း အောင်မြင်မှုမရလေ သွေးရူးသွေးတမ်း နဲ့ ကုမ္ပဏီအသစ်တွေတည်ထောင်လေ ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့တာကလည်း အမှန်လိုပါပဲ။
ဒါပေမယ့်...
ဒါပေမယ့်ပေါ့။ ၂၀၀၈ ခုနှစ်မှာတော့ Elon Musk ရဲ့ လုပ်ရပ်တွေဟာ အကောင်အထည် အနည်းငယ်လို့ဆိုပါစေ ပေါ်လာပါ တော့ တယ်။ SpaceX ဟာ အာကာသဒုံးပျံတွေ ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာကို သိရှိနားလည်လာပြီး တကယ်ကို အလုပ်ဖြစ် တဲ့ အာကာသဒုံးပျံတွေ ထုတ်လုပ်နိုင်ခဲ့တဲ့အပြင် သုံးကြိမ်တိုင်တိုင် ဒုံးပျံလွှတ်တင်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ သုံးကြိမ်စလုံး ဂြိုဟ်ပတ်လမ်းကြောင်းကို မကျော်လွန်နိုင်ဘဲ ပေါက်ကွဲခဲ့ပေမယ့် ကုမ္ပဏီတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ မနည်းလှတဲ့ အောင်မြ င်မှုလို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် SpaceX မှာ အရင်းအနှီးအကြီးကြီး မြှုပ်နှံခဲ့တဲ့ Musk ဟာ ရေခမ်းနေသူတစ်ဦး ဖြစ်နေခဲ့ပါပြီ။ တကယ်လို့ ပြင်ပ ရင်းနှီးမြှုပ်နှံမှုတွေမရခဲ့ဘူးဆိုပါက သူ့မှာ နောက်ထပ် အာကာသဒုံးပျံယာဉ်တစ်စီးသာ လွှတ်တင်နိုင်စွမ်းရှိပါေ တာ့တယ်ဆိုပြီး Musk ကဝန်ခံခဲ့ပါတယ်။ ဒီ လေးကြိမ်မြောက် ဒုံးပျံယာဉ်လွှတ်တင်မှုသာ ကျဆုံးခဲ့မယ်ဆို ပါက SpaceX ဟာလ ည်း နိဌိတံပါပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုမျိုး SpaceX အကျဉ်းအကျပ်ကာလရောက်နေတဲ့အချိန်မှာ Tesla ဟာလဲ အကောင်းမြင်ဘဝကို မရောက်ခဲ့နိုင်သေးပါဘူး။ Tesla Roadster ဆိုတဲ့ လျှပ်စစ်စွမ်းအင်သုံး ကားမော်ဒယ်အသစ် ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပေမယ့် ပြင်ပကမ္ဘာမှာတော့ သိပ် အကောင်းကြီးမဟုတ်ခဲ့ပါဘူး။ Silicon Valley ရဲ့ အတင်းအဖျင်း Blog တစ်ခုဖြစ်တဲ့ Valleywag ကဆိုရင် Tesla Roadster ကို ၂၀၀၇ ခုနှစ်အတွက် နံပတ် (၁) ဆုံးရှုံးမှုကြီးဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။ Telsa ရဲ့ ပထမဆုံးထုတ်ကုန် ကျရှုံးမှုဟာ ကမ္ဘာ့စီး ပွားရေး ရုပ်ချည်းရပ်တန့်မှု မဖြစ်ခဲ့ရင် ပိုပြီး အဆင်ပြေကောင်းအဆင်ပြေပါလိမ့်မယ်။ အဲဒီအချိန်က ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ပျက်ကပ်မှာ မော်တော်ကားကုမ္ပဏီတွေအားလုံးနီးပါး ပြင်းပြင်းထန်ထန်ထိခိုက်ခံစားခဲ့ကြရပြီး အထူးသဖြင့် ကားအမျိုးအစားအသ စ်တွေ ဒါမှမဟုတ် သက်သေပြပြီးမဟုတ်တဲ့ကားတွေအတွက်တတော့ ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် SpaceX လိုပဲ Tesla ဟာလည်း ငွေပြတ်နေရပါပြီ။ Elon Musk ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း နှစ်ရပ်စလုံးမှာ ပြိုလဲနေစဉ် အကောင်းပက တိရှိတာဆိုလို့ ရှစ်နှစ်ကြာတည်မြဲနေတဲ့ သူ့ရဲ့ အိမ်ထောင်ရေးပဲကျန်ပါတော့တယ်။ အဲဒီ ခိုင်မာပြီး တည်ငြိမ်နေတယ်လို့ထင်ရ တဲ့ အိမ်ထောင်ရေးဟာလဲ ဘယ်သူမှမထင်မှတ်ထားပဲ အကွဲအပြဲဖြစ်လာ ချိန်မှာတော့......

ဘဝဟာ အမှောင်ထုကို ရောက်ရှိနေချိန်ဆိုတာထက် ပိုတဲ့အနေအထားကို Elon Musk တစ်ယောက် ရရှိခဲ့ပါတော့တယ်။

ဒီနေရာမှာ ပြောလိုတာတစ်ခုက Elon Musk ဆိုတာ အရူးတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့သလို ဘယ်တုန်းကမှလဲ အဆ င့်မြင့်တန်းမှာရပ်တည်လို့မရတဲ့ ကုမ္ပဏီတွေ တည်ထောင်ခဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူဟာ အလွန့်အလွန် အောင်မြင်ခဲ့ တဲ့ ကုမ္ပဏီတွေကို တည်ထောင်ခဲ့ဖူးသူပါ။ တကယ်တော့ အာကာသဒုံးပျံယာဉ်တည်ဆောက်မှုဆိုတာက ပုဂ္ဂလိက ကုမ္ပဏီတစ်ခု အတွက်ဆိုရင် အဲဒီကုမ္ပဏီက ဘယ်လောက်ကြီးတဲ့ကုမ္ပဏီဖြစ်ပါစေ မတွေးနိုင်လောက်အောင် ခက်ခဲတဲ့ အရာ တစ်ခုပါ။ ကမ္ဘာ မှာ ကြီးမားတောင့်တင်းလှတဲ့ မော်တော်ကားကုမ္ပဏီတွေများစွာယှဉ်ပြိုင်နေကြချိန် ခက်ခဲတဲ့နည်းပညာအသစ်နဲ့ ကားထုတ်လု ပ်ရေးလုပ်ငန်းအသစ်ကို တည်ထောင်ပြီး ထိုးဖေါက်ဝင်ရောက်ဖို့ဆိုတာကလည်း ထင်သလောက် လွယ်ကူလှတဲ့ အရာမဟုတ်ပါ ဘူး။ နည်းပညာအရလည်း အောင်မြင်မှုရရှိဖို့လိုသလို ဈေးကွက်မှာထိုး ပေါက်နိုင်ဖို့ကလည်း လိုအပ်ပါသေး တယ်။ အောင်မြင်မှု ထက် ကျရှုံးဖို့ပိုမိုလွယ်ကူနေလို့ ရင်းနှီးမြှုပ်နှံသူများအတွက် လက်ရှောင်လေ့ရှိတဲ့ လုပ်ငန်းပုံစံမျိုး ဖြစ်နေတာကလည်း တစ်ြေ ကာင်းပါပဲ။ အဲဒါတွေအားလုံးကို Musk က ကိုယ်ပိုင်ငွေကြေးအပေါ် မှီခိုပြီး တည်ထောင်ခဲ့ခြင်းရယ်ပါ။ Musk ဟာ PayPal နဲ့အ တူချမ်းသာလာတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒီလိုမျိုး ခက်ခက်နက်နဲပြီး စွန့်စားစရာတွေ ဒင်းကြမ်ြး ဖစ်နေတဲ့ ကုမ္ပဏီနှစ်ခုကို ရေရှည်ထောက်ပံ့ပေးနိုင်ဖို့တော့ မလုံလောက်ခဲ့ ပါဘူး။ အကယ်၍ ပြင်ပရင်းနှီးမြှုပ်နှံမှု သာမရခဲ့ရင် SpaceX နဲ့ Tesla တို့ရဲ့ အခန်းကဏ္ဍဟာ တစ်ခန်းရပ်ရတော့မှာပါ။ တကယ်တော့ SpaceX ရော Tesla ရော ကုမ္ပဏီနှစ်ခုစလုံး ဟာ ကျရှုံးနေတာမဟုတ်သလို ဒါဟာဆိုးရွားမှုတစ်ခုလည်း မဟုတ်ရပါဘူး။ အောင်မြင်မှု မရရှိသေးတာသာဖြစ်ပြီး သမိုင်းတွင်စေ မဲ့ အောင်မြင်မှုကြီးတွေရရှိနိုင်ဖို့အတွက် လုံလောက်တဲ့အချိန်တစ်ခုလိုအပ်နေတာ သာဖြစ်ပါတယ်။ အဲဒီအချိန်ကို ဆွဲဆန့် နိုင် ဖို့ဆိုတာကတော့ နောက်ထပ်သော ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်မှာပါ။

ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ရယ်လို့ပဲပြောမလား ၊ အဆိုးတွေကုန်သွားရင် အကောင်းတွေရောက်လာတက်တဲ့ သံသရာစက် ဝ န်း နိယာမကြောင့်ပဲဆိုရမလား၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်တဲ့ မလျော့သော ကြိုးစားအားထုတ်မှုတွေကြောင့်ပဲလား ၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလလောက်မှာတော့ Elon Musk ရဲ့ အမှောင်တိုက် ဂြိုဟ်နက္ခတ်တွေဟာ Musk ရဲ့မလျော့သော ဇွဲလုံ လတွေကြောင့် အလင်းရောင်သို့ပြောင်းပြီး တောက်ပလာရပါတော့တယ်။ SpaceX ရဲ့ လေးကြိမ် မြောက်ဒုံးပျံယာဉ်ဟာ ဂြိုဟ်ပ တ်လမ်းကြောင်းထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ဖို့ အလားအလာသာရှိခဲ့ပေမယ့် SpaceX ကိုယ်တိုင်ကတော့ ပြီးပြည့် စုံတဲ့ထောက်ပံ့မှုကိုရရှိခဲ့ပါတယ်။ NASA (National Aeronautics and Space Administration) က

“Musk ဆိုတဲ့အကောင်ကတော့ ဘယ်တော့မှအရှုံးပေးမယ့်ကောင်မဟုတ်ဘူး။ အဲဒီကောင်ကို ကြိုးစားဖို့အခွင့်အရေးပေးကို ပေး ရလိမ့်မယ်” ဆိုပြီး အမေရိကန်ဒေါ်လာ (၁.၆) ဘီလီယံတန်ဖိုးရှိတဲ့စာချုပ်နဲ့အတူ အာကာသဒုံးပျံယာဉ် (၁၂) စီးလွှတ်တင် နိုင်ဖို့ အခွင့်အရေးရရှိခဲ့ပါတော့တယ်။ ဒါဟာ NASA အတွက်လောင်းကစားမှုပုံစံဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ်တော့ SpaceX ရဲ့ြ ကိုးစား အားထုတ်မှုအပေါ် NASA ရဲ့ ယုံကြည်မှုတစ်ခုပါပဲ။
၂၀၀၈ ခုနှစ်ဟာ Elon Musk ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အိပ်မက်တွေကို ရင်ဝယ်ပိုက်ထားပြီး Sisyphus ဝိညာဉ်ပူးကပ် နေတ ယ်ထင်ရောက်လောက်တဲ့အထိ ကြိုးစားအားထုတ်မှုမျိုးနဲ့ လူသားတစ်ယောက်ကို အလှည့်အပြောင်း ဒါမှမဟုတ် အဆိုး တွေထဲ က အကောင်းကို ရှာတွေ့စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ် ခရစ်မတ်ကာလမှာပဲ ရင်းနှီးမြှုပ်နှံမှုနည်းပါးနေတဲ့ Tesla ဟာ Daimler ရဲ့ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း (၅၀) ရရှိခဲ့ပါတယ်။ ဒါဟာ မဆုတ်မနစ်ကြိုးစားအားထုတ်မှု အပေါ်ရရှိခဲ့တဲ့ နောက်ထက်ယုံကြည်ရာ တစ်ခုပါပဲ။ ၂၀၀၈ ခုနှစ်ဟာ Musk အတွက် ခဲခက်ကြမ်းတမ်းတဲ့လမ်းတွေကို ကျော်လွန် နိုင်ခဲ့တဲ့နှစ်တ စ်နှစ်လို့ဆိုရင် ၂၀၀၈ ခုနှစ်အလွန်နှစ်များကတော့ Elon Musk နဲ့ သူ့ရဲ့ ကုမ္ပဏီတွေအတွက် ကမ္ဘာကို ကိုင်လှုပ် နိုင်တယ်လို့ြေ ပာလို့ရတဲ့အထိ ကြီးထွားလာစေတဲ့ နှစ်တွေပဲလို့ ပြောရမှာပါ။

ပထမဆုံး သုံးကြိမ်လုံး အောင်မြင်မှုမရရှိခဲ့တဲ့ SpaceX ရဲ့ အာကာသဒုံးပျံယာဉ်လွှတ်တင်မှုဟာ နောက်ထပ်အကြိမ် (၂၀) အော င်အောင်မြင်မြင် လွှတ်တင်နိုင်မှုနဲ့အတူ အာကာသအထိ ဒုံးပျံယာဉ်လွှတ်တင်နိုင်တဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်လာ ခဲ့ရပါပြီ။ NASA ဟာလည်း SpaceX ရဲ့ ပုံမှန် ဖောက်သည်ဖြစ်ခဲ့ရပြီး SpaceX ဟာလည်း သမိုင်းမှာ ငွေကြေးအသုံးပြုမှု အနည်း ဆုံးနဲ့ေ အာင်မြင်တဲ့ အာကာသယာဉ်လွှတ်တင်နိုင်မှု ပြုလုပ်ခဲ့ပြီးပါပြီ။ ကမ္ဘာ့သမိုင်းမှာလည်း အာကာသသို့လွှတ်တင်နိုင်မဲ့ ဒုံးပျံ ယာဉ်တ ည်ဆောက်မယ် ၊ အဲဒီဒုံးပျံယာဉ်ဟာ ဂြိုဟ်ပတ်လမ်းကြောင်းမှာ လှည့်ပတ်ပြီး ကမ္ဘာမြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည်ဆင်း သက်နိုင်အောင် စီမံနိုင်ရမယ် ဆိုတဲ့အချက်နှစ်ခုနြဲ့ပီးပြည့်စုံအောင်စွမ်းဆောင်နိုင်တာဆိုလို့ အမေရိကန် ၊ ရုရှ ၊ တရုတ် နဲ့ SpaceX သာရှိပါသေးတယ်။ ပြောရမယ်ဆိုရင် နိုင်ငံကြီး (၃) နိုင်ငံနဲ့ တစ်ဦးတည်းပိုင် ကုမ္ပဏီတစ်ခုရယ်ပါ။ အခုဆို ရင် SpaceX ဟာ လူတွေတင်ဆောင်ပြီး အာကာသထဲကို ခရီးထွက်နိုင်မယ့် ဒုံးပျံယာဉ်တည်ဆောက်မှုတွေနဲ့ အလုပ်များနေ ကြရပါပြီ။ လူ (၁၀၀) လောက် လိုက်ပါနိုင်တဲ့ အာကာသာယာဉ်ပျံကိုတည်ဆောက်ပြီး Mars ဂြိုဟ်ပေါ် ခြေချနိုင်ဖို့အတွက်ဆို တာ SpaceX ရဲ့ ရည်ရွယ်ရာ တစ်ခုလည်းဖြစ်ပါတယ်။ သိပ်မကြာသေးတဲ့အချိန်ကာလတစ်ခုအတွင်း SpaceX ရရှိခဲ့တဲ့ ပြင်ပ ရင်းနှီးမြှုပ်နှံမှုကိုလ ည်း ကြည့်ပါဦး။ Google နဲ့ Fidelity တို့ရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံ ရယ်ပါ။

Tesla ဘက်ကိုလှည့်ရင်လည်း Tesla ရဲ့ Model S ဟာ အောင်မြင်သူတွေကို ရိုက်ချိုးဖို့ ဖြစ်လာခဲ့ရပါပြီ။ သုံးစွဲသူတွေရဲ့ အစီရင်ခံ စာတွေအရ ရမှတ်အနေနဲ့ ၉၉/၁၀၀ နှူန်းရတဲ့အထိ အောင်မြင်စွာနဲ့ ကမ္ဘာမော်တော်ယာဉ်လုပ်ငန်းကြီးတစ်ခုလုံးကို ဖေါက်ခွဲပြစ် လိုက်တာပါ။ Tesla S ရရှိခဲ့တဲ့ National Highway Safety Administration ကပေးတဲ့ လုံခြုံစိတ်ချမှုပေးစွမ်းနိုင်မှုကလည်း သမို င်းစံချိန်တွေကို ချိုးဖြတ်လိုက်တဲ့နှုန်းဖြစ်တဲ့ ၅.၄/၅ ပါ။ အခုဆိုရင် Tesla ဟာ အရာအားလုံးကို ချိုးဖြတ်နိုင်မယ့်လို့ အမှန်တကယ် ယုံကြည်နေတဲ့ နောက်ထပ် ကားမျိုးဆက်အသစ်တစ်ခုကို ဖြန့်ချိနိုင်ဖို့ဆောင်ရွက်နေပါပြီ။ အကောင်းဆုံး ကားမျိုးဆက်အသစ် တစ်ခုလို့ဆိုနိုင်ပေမယ့် ဈေးနှုန်းကတော့ အများသူငှာဝယ်ယူနိုင်စွမ်းရှိတဲ့ ဈေးနှုန်းမျိုးနဲ့ထွက်ရှိလာမှာ ဖြစ်တာကလည်း အခြား ကားကုမ္ပဏီကြီးတွေကို ထိန့်လန့်စေခဲ့တာအမှန်ပါပဲ။ ကုမ္ပဏီရဲ့ ဈေးကွက်အတွင်း တန်ဖိုးကလည်း ဘီလီယံ (၃၀) အောက်ကိုေ ရာက်ရှိလို့နေပါပြီ။ Tesla ရဲ့ နောက်ထပ် ဂုဏ်ပုဒ်တစ်ခုကတော့ လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအားလျော်စွာ တစ်က မ္ဘာလုံးက ဖြုံရ လောက်တဲ့အထိ အကောင်းစား ဘက်ထရီတွေကို ထုတ်လုပ်ပေးနိုင်တာပါပဲ။ Gigafactory လို့အမည်ပေးထားတဲ့ အဲဒီ ဘက်ထရီထုတ်လုပ်ရေးစက်ရုံကို Nevada ပြည်နယ်မှု အကြီးကြီးကို တည်ရှိနေပြီဖြစ် ပါတယ်။ Gigafactory ကထုတ်လုပ် တဲ့ တစ်နှစ်စာ ဘက်ထရီအရေအတွက်ပမာဏဟာ တစ်ကမ္ဘာလုံးက တစ်နှစ်စာ ထုတ်လုပ်တဲ့ Lithuim-ion ဘက်ထရီပမာဏထက် နှစ်ဆ ရှိလို့နေပါပြီ။

ဒါဆိုရင် SolarCity ဘက်ကြည့်ကြပါစို့။ ၂၀၁၂ ခုနှစ်မှာစပြီး ပြည်သူလူထုကို သူတို့ရဲ့ ထုတ်ကုန်တွေ ချပြလိုက်တဲ့ SolarCity ဟာ အခုဆိုရင် အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Solar Panel တွေအများဆုံး တပ်ဆင်သူအဖြစ် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ (၆) ဘီလီယံ အထိတန်ကြေးရှိနေခဲ့ပါပြီ။ အခုဆိုရင် SolarCity ဟာ အမေရိကန်နိုင်ငံ Buffalo မှာ ကမ္ဘာ့အကြီးဆုံး Solar Panel ထုတ်လုပ်ရေးစက်ရုံတည်ဆောက်နေကြပြီလဲ ဖြစ်ပါတယ်။ SolarCity ရဲ့ နောက်ထပ်ခြေလှမ်းသစ် တစ်ခုကေ တာ့ Tesla နဲ့ပူးပေါင်းကာ Powerwall လို့အမည်ပေးထားတဲ့ ဘက်ထရီမျိုးဆက်သစ် ထုတ်လုပ်ဖြန့်ချိဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနဲ့ ကမ္ဘာ့အကောင်းဆုံး ဘေးထွက်ဆိုးကျိုးမဲ့ တာရှည်ခံစွမ်းအင်ထုပ် လုပ်ရေး လုပ်ငန်းနှစ်ခု ပေါင်းစည်းလုပ်ကိုင်ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခု ရှိနေပါ တယ်။ အဲဒီ ကမ္ဘာ့အေ ကာင်းဆုံးအရာနှစ်ခုကို ပိုင်ဆိုင်သူကတော့ တစ်ဦးတည်းဖြစ်နေရခြင်းရယ်ပါ။ အဲဒီသူကတော့ ကမ္ဘာ့အံဖွယ် လူသား Elon Musk ပါပဲ။

နောက်ထပ် နှစ်အနည်းငယ်အတွင်း တည်ဆောက်နေတဲ့ စက်ရုံတွေအားလုံးပြီးသွားတဲ့အချိန်မှာ Musk ပိုင်ဆိုင်တဲ့ ကုမ္ပဏီသုံးခု အတွက် ဝန်ထမ်းဦးရေ အနည်းဆုံး ၃၀၀,၀၀၀ လောက်လိုအပ်မှာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုတွေကို ထွေးပိုက်ဖို့ဖြစ်နေချိန် ၂၀၀၈ ခုနှစ် အစောပိုင်းကာလတွေတုန်းက အခုအချိန်မှာ လျှမ်းလျှမ်တောက်နေတဲ့ Elon Musk တစ်ယောက် သူ့မိန်းမရဲ့အမေ အိမ်က မြေတိုက်ခန်းလေးထဲကို ပြောင်းရွှေ့နေရတော့မယ် ဆိုပြီး သူ့ရဲ့ သူငယ်ချင်းကို ဖွင့်ဟခဲ့ဖူးပါတယ်လို့ဆိုရင် ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်တာ သေချာလှပါတယ်။ လက်ရှိအချိန် အသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ (၁၂.၉) ဘီ လီယံ ရှိနေတဲ့ သူတစ်ယောက်ရဲ့ လွန်ခဲ့တဲ့ ကိုးနှစ်လောက်က အရှိတရားတွေကို ဘယ်သူမှစိတ်မဝင်စားကြတော့တာလဲ အမှန်ပါပဲ။

အခုလိုမျိုး စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်မှုတွေဟာ Elon Musk ဆိုသူသာမန်လူတစ်ဦးကို ဒဏ္ဍာရီလာ သက်ရှိသူရဲကောင်းသဖွယ်ဖြစ်စေခဲ့တော့တာပါပဲ။ ကမ္ဘာ့ မော်တော်ယာဉ်လုပ်ငန်းသစ်တစ်ခုကို အောင်မြင်အောင် တည်ထောင်နိုင်ခဲ့ပြီး ကမ္ဘာအနှံ အဆင့်မြင့် စွမ်းအင်ဖြည့်တင်းရေးရုံ ကွန်ယက်တွေပိုင်ဆိုင်ထားတဲ့ Elon Musk ကို Henry Ford ဒါမှမဟုတ် John D. Rockefeller နဲ့နှိုင်းယှဉ်မယ်ဆိုရင် Musk ဘက်မှာ အသာရှိတယ်လို့ ပြောမယ့်သူတွေက ဒုနဲ့ဒေး ဖြစ်လို့ နေရပါပြီ။ ဒီလိုမျိုး နှိုင်းယှဉ်ကြစတမ်းဆိုရင် Hollywood မှာရော လေယာဉ်ပျံလုပ်ငန်းမှာရော ကြော်ကြားခဲ့တဲ့ နာမည်ကျော် စီး ပွားရေးလုပ်ငန်းရှင် Howard Hughes နဲ့လည်းနှိုင်းယှဉ်နိုင်ပါလိမ့်မယ်။ တကယ်လို့နှိုင်းယှဉ်မယ်ဆိုရင်လည်း အာကာသဒုံးပျံ ယာဉ်တည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင် SpaceX ရဲ့ရှေ့ဆောင်သူ Elon Musk ဘက်က ရှုံးနိမ့်ဖွယ်ရာမရှိလှပါဘူး။ လူအများကေ တာ့ Elon Musk ကို တီထွင်မှုသမိုင်းမှာ ဖခင်ကြီးသဖွယ်ကြော်ကြားလှတဲ့ Thomas Edison နဲ့နှိုင်းယှဉ်ကြည့်ကြလေ့ရှိကြ ပါတ ယ်။ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဦးဆောင်ခေတ်ရှေ့ပြေးနိုင်စွမ်းနဲ့ အများသူငှာမမြင်နိုင်တဲ့ လူသားတို့ရဲ့ အနာဂတ်ဘဝ ပုံသဏ္ဍန် ကို ကြိုတင်မြင်နိုင်စွမ်းအရာမှာ သွားတူနေခဲ့တာကိုး။ တစ်ချို့ကတော့ စားသုံးသူတွေအနေနဲ့ သူတို့ရဲ့လိုလားချက်တွေ သူတို့ကို ယ်တိုင် မသိနိုင်သေးခင်ကထဲက ကြိုတင်သိမြင်နိုင်စွမ်းရှိခဲ့တဲ့ Steve Jobs နဲ့ Elon Musk ကို နှိုင်းယှဉ်ကြည့်ကြပါ တယ်။ ဘယ်သူတွေဘယ်လိုပဲပြောပြော Elon Musk အကြောင်း အတ္ထုပ္ပတ္တိရေးသားခဲ့တဲ့ Ashlee Vance ကတော့ တည် ဆောက်သူတစ်ဦးဖြ စ်တဲ့ Musk ဟာ သူတည်ဆောက်တဲ့ အရာဝတ္ထုအသစ်တွေရဲ့ လူသားတို့အပေါ်အကျိုးပြုနိုင်စွမ်း အလားအလာကို ကြည့်မယ် ဆိုရင် Hughes နဲ့ Jobs တို့ရဲ့ ထုတ်ကုန်တွေထက် သာလွန်လှပါတယ် လို့ဆိုထားပါတယ်။ တကယ်လည်း Elon Musk ဆိုတာ ကမ္ဘာကြီးကို ဦးဆောင်နေတဲ့ အမေရိကန်နိုင်ငံကနေ တစ်ကမ္ဘာလုံးမှာတိုးတက်ဖြစ်ထွန်းနေတဲ့ အာကာသ လေ့လာစူးစမ်းရှာဖွေေ ရး လုပ်ငန်း ၊ မော်တော်ယာဉ်လုပ်ငန်း ၊ တာရှည်အသုံးခံနိုင်စွမ်းရှိတဲ့ စွမ်းအင်လုပ်ငန်းတွေကို တစ်ခေတ် ဆန်းစေခဲ့သူတစ်ဦးဖြစ် ပါတယ်။

ဒါကြောင့်လည်း TED Talks ကို ဦးဆောင်ညွှန်ကြားနေတဲ့ Chris Anderson က Elon Musk ကို “ကမ္ဘာ့မှတ်သားလောက်ဖွယ် အကောင်းဆုံးသော သက်ရှိ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်” အဖြစ်ညွှန်းဆိုခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူအများစုသိကြတာ ကတော့ Elon Musk ဆိုတာ Iron Man (စိတ်ကူးယဉ် သိပ္ပံဝတ္ထု) ဇတ်ကားထဲက စိတ်ကူးယဉ် Super Hero စံထားရတဲ့ အပြင် ကမ္ဘာရှိ လူသားအစစ်အမှန်ဆိုတာပါပဲ။ ဒါကြောင့်လဲ Iron Man ဇတ်ကားကို ထုတ်လုပ်သူ ဒါရိုက်တာ Jon Favreau က Iron Man အဖြစ်သရုပ်ဆောင်မယ့် မင်းသားဖြစ်သူ Robert Downey, Jr. ကို Elon Musk ရဲ့ SpaceX စက်ရုံရှိရာကိုလွှတ်ပြီး ဇတ်ကောင်စရိုက် စနည်းနာဖို့ လွှတ်ခဲ့ရခြင်းဖြစ်ပါလိမ့်မယ်။

ဒီလိုမျိုး ကလေးဘဝအိပ်မက်တွေနောက်ကို ပြင်းစွာသောကြိုးစားအားထုတ်မှုနဲ့ ထူးခြားတဲ့ဦးနှောက်တစ်လုံးကို အရင်းပြုကာြေ ခရာခံလိုက်ရင်း အောင်မြင်မှုတွေရရှိနေခဲ့ပြီဖြစ်တဲ့ Elon Musk ရဲ့ အိပ်မက်တွေဟာ တကယ်တော့ မပြီးဆုံးနိုင်သေးပါဘူး။ ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းတုန်းကဆိုရင်လည်း Los Angeles မြို့ကိုအခြေခံပြီး မြေအောက် ဥမင်တွေကနေတဆင့် Hyperloop လို့အ မည်ပေးထားတဲ့ အဆင့်မြင့်သယ်ယူပို့ဆောင်ရေးစနစ်သစ် တစ်ခုကို တည်ဆောက်ပေးဖို့ အမေရိကန်အစိုးရကပေးတဲ့ စီမံကိန်း တစ်ခု ရရှိခဲ့ပါသေး တယ်။ အဲဒီစီမံကိန်းဟာ အောင်မြင်မှုအတိုင်းအတာပေါ်မူတည်ပြီး တစ်ကမ္ဘာလုံးက မြို့တွေ ၊ အထူးသဖြင့်ြ မို့ကြီးတွေမှာရှိတဲ့ သယ်ယူပို့ဆောင် ရေးစနစ်တစ်ခုလုံးကိုတောင် အပြောင်းအလဲဖြစ်နိုင်စွမ်းရှိနိုင်ပါတယ်။ ဒါတင်ပဲလားဆိုေ တာ့ မဟုတ်သေးပါဘူး။ လျှပ်စစ်ပန်ကာတွေရဲ့ တွန်းအားနဲ့မောင်းနှင်မဲ့ Jet လေယာဉ်ထုတ်လုပ်မှုလုပ်ငန်း အတွက်လည်း Musk ကိုကမ်းလှမ်းထားကြတာရှိပါသေးတယ်။ အခုမှ ကမ်းလှမ်းထားတာဖြစ်ပေမယ့် အများစုကတော့ Musk Electric Jet လို့ခေါ် ဆိုနေကြတော့တာပါပဲ။

ဟုတ်ပါတယ်။ လက်ရှိအချိန်မှာတော့ Elon Musk ဆိုတဲ့သူဟာ သက်ရှိ Legendary တစ်ဦးပါပဲ။ ဒီလိုမျိုးဖြစ်ဖို့ကို ပြင်းပြတဲ့ဆန္ဒ ၊ မဆုတ်မနစ်သော ဇွဲလုံလတွေနဲ့ ဆက်တိုက်အလုပ်လုပ်ဆောင်မှုတွေက တည်ဆောက်ပေးခဲ့တာပါ။ ငယ်စဉ်အချိန် တောင် အာ ဖရိကသားလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို (၁၀) နာရီ စာအုပ်ပုံတွေထဲမှာ နစ်မြုပ်နေဖို့ဆိုတာက သာမန်နဲ့မတူ တမူထူြး ခားမှု တစ်ခုလို့ပြောနိုင်ပေမယ့် တကယ်တမ်းတော့ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ ဆော့ကစားနေရမယ့်အချိန်တွေ ကို စိတ် ကူးဥဏ်ကွန့်မြူးစေနိုင်တဲ့ စာအုပ်တွေနဲ့ ပျော်မွေ့ခဲ့ခြင်းရယ်ပါ။ ဒီလိုမျိုး နှစ်ရှည်လများတည်ဆောက်ခဲ့တဲ့ ဦးနှောက် တစ်လုံး ဒါ မှမဟုတ် Musk ရဲ့ အဆိုအရဆိုရင်တော့ Processor တစ်ခုပေါ့ ၊ အတွက်အဆိုရင် သူစိတ်ဝင်စားမှုရှိလှတဲ့ ကွန်ပြူတာ တစ်လုံး ကို စွမ်းစွမ်းတမံအသုံးပြုနိုင်ဖို့ဆိုတာက အခြားသူတွေလို အချိန်အများကြီးမယူခဲ့ရခြင်းရဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒီ နေရာမှာ ထူးခြားမှုတစ်ခုရှိနေပြန်ပါတယ်။ သူများတကာတွေက သူတို့စိတ်ဝင်စားတဲ့အရာတစ်ခုဆိုရင် ပြင်းပြင်းပြပြကြိုးစားအား ထုတ်လေ့ရှိတက်ကြတာပါပဲ။ ဒါပေမယ့် Musk ကတော့ ဒီထက်ပိုပါတယ်။ Elon Musk မှာက သူစိတ်ဝင်စားတဲ့အရာကို နှစ်မြှုပ်ြ ကိုးစားလေ့ရှိတဲ့အပြင် အဲဒီအရာကနေ ဝင်ငွေကိုပါရှာနိုင်စွမ်းရှိနေပါတယ်။ တူညီမှုအရမ်းကြီးမရှိပေမယ့် စိတ်ဝင်စားဖွယ်ရာ ဥပမာ တစ်ခုကိုပြောရမယ်ဆိုရင် အနုပညာဖန်တီးသူတွေကိုပြရမှာပါ။ ထူးချွှန်တဲ့ အနုပညာရှင်တွေဟာ သူတို့စိတ်ဝင်စားတဲ့ အနုပညာရပ်တွေကို ဖန်တီးနေတဲ့နေရာမှာ အရမ်းကြိုးစားကြသလို အရမ်းလည်းကောင်းတဲ့ အနုပညာရပ်တွေ ပေါ်ထွက်လာ တ က်ကြပါတယ်။ ဒါပေမယ့် အဲဒီအရမ်းကောင်းတဲ့ အနုပညာဖန်တီးမှုကနေ ဝင်ငွေကောင်းကောင်းရဖို့ကိုတော့ ဆိုင်ရာဆိုင်ရာ Producer တွေကနေတဆင့် ရောင်းချရတာပါ။ ဆိုလိုတာက ဖန်တီးမှုကောင်းတဲ့အနုပညာရှင်တွေအတွက် ငွေရှာကောင်းတဲ့ေ နာက်ထပ်လူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု လိုအပ်ပါတယ်။ Elon Musk မှာကတော့ ဖန်တီးမှုအားကောင်းတဲ အနုပညာ ရှင်တစ်ယောက်မှာ ဈေးကွက်သဘောတရားကို ထုံးလိုချေ ရေလိုနှောက်နိုင်တဲ့ ဈေးကွက်ရှာဖွေဖေါ်ထုတ်ရေးသမား တစ်ဦး ထပ် မံပေါင်းစပ်ပေးထားသလိုဖြစ်နေပါတယ်။

ထူးခြားချက်နောက်တစ်ခုကိုပြောရမယ်ဆိုရင် ကောလိပ်ကျောင်းသားလေး Elon Musk ဟာ သူ့ဘဝအတွက် သူလုပ်ဆောင်ချင် တဲ့အချက်တွေကို ကောလိပ်ကျောင်းသားဘဝမှာကထဲက ပြတ်ပြတ်သားသားရွေးခြယ်ထားပြီးခြင်းရယ်ပါ။ “အင်တာနက် ၊ တာရှ ည်သုံးစွဲနိုင်မယ့် စွမ်းအင် ၊ အာကာသစူးစမ်းလေ့လာ ဖေါ်ထုတ်ရေး (အတိအကျဆိုရင် ကမ္ဘာကြီးရဲ့ သက်တမ်းအလွန် တည်မြဲနိုင် မယ့် နယ်မြေသစ်) ၊ လူတို့ဖန်တီးနိုင်မယ့် အသိဥဏ်ပညာ နဲ့ လူသားမျိုးရိုးဗီဇ Code တွေကို ညွှန်ကြားချက် ပြန်လည်ပေးအပ်ခြ င်း” ဆိုတာတွေက ကောလိပ်ကျောင်းသားဘဝကထဲက ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရွေးခြယ်ထားတဲ့ Elon Musk ရဲ့လမ်းကြောင်းေ တွဖြစ်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်လမ်းကြောင်းတွေအပေါ်မှာပဲ တစိုက်မက်မက်လျောက် လှမ်းခဲ့တာကို တွေ့ကြရမှာပါ။ ကလေးဘဝ ကထဲက သန္ဓေတည်ခဲ့တဲ့ အိပ်မက်တွေနောက်ကို တစ်နေ့တစ်ခြား ပိုမိုအားကောင်းလာတဲ့ Processor ၊ ROM ၊ RAM ၊ Stor- age ၊ Power Supply စတာတွေနဲ့ထပ်မံအာဖြည့်ပြီး အကောင်အထည်ဖေါ်ဆောင်နေတဲ့ Mother Board ကြီးတစ်ခုဆိုရင်လ ည်း မမှားပါဘူး။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Elon Musk ဆိုတာ ဘယ်တော့မှာ အောင်မြင်မှု Graph မြှားဦးထောင်နေချိန်မှာ သာယာ နေတက်သူတစ်ဦးမဟုတ်ခြင်းပါပဲ။ အောင်မြင်မှုတစ်ခု အထွဋ်အထိပ်ရောက်နေချိန်မှာ နောက်ထပ်အောင်မြင်မှုတွေ ဆာလောင် နေသူတစ်ယောက်လို့ဆိုရင်လည်းမမှားပါဘူး။ YMCA လို နေရာမျိုးမှာ ရေသွားချိုးရတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဟာ အောင်မြ င်လာတဲ့အချိန်မှာ သူ့ရဲ့ ကုမ္ပဏီကိုရောင်းချပြီး နှပ်မနေခဲ့သလို PayPal နဲ့ နိုင်ငံတကာသိ လုပ်ငန်းရှင်တစ်ယောက် ဘဝမှာလဲေ အာင်မြင်မှုအရှိဆုံးအချိန်ကိုရွေးခြယ်ပြီး သူ့ရဲ့ကုမ္ပဏီကိုရောင်းချခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ အနားယူဖို့ အတွက် ဘယ် တုန်းကမှမဟုတ်ခဲ့ဘဲ နောက်ထပ်နောက်ထပ်လုပ်ရမယ့်လုပ်ငန်းတွေက Elon Musk မှာက အများကြီးရယ်ပါ။ သူ့ရဲ့ နောက်ထပ် လုပ်ရပ်တွေ ဆုံးရှုံးနေချိန်မှာ ဘယ်တော့မှအရှုံးမပေးတဲ့စိတ်နဲ့ မြဲမြဲမြံမြံ ဆက်လက်လျောက်လှမ်ခဲ့ခြင်းဟာလဲ ဒီကနေ့ Elon Musk ကိုဖန်တီးပေးခဲ့ခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေတော့တာပါပဲ။

တကယ်တော့ Elon Musk ဆိုတာ သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ လူနည်းစုနဲ့ အကျွမ်းတဝင် ရှိကောင်းမှ ရှိနိုင်ပေမယ့် လူသား အ များစုအတွက်ဆိုရင်တော့ တကယ်လိုအပ်နေတဲ့အရာတွေကို ပြီးပြည့်စုံစေဖို့အတွက် ဖန်တီးပေးနိုင်သူ အံဖွယ်လူသား တစ်ယော က်ပါပဲ။ တကယ်တော့ လေ့ကျင့်မှုပြည့်ဝနေတဲ့ ဦးနှောက်တစ်လုံးနဲ့ စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုတွေဟာ လူသားတွေရဲ့ ယုံကြည်ကိုးစားမှုကိုရရှိစေပြီး အဲဒီယုံကြည်ကိုးစားမှုတွေကပဲ Elon Musk ရဲ့ အောင်မြင်မှုလျောက်လမ်းကြောင်း အရှည်ကြီးထဲ က အမှတ်တရမိုင်တိုင်တွေကိုဖြစ်စေခဲ့ပါတယ်။ တကယ်တော့ Elon Musk ဆိုတာ ဥပေဒေသစာအုပ်ကြီးတွေကို မီးရှို့ပြစ်ပြီး အဲ ဒီမီးတောက်နဲ့အတူ လင်းလက်တောက်ပလာသူတစ်ယောက်ပါ။ တကယ်တော့ Elon Musk ဆိုတာက ဥပဒေသ စာအုပ်အသစ် တစ်အုပ်ပါပဲ။

Ref : Elon Musk : The World’s Raddest Man by Tim Urban
Elon Musk : Tesla, SpaceX, and the Quest for a Fantastic Future by Ashlee Vance


Credit : C Thu Kyaw Facebook

Pages