၁၀ ရက်ကြာ ဂူအတွင်းပိတ်မိနေခဲ့သည့် ကလေးငယ်များ ပြန်လည်တွေ့ရှိခဲ့ပြီးကျန်းမာရေးစောင့်ရှောက်မှုများပေးထား၊ ပြန်လည်ခေါ်ထုတ်လာနိုင်ရေးဆောင်ရွက်နေဟု ချင်းရိုင်ခရိုင်အုပ် ချုပ်ရေးမှူး ပြောကြား

Share it:


မယ်ဆိုင်၊ ဇူလိုင် ၃-ရက်ပေါင်း ၁၀ ရက်ကြာ မြန်မာ-ထိုင်း နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ် ဂူအတွင်း ပိတ်မိနေခဲ့သည့် ကလေး ငယ် ၁၂ ဦးနှင့် နည်းပြတစ်ဦးတို့ ကို ရှာဖွေကယ်ဆယ်ရေးဆောင် ရွက်ခဲ့ရာ ဇူလိုင် ၂ ရက် ညပိုင်း တွင် ပြန်လည်ရှာဖွေတွေ့ခဲ့သည့် အတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကယ် ဆယ်ရေးလုပ်ဆောင်သူ အားလုံး ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး ကလေး များအား ကျန်းမာရေးစောင့်ရှောက် မှု ပေးထားပြီး ပြန်လည်ခေါ်ထုတ် လာနိုင်ရေးအတွက် ဆောင်ရွက် နေကြောင်း သိရသည်။

ထမ့်လွမ်ဂူအတွင်းမှ လူငယ် ၁၃ ဦးကို ကယ်ဆယ်ရေးတွင် ပါ ဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ များ၊ ပြည်သူများ၊ ပါဝင်ကူညီလုပ် ဆောင်သူများနှင့် နိုင်ငံတကာမှ ပါဝင်ကူညီသူများကို ဂုဏ်ပြုကျေး ဇူးတင်ပါကြောင်းနှင့် ကယ်ဆယ် ရေးလုပ်ငန်းအောင်မြင်စွာဆောင် ရွက်ခဲ့သည့် ရေတပ်အထူးအဖွဲ့ကို အထူးကျေးဇူးတင်ကြောင်းကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြောကြား လိုက်သည်။

ဂူအတွင်း ပိတ်မိပျောက်ဆုံး နေသော ကလေးငယ်များနှင့်ဘောလုံးနည်းပြတစ်ဦးတို့အား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားရှာဖွေနေစဉ် ရှာဖွေမှု ၁၀ ရက်မြောက်နေ့ဖြစ်သော ဇူလိုင် ၂ ရက် ညပိုင်းတွင်ဂူအတွင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းထိုင်းတော်ဝင် ရေတပ်အဖွဲ့၏ သတင်းပေးပို့မှုကို ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြော ကြားခဲ့သည်။

ကလေးငယ်များ ပြန်လည် တွေ့ရှိမှုနှင့်ပတ်သက်၍ ထိုင်းတော် ဝင် ရေတပ်အထူးအဖွဲ့က ထိုင်း စံတော်ချိန် ည ၉ နာရီ ၄၅ မိနစ် တွင် ဝန်ကြီးချုပ်ထံ ကနဦး အစီ ရင်ခံသည့်အချိန်တွင်ကလေးများ အား မတွေ့ရသေးဘဲ နောက်ထပ် မီတာအနည်းငယ်ရှာဖွေပြီးနောက်ကလေးများကို တွေ့ရခြင်းဖြစ် ကြောင်း ထိုင်းအစိုးရပြောခွင့်ရသူ က သတင်းထောက်များအား ပြော ကြားသည်။

လောလောဆယ်တွင် ကလေး များကို အပြင်ခေါ်ထုတ်ဖို့အတွက် ဂူလမ်းကြောင်းအရနဲ့ ရေအခြေ အနေများ အပါအဝင် ကလေးများ ရဲ့ အားအင်အခြေအနေအရ အဆင်မပြေနိုင်သေးတဲ့အတွက် သူတို့ကို ဂူထဲမှာပဲ အာဟာရဖြည့် ဆည်းမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတဲ့အတွက် စိုးရိမ်စရာမရှိတော့ကြောင်း၊ သူတို့ ကို ခေါ်ထုတ်လာဖို့အတွက် စိတ် လောစရာမလိုတော့ကြောင်း၊ အပြင် ခေါ်ထုတ်လာဖို့အတွက်ကို ဆောင် ရွက်နေလျက်ရှိကြောင်း ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ပြောကြားသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ ရှာဖွေကယ် ဆယ်ရေးအဖွဲ့များသည် ရှာဖွေ တွေ့ရှိထားသည့် ကလေးများအား ခေါ်ထုတ်ရန် ရေစုပ်ထုတ်ခြင်း၊ အပေါ်ဂူပေါက်ဖောက်ခြင်းနှင့် ဂူ အတွင်း လမ်းကြောင်းရှင်းခြင်းများ ကို ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ(မြောက် ပိုင်း)၊ ချင်ရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းတောင် ခြေအနီး ဇွန် ၂၃ ရက်ကတည်းက မူပါ (တောဝက်)ဘောလုံးအသင်း မှ ကလေးငယ် ၁၂ ဦးနှင့် နည်းပြ တစ်ဦးတို့ ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများ ကို ဇွန် ၂၃ ရက် ညပိုင်းမှစတင်၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက် နေရာ ဇူလိုင် ၂ ရက် ညပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုဇောင်း (TachileikNews Agency)
#Democracytoday

Share it:

Article

News

Thailand

WorldNews

Post A Comment: