ဓာတ်ကြိုးပြတ်ကျ၍ အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံး - Eureka Myanmar

ဓာတ်ကြိုးပြတ်ကျ၍ အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံး

Share This
ဓာတ်လိုက်သေဆုံးခဲ့သော ကျောင်းသားကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ - Ye Min Htet FB)


ဓာတ်ကြိုးပြတ်ကျရာမှ အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဇူလိုင် ၁၃ ရက် ညနေက တောင်ဥက္ကလာပ မြို့နယ် သံသုမာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်အရ လမ်းမပေါ်ရှိ ရေ အိုင်နေသော နေရာသို့ လမ်း လျှောက်လာသော ကျောင်းသား မှာ လိုင်းကားတစ်စီး ဖြတ်လာစဉ် ဘေးကပ်ရာမှ လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။

 ဓာတ်လိုက်သေဆုံးသည့် ကလေးငယ်သည် အသက် (၁၃)နှစ်အရွယ် မောင်မျိုးမင်းထွန်းဖြစ် ပြီး (၇)ရပ်ကွက်မှဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်ကပြောကြားသည်။

ဓာတ်လိုက်သေဆုံးခဲ့သော ကျောင်းသားကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ - Ye Min Htet FB)

‘‘ကျွန်မသိတာတော့ ကလေး က ဆေးရုံရောက်မှ ဆုံးသွားတယ် လို့ သိရတယ်။ ရေအိုင်ထဲမှာ ဖြစ် နေတာဆိုတော့ ဘယ်သူမှ ချက်ချင်းမလုပ်ရဲကြဘူးလို့ ပြောတယ်’’ဟု တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်သစ်သစ်မြင့်က ပြော သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ သေမှုသေခင်းဖွင့် စစ်ဆေးနေကြောင်း ဒေါက်တာစောနိုင်က ပြောသည်။

 ဇွန်လ ၅ ရက်ကလည်း ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ဆည်မြောင်းလမ်းတွင် ပြတ်ကျ နေသော ဓာတ်ကြိုးကို ကိုင်မိ၍ အသက်(၈၁)နှစ်အရွယ် အဘိုးအို တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ သည်။

ဇွန်လ ၁ ရက်တွင် အသက် (၄၂)နှစ်အရွယ် ကိုကရင်သည် စမ်းချောင်းမြို့နယ် ဗဟိုလမ်းမ ကြီးကို ကွန်ကရစ်လမ်းခင်းရန် မိုးရေစိုနေသော မြေကြီးအတွင်း သံချောင်းစိုက်ရာမှ မြေအောက် လျှပ်စစ်ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ဓာတ်လိုက်သေ ဆုံးမှုသည် ၂၀၁၆ တွင် ၅၁ ဦး၊ ၂၀၁၇ တွင် ၄၀ ဦးရှိသည်။

 ဓာတ်ကြိုးအန္တရာယ်များ ကြောင့် ဓာတ်လိုက်သေဆုံးမှုများ တွင် ၂၀၁၆ ၌ ကလေးငယ် ၁၀ ဦးနှင့် ၂၀၁၇ တွင် ကလေးငယ်ငါးဦး ရှိခဲ့သည်။

Credit : 7 Days

Pages