မြောက်ပိုင်းအဖွဲ့များ ၂၁ ပင်လုံတက်ရောက်နိုင်ရေးအပါအ၀င် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကြားဝင်ညှိနှိုင်းမှုများ တိုးတက်မှုရှိဟု တရုတ်သံအမတ်ပြော - Eureka Myanmar

မြောက်ပိုင်းအဖွဲ့များ ၂၁ ပင်လုံတက်ရောက်နိုင်ရေးအပါအ၀င် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကြားဝင်ညှိနှိုင်းမှုများ တိုးတက်မှုရှိဟု တရုတ်သံအမတ်ပြော

Share This
တရုတ်အစိုးရက JMC သို့ မော်တော်ယာဉ် ၁၀ စီးပေးအပ်လှူဒါန်းပွဲတွင် တရုတ်သံအမတ်ကြီးနှင့် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ − JMC)


Byဇာလီမြင့်ဦး

ပြည်ထောင်စုငြိမ်းချမ်း  ရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များတက် ရောက်နိုင်ရေး တရုတ်နိုင်ငံက တက်ကြွစွာ ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန် လျန်က ပြောသည်။ 

ယမန်နေ့က ရန်ကုန်မြို့ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟိုဌာန၌ ပြု လုပ်သည့် JMC သို့မော်တော် ယာဉ်လှူဒါန်းပွဲအခမ်းအနား မိန့် ခွန်းတွင် ၎င်းက ယင်းသို့ထည့် သွင်းပြောကြားခဲ့သည်။ 

‘‘တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရဲ့တောင်းဆိုချက်အရ မြန်မာ နိုင်ငံမြောက်ပိုင်းဒေသက တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေ ယခုအကြိမ်အစည်း အဝေးကို တက်ရောက်နိုင်ရန် တက်ကြွစွာစီစဉ်နေပါတယ်။ အ စည်းအဝေးမှာ အပြုသဘော ဆောင်တဲ့ ရလဒ်များရရှိလာနိုင် ပါစေလို့ ကြိုတင်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်’’ဟု မစ္စ တာဟုန်လျန်က ပြောသည်။ 

မကြာမီပြုလုပ်မည့် ၂၁ ရာ စုပင်လုံ တတိယအစည်းအဝေး သို့ မြောက်ပိုင်းလက်နက်ကိုင်ခု နစ်ဖွဲ့ဖြစ်သည့် ‘၀’ အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအ ဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့တက် ရောက်နိုင်ရန် တရုတ်သံရုံးမှ တစ်ဆင့် ဖိတ်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိတွင် ယင်းအ ဖွဲ့အားလုံးတက်ရောက်ရန်စီစဉ် နေကြောင်း နှစ်ဖက်ကိုယ်စား လှယ်များက ဆိုသည်။ 

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ၂၀၁၇ မေလက ကျင်းပသည့် ၂၁ရာစုပင်လုံ ဒုတိ ယအစည်းအဝေးတွင် တရုတ် နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ညီလာခံဖွင့်ပွဲနေ့၌ တက်ရောက် ခဲ့သည်။ မြောက်ပိုင်းအဖွဲ့များညီ လာခံတက်ရောက်ရန် လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံရေးကို တရုတ်အစိုးရက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးကို ဇူလိုင် ၁၁ ရက် ကစ၍ ခြောက် ရက်ကြာ ကျင်းပမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံ က မြန်မာနိုင်ငံ မြောက်ပိုင်းဒေ သငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် အခန်း ကဏ္ဍကပါဝင်၍ သက်ဆိုင်ရာ ဘက်အသီးသီးအကြားစေ့စပ်ညှိ နှိုင်းပေးနေရာ တိုးတက်မှုများရရှိ ကြောင်း တရုတ်သံအမတ်က ပြောသည်။ 

လာမည့် ၂၁ ရာစုပင်လုံအ စည်းအဝေးတွင် သက်ဆိုင်ရာ  ဘက်အသီးသီးက ပင်လုံစိတ် ဓာတ် ဦးဆောင်မှုအောက်၌ လက်တွေ့ကျကျတင်ပြနိုင်ပြီး အားလုံးပါဝင်သည့် သဘောထား ဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု  မျှော်လင့်ကြောင်း ၎င်းကဆို သည်။ 

‘‘ရှေ့ဆက်ခရီးလမ်းက စိန် ခေါ်မှုတွေနဲ့ပြည့်နှက်နေပါတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံပါတီအသီး သီး၊ ဘက်အသီးသီးနဲ့ တိုင်းရင်း သားပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ရင် မြန်မာနိုင်ငံရဲ့ငြိမ်း ချမ်းရေးလုပ်ငန်းက အောင်မြင်မှု ရရှိပါလိမ့်မယ်လို့ ကျွန်တော် တော့ဧကန်မုချယုံကြည်ပါတယ်’’ ဟု ၎င်းကပြောကြားသည်။ 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အောင်မြင်စွာ နိုင်ငံတော် အသွင်ကူးပြောင်းရေး၊ တရုတ် - မြန်မာနယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးနှင့် တ ရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆက်လက် ကူညီထောက်ပံ့မည် ဖြစ်ကြောင်း မစ္စတာဟုန်လျန်က ပြောကြားသည်။ 

Credit : 7 Days

Pages