အာရှအားကစားပြိုင်ပွဲအကြို လေးနိုင်ငံအားပြိုင်ပွဲကြီး မန္တလေးမြို့တွင် ယ​နေ့စတင်ကျင်းပမည်

Share it:


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Alpine Cup 2018 ပြိုင်ပွဲကြီးကို သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပပြုလုပ်မယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့လည်း ယမန်​​နေ့မွန်းလွဲ ၃ နာရီခွဲက မန္တလေးမြို့ ရွှေပြည်သာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တာမှာ မြန်မာနည်းပြ အပါအ၀င် ထိုင်း ဘာရိန်း နဲ့ တောင်ကိုရီးယားအသင်း နည်းပြတွေကိုယ်တိုင် လာရောက်ရှင်းလင်းပေးသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲကအာရှအားကစားပြိုင်ပွဲအကြို လေးနိုင်ငံအားပြိုင်ပွဲ ဖြစ်တာကြောင့်လည်း မြန်မာအသင်းအနေနဲ့ အကောင်းဆုံးကစားသွားမှာဖြစ်တယ်လို့ သိရပြီး Asia Game မတိုင်ခင် ကောင်းမွန်တဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်မှာပါ လို့ မြန်မာအသင်းရဲ့နည်းပြချုပ် အန်တွမ်နီဟေးလ်က ပြောပါတယ်။

၂၀၁၈ အာရှ အားကစားပွဲတော်အကြိုဖြစ်တဲ့ ဒီပွဲစဉ်တွေမှာ မြန်မာ ယူ၂၃ အသင်း အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်နေ့မှာ တောင်ကိုရီးယား ယူ ၁၉ အသင်းနဲ့လည်းကောင်း၊ သြဂုတ် ၃ ရက်မှာ ဘာရိန်း ယူ ၂၃ အသင်းနဲ့လည်းကောင်း၊ သြဂုတ် ၅ ရက်မှာ ထိုင်း ယူ ၂၃ အသင်းနဲ့လည်းကောင်း ကစားရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Alpine Cup 2018 ပွဲစဉ်တွေအတွက် လက်မှတ်တွေကိုတော့ ဗထူးကွင်း နဲ့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတို့မှာ ရောင်းချပေးလျက်ရှိပြီး MRTV နဲ့ For Sport ရုပ်သံတို့ကနေလည်း တိုက်ရိုက်ပြသပေးသွားမှာဖြစ်ပါတယ်။

KT 
Opinion Media
Share it:

Alpine Cup

Featured

Football

latestnews

LocalNews

Myanmar

News

Sport

Post A Comment: