"ဗိုလ်ချုပ်တို့ကိုလုပ်ကြံဖို့ လက်နက်ထုတ်ပေးလိုက်တာ ဘယ်သူလဲ?"

Share it:


ဦးစောရဲ့ ကြံရာပါဟာ ဘယ်သူဖြစ်နိုင်လဲလို့ သဲလွန်စလိုက်ရှာခဲ့တဲ့ ဦးတင်ထွဋ်ဟာ ဗုံးခွဲပြီး လုပ်ကြံခံခဲ့ရပါတယ်

တစ်ခါတုန်းက ဗမာ့ခေတ်ဦးအုန်းခင်ကို ဗိုလ်နေဝင်းက 
"ကိုအုန်းခင် တင်ထွဋ်ကိုသတ်တာ ဘယ်သူလဲဆိုတာ သိရဲ့လား" လို့ စသလို နောက်သလိုနဲ့ ခြိမ်းခြောက်စကားပြောခဲ့ဖူးတယ် လို့ ကြေးမုံဦးသောင်းက တိတိကျကျ ရေးသားဖော်ပြခဲ့ဖူးတယ်

ဗိုလ်နေဝင်းဟာ အငြိုးကြီးပြီး ရာထူးရဖို့နာမည် ရဖို့ဆိုရင် ဘယ်သူ့ကိုမဆို နင်းတက်ဖို့ ဝန်မလေးတဲ့သူပါ
သမိုင်းမှာ အတိအကျမဖော်ပြခဲ့ပေမဲ့ ရဲဘော် ၃ ကျိပ်ဝင်တွေ လက်မောင်းသွေးဖောက်ပြီး သစ္စာကတိပြုခဲ့စဉ်က ဗိုလ်နေဝင်းဟာ ပြည့်တန်ဆာအိမ်ရောက်နေလို့ မပါဝင်ခဲ့ဖူးလို့လည်း ကြားဖူးခဲ့ပါတယ်

ဟိုင်နန်ကျွန်းမှာ ပညာသင်ကြတုန်းအခါက ဉာဏ်ကောင်းသွက်လက်ပြီး လူကြီးခိုင်းရင် ဖင်ပေါ့တဲ့ ဗိုလ်နေဝင်းကို ဗိုလ်အောင်ဆန်းကအတော်လေး မျက်နှာသာပေးခဲ့တော့ ဗိုလ်နေဝင်းဟာ သူနဲ့အလှန်းများစွာကွာဝေးတဲ့ ရာထူးကြီးကြီးနေရာတွေကို အဲ့ဒီအချိန်ကတည်းက လိုချင်မက်မောခဲ့ဟန်တူပါတယ်

အဲ့ဒီအချိန်က ရဲဘော် ၃ ကျိပ်ရဲ့ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်ထွန်းအုပ်၊ စစ်ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယ စစ်ခေါင်းဆောင်အနေနဲ့ ဗိုလ်လင်္ကျာ၊ (သခင်လှဖေ)၊ တို့ဖြစ်ကြပြီး 
ဗိုလ်နေဝင်းရဲ့အထက် မှာတင် ဗိုလ်ဇေယျ(သခင်လှမောင်)၊ ဗိုလ်စင်္ကြာ(သခင်အောင်သန်း၊ သခင်ဗစိန်-ထွန်းအုပ်ဂုဏ်း) တို့က ရှိနေပြီးသားပါ

တကယ့်နိုင်ငံသမိုင်း နောက်ခံစာအုပ်တွေဖြစ်တဲ့ ဆရာသိန်းဖေမြင့် နဲ့ သခင်တင်မြတို့ရဲ့ စာတွေထဲမှာလည်း ဂျပန်ခေတ်တစ်လျှောက်လုံး ဗိုလ်နေဝင်းဟာ ရာထူးရဖို့အတွက် ဖြတ်လမ်းနည်းမျိုးစုံသုံးခဲ့တာတွေကို ဖော်ပြခဲ့ဖူးပါတယ်

ဂျပန်တော်လှန်ရေးစတင်ချိန်မှာလည်း ရန်ကုန်ကို သိမ်းပြီးကြောင်း သတင်းရတယ်ဆိုရင်ပဲ ဗိုလ်နေဝင်းဟာ ၎င်းတာဝန်ကျတဲ့နေရာမှာမနေပဲ ရန်ကုန်ကိုအမြန်သွားပြီး သူဦးဆောင်တဲ့ ဗမာ့တပ်မတော်ဟာ ရန်ကုန်ကိုသိမ်းလိုက်ပါပြီလို့ သူ့လက်မှတ်နဲ့ စာထုတ်ခါ သတင်းစာနဲ့ မြန်မာ့အသံတွေကနေ ကြေငြာ လိုက်ပါတယ်

အမှန်တော့ ဒီလုပ်ရပ်ဟာ ဗြိတိသျှ မဟာမိတ်တပ်များရဲ့အမြင်မှာ သူဟာ စစ်ခေါင်းဆောင်ပါလို့ ထင်စေချင်တဲ့ သဘောနဲ့ လုပ်လိုက်တာပါ
ဒါပေမဲ့ သူထင်တာလွဲခဲ့ပါတယ် ဗြိတိသျှလူပါးတွေက သူ့လုပ်ရပ်ကြောင့်ပဲ သူ့အပေါ်အယုံအကြည်ပိုမဲ့သွားပြီး နောက်ပိုင်းကိစ္စ အားလုံးကို ဗိုလ်ချုပ်နဲ့သာ တိုက်ရိုက် တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတော့တယ်

ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗိုလ်နေဝင်းအကြောင်းကို ကောင်းကောင်းသိသူပါ 
စစ်ကြိုခေတ်က ဗိုလ်နေဝင်းဟာ တက္ကသိုလ်ကျောင်းသားဘဝကနေ စာတိုက်စာရေးဘဝရောက်တဲ့အထိ လောင်းကစားကြောင့် အမြဲငွေလိုနေတတ်သူဖြစ်လို့ အဲ့ဒီအချိန်က မျက်နှာဖြူသတင်းပေးအလုပ်ကို လုပ်ခဲ့ဖူးပါတယ်

ဂျပန်ခေတ်ရောက်ပြန်တော့လည်း အင်္ဂလိပ်ရဲ့ နောက်ချန်သူလျှိုတွေထဲက ဗိုလ်နေဝင်းနဲ့ သိသူတွေဟာ ဂျပန်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာကြောင့် ဂျပန်သတင်းပေးအလုပ်ကိုလည်း လုပ်ခဲ့လိမ့်မယ်လို့ ဗိုလ်ချုပ်ကိုယ်တိုင်ရိပ်စားမိထားပါတယ်

ဒါ့အပြင် ဂျပန်ခေတ်အတွင်း ဗိုလ်နေဝင်းဟာ မိန်းမရှုပ်တာ၊ လောင်းကစားလုပ်တာ၊ အပျော်အပါးအိမ်တွေ အချိန်ပြည့်ရောက်နေတာ စတဲ့ စရာရိတ္တပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်း ဗိုလ်ချုပ်က သူ့ကို မကြာခဏ ရာထူးချတာတွေ လုပ်ခဲ့ရပါတယ်

ဗိုလ်နေဝင်းဟာ ရတဲ့ရာထူးအာဏာတွေကိုသာ အလွဲသုံးစားလုပ်တတ်တာ ပါ
ပေးအပ်တဲ့တာဝန်တွေကိုကျတော့ ဟုတ်တိပတ်တိ ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ သမိုင်းရယ်လို့ ပြောပလောက်အောင်မရှိခဲ့ပြန်ဘူး

BDA တပ်ယိုးဒယားကနေ မြန်မာပြည်ကို စတင်ဝင်ရောက်ခဲ့စဉ်ကတည်းက ဗိုလ်နေဝင်းကို ရှေ့ပြေးအဖြစ် စေလွှတ်ပြီး မြေအောက်အဖျက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့စေခိုင်းပေမဲ့
ဘာမှ မယ်မယ်ရရ မဆောင်ရွက်ခဲ့ပဲ ရန်ကုန်က မြေအောက်လှုပ်ရှားမှုတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေဆီမှာ သွားပုန်းနေခဲ့ပါတယ်။

အဲ့ဒီလို အဖက်ဖက်က စိတ်မချရတဲ့ ဗိုလ်နေဝင်းကို ဗိုလ်ချုပ်က နောက်ပိုင်းမှာ တာဝန်ပေးအပ်မှုတွေကိုပါ လျှော့ချပစ်ခဲ့ပါတယ်

ဗိုလ်ချုပ်ဟာ ရဲဘော်ရဲဘက်စိတ်နဲ့အကြောင်းကြောင်းတွေ ငဲ့ညှာသော အားဖြင့် ဗိုလ်နေဝင်းအပေါ် တပ်ကနေအနားပေးတာမျိုးမလုပ်ခဲ့ပေမဲ့ လောဘကြီးတဲ့ ဗိုလ်နေဝင်းအဖို့ကတော့ ဗိုလ်ချုပ်နားကို ကပ်မရတာ သူလိုချင်တဲ့ အခွင့်အရေးတွေ နည်းခဲ့တာတွေကြောင့် ဗိုလ်ချုပ်အပေါ် မကြည်လင်ခဲ့ဘူးလို့ အများကသုံးသပ်ကြပါတယ်

ဗိုလ်နေဝင်း အဆိုးဆုံးအရှက်ကွဲခဲ့တဲ့ ကိစ္စတစ်ခုလည်းရှိပါသေးတယ်
အဲ့ဒါကတော့
ဂျပန်ခေတ် ပျဉ်းမနားမှာ တာဝန်ကျစဉ် ဗိုလ်နေဝင်းဟာ မုဒိန်းမှုတစ်ခု ကျူးလွန်ခဲ့ပါတယ်
ဒီအကြောငင်းကို ဗိုလ်ချုပ်သိသွားတဲ့ အခါမှာတော့ အလွန်ပဲဒေါသထွက်တာကြောင့်
ဗိုလ်ချုပ်ဟာ တပ်ကိုစစ်ဆေးနေချိန်မှာပဲ ဗိုလ်နေဝင်းကို ခေါ်ထုတ်ပြီးပါးရိုက်ဆုံးမခဲ့တယ်ဆိုတဲ့ ကိစ္စပါပဲ

အဲ့ဒီအဖြစ်အပျက်ဟာ သမိုင်းမှာ ဖျောက်ထားခြင်းခံရပေမဲ့ ဗိုလ်ချုပ်ရဲ့ဘေးမှာ သတိဆွဲထားတဲ့ အနေအထားနဲ့ ဗိုလ်နေဝင်းက ရပ်နေခဲ့တဲ့ ဓါတ်ပုံဟာ ဗိုလ်ချုပ်တပ်ကိုစစ်တဲ့ အခန်းနားအတွက်မှတ်တမ်းတင်တဲ့ ဓါတ်ပုံဆရာက အဲ့ဒီကိစ္စကိုပါတစ်ပါတည်း ရိုက်ယူခဲ့တာလို့လည်း ဆိုကြပါတယ်

သမိုင်းထဲမှာ စစ်တပ်က ရာထူးရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက်မှတ်နဲ့ လက်နက်တွေ လာထုတ်သွားပြီး ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့တာပါလို့ ဖော်ပြထားသော်ငြားလည်း အဲ့ဒီ လက်မှတ်ပါတဲ့ ပါမစ်စာရွက်ဟာ ပျောက်နေခဲ့ပါတယ်

အကယ်လို့များ ဒီကိစ္စကို သဲလွန်စရှာခဲ့တဲ့ ဦးတင်ထွဋ်သာမသေဆုံးခဲ့ရင် ကျမတို့အားလုံးသိချင်နေကြတဲ့ အဖြေတစ်ခုကို သိခွင့်ရခဲ့မှာဖြစ်သလို
မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့လိမ့်မယ်လို့ ထင်မြင်မိပါတယ်

ဧရာမေ
(၁၇-၇-၂၀၁၇ ) တစ်ကြိမ်ဖော်ပြပြီး

ကျမ်းကိုး 
-ဦးခင်အောင် ( အောင်ဆန်းကိုဘယ်သူသတ်သလဲ)
-ကြေးမုံဦးသောင်း၏ စာများ

Copied & Credit
Share it:

History

LocalNews

Mayar

News

Post A Comment: