ပြောင်းလဲဖို့အတွက် ပြောင်းလဲသင့်သောအရာများ

Share it:

လောကကြီးမှာ မပြောင်းမလဲ တည်ရှိနေတဲ့အရာကတော့ 'ပြောင်း လဲခြင်း'ပါပဲ။ လူသားတွေဟာ ပိုမို ကောင်းမွန်တဲ့ အနာဂတ်အတွက်၊ ပိုမိုကောင်းမွန်တဲ့ ဘ၀အတွက် ပြောင်းလဲမှုတွေကို အားထုတ်ကြရ လေ့ရှိတယ်။ ဒီနေရာမှာ မှားယွင်းတဲ့ အတွေးဟောင်း၊ အကျင့်ဟောင်း တွေကိုလည်း ခ၀ါချပစ်ကြရပြန် တယ်။ ဘယ်လိုအရာတွေကို ဘ၀ သစ် အနာဂတ်အသစ်အတွက် ပြောင်းလဲပေးရမလဲဆိုတော့ ...

အိပ်မက်ဝင်ကစွပ်
--------------------
ဘ၀မှာ အကြီးမားဆုံးသော စိန်ခေါ်မှုကတော့'မိမိကိုယ်ကိုယ် ရှာ ဖွေခြင်းပါပဲ'။ ဒုတိယအကြီးမားဆုံး သော စိန်ခေါ်မှုကတော့'မိမိ ရှာဖွေ တွေ့ရှိတဲ့အရာနဲ့ ပျော်ရွှင်ကျေနပ်နေ ဖို့'ပါပဲ။ ဒီနေရာမှာ ဆင်ခြေဆင် လက်တွေကို ၀ီစီနှုတ်ပစ်ဖို့နဲ့ သူတစ် ပါးရဲ့ အိပ်မက်တွေထဲမှာ မရှင်သန် မိစေဖို့လည်း လိုအပ်လှတယ်။ ကိုယ့် ဘ၀အတွက် ကိုယ့်ဟာကိုယ် ရွေး ချယ်တတ်ဖို့ လိုအပ်တယ်။ တစ်ပါး သူရဲ့ အိပ်မက်တွေထဲမှာ သင့်ရဲ့ စိတ်ခွန်အားတွေကို မနစ်မြုပ်မိစေဖို့ လည်း လိုအပ်တယ်။ ပရိသတ်လက် ခုပ်သံရမှ သင့်ရဲ့ လုပ်ဆောင်မှုတွေ ကို စွမ်းဆောင်မယ်ဆိုတဲ့အတွေး လည်း မ၀င်သင့်ဘူး။ သင့်ကိုယ်သင် ရဲစိတ်မွေးပြီး သင့်အိပ်မက်ခေါ် ဆောင်ရာနောက်ကိုသာ တကောက် ကောက်လိုက်ဖို့ လိုအပ်လှတယ်။ တစ်ပါးသူရဲ့ အိပ်မက်ထဲ အချည်းနှီး ရှင်သန်ခြင်းဖြင့် သင့်ဘ၀ရဲ့ ကန့် သတ်ထားတဲ့အချိန်ကာလတွေကို အကျိုးမဲ့ မဖြုန်းတီးပစ်စေချင်ဘူး။

စင်ပေါ်က တော်ကောက်ဖို့
--------------------------------
ဘ၀မှာ လူတွေဟာ တစ်ခါ တစ်ရံ ဒီလို အတွေးဝင်လေ့ရှိတတ် ကြတယ်။ တစ်နေ့နေ့မှာတော့ ငါ ဟာ သိကြားမကိန်းဆိုက်ပြီး ချမ်း သာ<ကယ်ဝလာမှာပဲ။ တစ်ချိန်ချိန် မှာတော့ ငါ့အတွက် အချိန်ကောင်း အခါကောင်း ဆိုက်လာမှာပဲ။ တစ် ရက်ရက်မှာတော့ ငါ့အတွက် ဖုတ် သွင်း ရထားဆိုက်လာမှာပဲလို့ တွေး လေ့ရှိပြီး အဲဒီ ဘာမှန်းမသိတဲ့ ဘယ်တော့မှန်း မသိတဲ့ အရာကြီးကို စိမ်ပြေနပြေနဲ့ တမေ့တမြောကြီး ထိုင်စောင့် နေလေ့ရှိတတ်ကြတယ်။ ဒါဟာ တကယ်တော့ အချိန်ဖြုန်း တာ သက်သက်ပါပဲ။ သင်ဟာ နေရာမှားပြီး အတွေးမှားနေပါ တယ်။ ဘယ်သူ့ကမှ သင့်ဆီကို မျက်စိလည်လမ်းမှားပြီး မပေါက်ချ လာပါဘူး။ ကံကောင်းခြင်းဟာ ဘယ်တော့မှ မျက်စိလည်လမ်းမှား ခြင်း ထုံးစံမရှိဘူး။ လုံ့လထုတ်မှ နတ် ကူတယ်။ သင့်အိပ်မက်တွေအတွက် သင့်ကိုယ်တိုင်ပဲ ထလုပ်ရမှာပါ။ သင့်ဘ၀အတွက် သင်ကြိုးစားမှ ရမှာပါ။ အလကား အရင်းမဲ့ အကျိုး ရလိုစိတ် မမွေးသင့်ပါဘူး။ သင့်ရည် မှန်းချက်အထွေထွေအတွက် ခြေ လှမ်းအနည်းငယ်စီနဲ့ စတင်သင့်ပါ တယ်။ အနာဂတ်မှာ ဖြစ်သင့်တဲ့ သင့်ရဲ့ အနေအထားကို သင်ကိုယ် တိုင် ပုံဖော်ထုဆစ်ရမှာပဲ ဖြစ်ပါ တယ်။

အချိန်ကောင်းစောင့်ခြင်း
---------------------------
ဒီအချိန်ကတော့ န၀င်းမမိ သေးဘူး၊ ဒီအချိန်ကတော့ မိုးရွာနေ လို့၊ ဒီအချိန်ကတော့ ဖီးလ်မလာ သေးလို့ ဆိုပြီး လုပ်စရာရှိတဲ့အလုပ် တွေ၊ ရည်မှန်းချက်တွေကို နောက်ပို့ ချန်ထား၊ ရွှေ့ဆိုင်းထားလို့ မကောင်း ပါဘူး။ လုပ်စရာရှိတဲ့အလုပ်ဆိုရင် တက်တက်ကြွကြွနဲ့ ထလုပ်ပစ်ရမှာ ပါ။ အခြေအနေတွေက သင့် အတွက် အကောင်းဆုံး စိတ်ခွန် အား မပေးပေမယ့်လည်း သင်က တော့ သင့်ဘ၀အတွက် သင့်ရည် မှန်းချက်အတွက် အားထုတ်ရမှာက ဓမ္မတာပါပဲ။ သင့်စိတ်နဲ့ အံဝင်ခွင် ကျရှိမယ့် အချိန်ဆိုတာ အမြဲတစေ မရှိပါဘူး။ သင့်စိတ်နဲ့ အမြဲတစေ သဟဇာတဖြစ်မယ့် ပတ်ဝန်းကျင်၊ အခြေအနေကလည်း အမြဲတစေ မရှိပါဘူး။ ဒါကို သင်ဟာ ကောင်းစွာ သတိချပ်နားလည်ပြီး သင်လုပ်စရာ ရှိတာကို ထလုပ်ရမှာပဲ ဖြစ်ပါတယ်။

လူ့အလို နတ်မလိုက်
-------------------------
လောကကြီးမှာ လူတွေ ကြိုက်အောင် ဘယ်လိုပဲ နေနေ သင်ဟာ စိတ်ပျက်ခြင်းနဲ့သာ ရင် ဆိုင်ရပါလိမ့်မယ်။ လူတွေ ကြိုက် နှစ်သက် အောင်ဆိုပြီး သင့်ရဲ့ မူရင်း အရောင်ကို ဖျောက်လို့ လူကြိုက် မယ့်အရောင်အတိုင်း လိုက်ဆေးဆိုး နေမယ်ဆိုရင် သင့်ဘ၀ဟာ ဆေး ဆိုးလို့ကို မပြီးနိုင်တော့ပါဘူး။ လူ တိုင်းကလည်း သင့်ကို ကြိုက်နှစ် သက်လာမှာ မဟုတ်ပါဘူး။ သင့် အတွက်လည်း ပျော်ရွှင်စေမှု ရရှိ လာမှာ မဟုတ်ပါဘူး။ သင်ဟာ သင့်မူရင်းအရောင်အတိုင်းသာ ရှိ သင့်ပါတယ်။ အရိုးခံအတိုင်းသာ ရှိသင့်ပါတယ်။

သင်ဟာ မသေမျိုး မဟုတ်
-------------------------------
သင်ဟာ တစ်ခါတစ်ရံမှာ သင့် ကိုယ်သင့် အထင်မှားပြီး'ဘယ် တော့မှ မသေမယ့် လူ'လို့ နေထိုင် ရှင်သန်နေတတ်ပါတယ်။'ဘယ် တော့မှ အသက်မကြီးတော့မယ့်လူ'လိုမျိုးလည်း နေထိုင်ရှင်သန်နေ တတ်ပါတယ်။ ဘ၀ရဲ့ အခွင့်အရေး ကောင်းတွေ၊ လှပမှည့်ရွမ်းတဲ့အချိန် တွေကို အလဟဿ ဖြုန်းတီးပစ်ရင်း နဲ့ `သင့်ကိုယ်သင် မကုန်ဆုံးနိုင်တဲ့ အချိန်တွေ´ ရှိထားသလိုမျိုး နေထိုင် တတ်မိတယ်။ ဒါဟာ သင့်ရဲ့ သက် တမ်းကို ၀မ်းနည်းဖွယ်ရာ ဖြုန်းတီး ပစ်လိုက်ခြင်းပါပဲ။

ဘွတ်ကင်ယူထားသော သောက
---------------------------------------
တခြားသူတွေ ဘာတွေ တွေး နေသလဲ၊ မြင်နေသလဲဆိုတာ သင့် အတွက် အကျိုးမဖြစ်ထွန်းစေတာ ကို သိရက်နဲ့ သင်ဟာ လူတွေ ကိုယ့် အကြောင်း ဘာများတွေးနေမလဲဆို ပြီး ကြိုသောကပွားနေတာဟာ သင့် ကိုယ်သင် နှိပ်စက်ခြင်းတစ်မျိုးပါပဲ။ ဒါဟာ ပျော့ညံ့အားနည်းတဲ့ စိတ် ဓာတ်ပိုင်ရှင်တွေ ဖြစ်လေ့ရှိတဲ့ စိတ် ခံစားမှုတစ်မျိုးပဲ ဖြစ်ပါတယ်။

လက်ခံရမည့်အရာများ
--------------------------
လက်ခံသင့်တဲ့အရာတွေထဲမှာ ပကတိအခြေအနေလည်း ပါတယ်။ နောက်ပြီး အတိတ်က အပြစ်တွေ၊ နောင်တတွေဟာ သင့်ကို မပြောင်း လဲစေနိုင်ဘူးဆိုတဲ့အချက်လည်း ပါတယ်။ လူတိုင်း အမှားလုပ်လေ့ ရှိတတ်ကြတယ်။ ဒီအမှားတွေကနေ သင်ဟာ သင်ခန်းစာယူပြီး သင့် ကိုယ်သင် ကြီးထွားရှင်သန်တိုးတက် အောင် လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ ဒါကိုမှ သင်က မလုပ်ဘဲ နောင်တတွေချည်း ထိုင်ရနေမယ် ဆိုရင်၊ အပြစ်ရှိသလိုချည်း ထိုင်တွေး နေမယ်ဆိုရင်တော့ သင်ဟာ မိအေး နှစ်ခါနာ ဘ၀ကို အလိုအလျောက် ဆိုက်ရောက်သွားပါလိမ့်မယ်။
ဒါတွေကို သင်ဟာ နဖူးပေါ် လက်တင်လို့ ဆင်ခြင်အတွေးဆ ၀င်ပြီး သင့်ရဲ့ လက်ရှိအချိန်ကနေ စတင်လို့ သင့်အနာဂတ်အတွက် ဘယ်လိုပြောင်းလဲမှုအသစ်နဲ့ ခြေ လှမ်းမယ်ဆိုတာကို အစီအစဉ်ဆွဲ ရင်း နောက်အပတ်များမှ ပြန်လည် ဆုံတွေ့ကြပါစို့လား ... ။

#8days_Relationship
#8days_Journal

Share it:

Article

Life

Lifestyle

Opinion

Relationship

Post A Comment: