Huawei က Apple ကို ကျော်တက်ကာ ဒုတိယနေရာတွင် ရပ်တည်နေ

Share it:



စမက်ဖုန်း ထုတ်လုပ်တင်ပို့ရောင်းချသူများ စာရင်းမှာ Apple က ယခုနှစ် ဒုတိယ ၃လပတ်စာရင်းမှာ တတိယနေရာကို ရောက်ရှိသွားပြီး ဒုတိယနေရာကို Huawei က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပထမနေရာကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ Samsung က ဆက်လက်ရပ်တည်နေပါတယ်။ 

ယခုနှစ် ဒုတိယ ၃ လပတ်အတွင်း စမက်ဖုန်း တင်ပို့ရောင်းချမှုမှာ အလုံးရေ သန်းပေါင်း ၃၄၂ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြကြောင်း နိုင်ငံတကာအချက်အလက်ကော်ပိုရေရှင်း(IDC) က သတင်းထုတ်ပြန်လိုက်ပါတယ်။ 



တွက်ချက်မှုများအရ ယမန်နှစ်ကထက် ၁.၈ ရာခိုင်နှုန်းခန့် လျော့နည်းသွားပြီး ယမန်နှစ် ဒုတိယ ၃ လပတ်တုန်းက အလုံးရေ ၃၄၈.၂ သန်းကျော် တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် ၂ နှစ်အတွင်း တူညီတဲ့ ဒုတိယ ၃ လပတ်အတွင်းမှာ Huawei က Apple ကို ကျော်တက်သွားပြီး ယခုကဲ့သို့ စမက်ဖုန်းတင်ပို့ရောင်းချမှု အများဆုံးအဖြစ် ဒုတိယ နေရာကို ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။ 



Ref : GSMarena , #TechNews
Share it:

Apple

Featured

Huawei

Mobile

News

Oppo

Samsung

TechNews

Technology

Post A Comment: