Mi Mix 3 ကို Pop-up ကင်မရာနှင့်အတူ စက်တင်ဘာလတွင် စတင်ရောင်းရဖွယ်ရှိ

Share it:

Pop-up ကင်မရာ trend စနစ်ကို Vivo ရဲ့ Vivo Nex ကနေ စတင်လိုက်ပြီးနောက်မှာတော့ Oppo Find X ကလည်း အလားတူ ပုံစံဖြင့် ပွဲထုတ်လာသလို ယခုအခါ Xiaomi ကလည်း Pop-up ဒီဇိုင်းဖြင့် ပွဲထုတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 

Mi Mix series ဟာ စထွက်ကတည်းက screen-to-body ratio ဟာ အံ့သြစရာတွေနဲ့ စတင်လာခဲ့ပြီး ၂၀၁၈ ခုနှစ်ပိုင်းကို ရောက်လာချိန်မှာတော့ ပြိုင်ဘက်တွေ တစ်ဖြည်းဖြည်း ပေါ်လာခဲ့ပြီး ယခုမှာတော့ အားလုံးနီးပါးသော ဖုန်းထုတ်လုပ်သူတွေဟာ မျက်နှာပြင်ပြည့် ဖုန်းတွေကို ဈေးနှုန်း သင့်တင့်စွာနဲ့ ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ 

တရုတ်လူမှုကွန်ယက်ကနေ ထွက်ပေါ်လာတဲ့ ပုံတစ်ချို့အရ ဖုန်းရဲ့ နာမည်ကို အတိအကျမသိရပေမယ့် Mix ဆိုတာကိုတော့ ဖော်ပြထားလို့ ဒါဟာ နောက်အသစ်ထွက်လာမယ့် Mi Mix 3 ဆိုပြီး ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ 

ဒီဖုန်းဟာ စက်တင်ဘာလလောက်မှာ စတင်ရောင်းချနိုင်ဖွယ်ရှိနေပြီး တကယ်လို့ သင့်အနေနဲ့ Xiaomi brand ထဲက မျက်နှာပြင်ပြည့်နဲ့ Pop-up ကင်မရာပါတဲ့ ဖုန်းကို စောင့်နေတယ် ဆိုရင်တော့ စက်တင်ဘာလဟာ သင့်အတွက် စောင့်ရကျိုး နပ်မှာပါ။ 

Ref : GSMArena #MZK #TechNews
Share it:

Mobile

Oppo

TechNews

Technology

Vivo

Xiaomi

Post A Comment: