Motivation theories in learning


ကိုယ့်ဆရာ တယောက်က ကျောင်းသားတွေ က စာအပေါ်စိတ်ဝင်စားမှု. motivation မရှိဘူးလို. ဟိုးတလောက post တခုမှာပြောရင်း ပါလာတယ်။ အကျိုးရှိတော့လဲ အကြောင်းရှိရမှာပေါ့ ဆိုပြီး educational psychology ထဲက motivation theory တွေ လိုက်ဖတ်ပြီး ကောက်နှုတ်ထားတာ။

Motivation ဆိုတာ လူတွေအနေနဲ. သူတို.ရဲ. လိုအပ်ချက် ဆန္ဒ စတာတွေကို အကောင်အထည်ဖို. လုပ်စေဖို. ရှေရှည် လုပ်စေဖို. ဖြစ်စေတဲ့ တွန်းအားလို.ဆိုရမယ်။ Motivation နဲ. emotion ဘာကွာလဲဆိုရင် emotion ဆိုတာက လက်တလော ပတ်ဝန်းကျင် လှုံ.ဆော်မှူ.တွေကို တုန်.ပြန်တဲ့ ခံစားမှု.ပဲ Motivation ကျတော့ behaviour ကိုဖြစ်စေတဲ့ ဟာပေါ့။ ရေရှည် စွဲစွဲမြဲမြဲ လုပ်စေမဲ့ action ကိုဖြစ်စေတာလို.ဆိုချင်တာ။

Motivation ရှိနေရင် စာသင်တာဖြစ်ဖြစ် တခြား ရည်မှန်းချက်ရှိရာအလုပ်ဖြစ်ဖြစ် တစိုက်မတ်မတ် လုပ်တယ်။ အားစိုက်တယ်။ ဒီတော့ပိုဖြစ်ထွန်းလွယ်တယ်ပေါ့။

Learning နဲ. ပတ်သတ်ပြီး motivation ကို အားကောင်းစေတဲ့အချက်တွေက

Challenge 
မလုပ်ဖူးတဲ့ဟာတခုခု စိမ်ခေါ်မှု.တခုခု အဲ့တာကို လုပ်ကြည့်မယ် ဒါမျိုးကို ဆိုချင်တာက လူဆိုတာ adventure ကိုကြိုက်တယ် မလုပ်ဖူးတာလေး ခက်တာလေး လုပ်ကြည့်လို. ရသွားရင် ကျေနပ် နှိစ်သိမ့်မယ် pleasure ရမယ် dopharmine ထွက်မယ် အဲ့တော့ ဒါမျိုး နောက်တခါ လုပ်ချင်မယ်။

Curiosity 
သိချင်တာ စူးစမ်းချင်စိတ်ရှိတာ။ သိချင်တာ။ ပြောရရင် ကိုမသိသေးတဲ့အရာတခုခုကို လေ့လာချင်စိတ် သိချင်စိတ်ရှိတာ။ ဒီနေရာလေးမှာ ဒါကတော့ ဘာလို.ဖြစ်သွားတာလဲဆိုတာမျိုး သိချင်စိတ်ရှိအောင်လုပ်ပေးရမှာ ။ဒါဆို motivate ဖြစ်တယ် ။ ဥပမာ ဒါတွေ ဘာလို.သင်နေရတာလဲ ဘယ်နေရာ အကျိုးရှိမလဲ ဒါဆို Curiosity ကို မြှင့်ပေးရာ ရောက်မယ်။

Control 
ဥပမာ game တွေ ကစားတဲ့အခါ အထဲက နေရာကို ၀င်ကစားလို.ရတယ်။ ထိန်းချုပ်လို.ရတယ်။ ကိုယ်ကချယ်လှယ်လို.ရတဲ့အခါ ပိုစိတ်ဝင်စားတယ်။ Learn လုပ်တဲ့အခါမှာလဲ ကိုသင်ထားတဲ့ဟာတွေကို ဘယ်နေရာမှာ ကိုယ်တိုင်ပြန်အသုံးချကြည့်မယ် ဆိုတာမျိုး control လုပ်နိုင်ရင် ပိုပြီး motivate ဖြစ်တယ်။

Fantasy
ဒါကိုလုပ်လိုက်ရလို. ကျေနပ်တာ ၀မ်းသာအားရဖြစ်တာ ပျော်တာ။ ဥပမာ ဟာငါက ဒါတွေတောင် နားလည်သွားပြီ မဆိုးဘူးပဲ ငါပိုတတ်သွားပြီ ဆိုတာမျိုး ဖြစ်စေတာသည် motivate ဖြစ်စေတယ်။ လူရဲ. ပင်ကိုယ် ဆန္ဒတွေမှာကိုက ဒါတွေသည် ပါလာပြီးသားပဲ။

Competition, Cooperation, Recognition.
Competition ရှိရင် motivate ဖြစ်မယ်။ လူ.သဘာဝအရ သူများထက်သာချင်တာကိုး နိုင်ချင်တယ်။ ဒါသည် မွေးရာပါ ပါလာတဲ့ survive ဖြစ်စေတဲ့ instinct မျိုး ။နောက်တခုက cooperation အချင်းချင်းချိတ်ဆက် ပြီး ပူးပေါင်းဆောင်ရွက်တာမျိုးကလဲ motivation ကိုဖြစ်စေတယ်။ Recognition ကျတော့ ဥပမာ ဆုတွေရတာမျိုး အသိအမှတ်ပြုခံရတာမျိုး ဒါမျိုးဆိုရင်ကို motivate ဖြစ်တယ်။

ခုနက အချက်အားလုံးသည် game တွေမှာရှိတယ်။ ဒါကြောင့် game တွေကို စွဲစွဲမြဲမြဲဆော့ကြတာ။ Motivate လုပ်ပြီးသားဖြစ်နေတာကိုး။

ခုနက Motivation နဲ.ပတ်သတ်ပြီးထုတ်ထားတဲ့ theory တွေရှိတယ်။

Intrinsic and Extrinsic Motivation Theory

Intrinsic motivation ဆိုတာ အပြင်က ဘာမှ လုပ်စရာ မလိုပဲ မွေးရာပါ ပါလာတာမျိုးကိုဆိုချင်တာ။ ဥပမာ လူတွေသည် အသက်ရှင်ချင်တယ်။ ဂရုစိုက်မှု.ခင်ချင်တယ်။ စူးစမ်းချင်တယ်။ ဒါမျိုးသည် မွေးရာပါ ပါလာတာ။ Challenge, Curiosity, Control, Fantasy အဲ့ကောင်တွေက intrinsic motivation ထဲမှာပါတယ်။ Intrinsic motivation ရှိဖို.ကျတော့ will power နဲ. positive attitude ရှိဖို.လိုတယ်။

Extrinsic ကျတော့ သူက ပြင်ပကနေ motivate ဖြစ်အောင် လှုံ.ဆော်ပေးရတာ ။ ဥပမာ ဒီကျောင်းသားက ဒီအတိုင်း စာကို စိတ်မ၀င်စားဘူး။ ဒါဆိုရင် ဆုပေး ဒဏ်ပေးစနစ် ပြိင်ပွဲလုပ်လို.ဖြစ်ဖြစ် မပုကြွယ်နဲ. ခရုငယ်ပုံပြင်ထဲကလိုပေါ့ ဒါသည် extrinsic motivation ပဲ။ခုနက extrinsic motivate လုပ်ပေးရင်းနဲ. သူ.ဟာသူ အရှိန်ရလာပြီး intrinsic motivation ဖြစ်လာနိုင်တယ်။

Self Determination Theory

လူတွေက သူတို.ရဲ. physical mental need တွေနဲ.ကိုက်ညီရင်ပြို့ပီး motivate ဖြစ်တယ်။ဥပမာ တနေ.လုပ်မှ တနေ.စားရတဲ့သူကို မင်းစာအုပ်ဖတ်ပါလား တိုးတက်မယ်လို.ပြော၇င် လုပ်ချင်မှလုပ်မယ်။ သူ.ခမျာ စာအုပ်ဝယ်ဖို. ဖတ်ဖို. အားမှလဲအားမှာကိုး။ ဒါပေမဲ့ ဒီစာအုပ်ဖတ်လိုက်ရင်တော့ မင်းလုပ်နေတဲ့ စိုက်ပျိုးရေး အောင်မြင်တဲ့နည်းတွေရှိတယ်။ ဒါမျိုးကိုကျတော့ self determination theory လို.ခေါ်တယ်။ တဦးချင်းကိုက်တာ ပေးတာပေါ့။

Social Cognitive Theory

ဒါကျတော့ လူအုပ်ထဲမှာ သူများတွေ လုပ်နေတာ ကိုင်နေတာကိုကြည့်ပြီး learn လုပ်စေချင်စိတ်ဖြစ်လာတာ။ ပြပွဲတွေ ပြိုင်ပွဲတွေ လုပ်တာသည် ဒီသဘောပဲ။ အဲ တခုတော့ရှိတာပေါ့။ ပြပွဲပြိုင်ပွဲတွေမှာ ဘာပြသလဲဆိုတာတော့ရှိတယ်။

Expectancy Theory

ဒါကျတော့ ဒါတွေတတ်ထားရင် ဘယ်လောက် အလုပ်အကိုင်အခွင့်အလမ်းသေချာတယ်။ ငါတော့ ကြိုးစားမှဖြစ်မယ် ကြိုးစားသလောက်လဲ အကျိုးရှိနိုင်တယ်။ အဲ့လို expectation အပေါ်မူတည်ပြီး ဖြစ်လာတာ။. အလုပ်အကိုင် အခွင့်အလမ်းရ ကောင်းမယ် ခိုင်မာမယ်ဆိုရင် learn လုပ်ဖို. ပို motivate ဖြစ်စေတယ်ပေါ့။

ARCS Model

(A)Attention

ကျောင်းသားကိုစိတ်ဝင်စားအောင်လုပ်တာ ဟေ့ဒါက ဘယ်လောက်ရမယ်ထင်လဲ မှန်းကြည့် လက်တွေ.ပြကြည့် တွေ.လား လွဲတယ် ။ဒါဆို attention ရပြီ။ထင်မှတ်မထားတာတွေ suprise ပြတာမျိုးကို ဆိုချင်တာ။ မဟုတ်ရင် ဘယ်သူမှ စိတ်မ၀င်စားဘူး။အင်္ဂလိပ်လိုရေးထားတာကို မြန်မာလို ကပေါက်တိကပေါက်ချာ ဘာသာပြန်ပြရင်ပိုဆိုးတာပေါ့။ နောက် ဟာသတွေထဲ့ပြောတာ ရံဖန်ရံခါပေါ့။ မေးခွန်းတွေ မေးတာ သူတို.ကို သင်နေတဲ့အထဲပါနေအောင် လုပ်တာ။ သူတို. နားလည်နိုင်တဲ့ example တွေပြတာ။ မြင်သာအောင်ပြောတာ။ ရှင်းပြတာ ။ ဒါတွေကနေ attention ရမယ်။ အဲ့တာကနေ motivate ဖြစ်မယ်။

(R)Relevance

ဒါကတော့ Why ပေါ့ ဘာကြောင့်သင်နေရတာလဲ ဘာအတွက်အကျိုးရှိတာလဲ။ ခုလက်ရှိဘယ်နေရာ အသုံးဝင်လဲ နောင်ကျ ဘယ်နေရာအသုံးဝင်မလဲ။ ဘယ်လောက်တန်ဖိုးရှိလဲ ။ ဒါတွေမသိရင် စိတ်မ၀င်စားနိုင်ဘူး။

(C) Confidence

ကျောင်းသားကို သူသင်နေရတာနဲ.ပတ်သတ်ပြီး တန်ဖိုးရှိတယ် အသုံးဝင်တယ် သူဒါကိုသိထားရင် ပိုကောင်းမယ် ပိုပြီး အကျိုး၇ှိမယ်ဆိုတာ သိအောင် လုပ်တာ။ ဘယ်သူမှ ဘာမှန်းမသိတဲ့ အရာကြီးမလုပ်ချင်ဘူး အဓိပ္ဗာယ်လဲ မရှိဘူး။

(S) Satisfaction

Learn လုပ်ရတာကနေ အကျိုးရှိပါလား သင်ရတာ နားလည်ရလွယ်ပါလား ငါတော့ အသုံးကျပါလားဆိုတာတွေ ပေးလိုက်နိုင်ရင် satisfy ဖြစ်မယ်။ ငယ်ငယ်က သင်ခန်းစာမှာ မပါတာသွားမေးတော့ ဒါစာမေးပွဲမှာ မပါဘူးတဲ့ ။ အဲ့လို satisfication မျိုး မဖြစ်ဖို.လိုတယ်။ စာမေးပွဲ အောင်ဖို. လောက်ပဲဆိုတဲ့ satisfaction ထက် ဘ၀ အာမခံချက်ပေးနိုင်တယ်ဆိုတဲ့ satisfaction ကပိုကောင်းမယ်။

အဆုံးသတ် အကျဉ်းချုပ်ရရင် ကျောင်းသားတွေ စာစိတ်မ၀င်စားတာသည် Intrinsic motivation မရှိလို.သော်လည်းကောင်း ARCS model အရ အကုန်လွဲနေလို.သော်လည်းကောင်းဆိုတဲ့ အဖြေရပါကြောင်း။

Credit : Thet Khine facebook

Post a Comment