Myanmar Idol က အန်ကယ် ဖတ်ဖို့

Share it:

ရှေ့မျက်နှာ နောက်ထားပြီး ပြောရမှာပဲ။

အခု ပြိုင်နေတဲ့ကောင်တွေအကုန်လုံး ရွှေသုန္ဒရီ၊ အသီးတစ်ရာအညှာတစ်ခု လို ပုံစံတွေနဲ့ အဆိုတော်ဖြစ်ချင်၊ အခွေထုတ်ချင်တဲ့ကောင် တစ်ကောင်မှ မပါဘူး။
Myanmar Idol က လည်း winner ကို စတီရီယိုခေတ်ဦးက သီချင်းတွေနဲ့ချည်း အခွေထုတ်ပေးလိမ့်မယ်မထင်ဘူး။

အဲဒီအချက် မြဲမြဲကိုင်ထားရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ ဆက်ပြောလို့ရပြီ။

1️⃣ မြန်မာပြည်သိန်းတန် ကို လေးစားတယ်ဆိုတာ၊ ကျွန်တော့် မိဘတွေကြောင့်ပါ။ ကိုယ်တွေငယ်ငယ် အိမ်ကဘိုးတော် ကက်ဆက်ဖွင့်ရင် ရွှေသုန္ဒရီ၊ ဗေဒါရီ... ဒါတွေနားထောင်ရင်း ကြိုက်ခဲ့ရတာ။
❌ ဒါပေမယ့် အဲဒီသီချင်းတွေဟာ ကျွန်တော်ကြိုက်တဲ့ဂီတကို လေ့လာတဲ့နေရာမှာ လုံးဝအသုံးမဝင်သလို သုံးလို့လည်းမရဘူး၊ စိတ်တောင်မကူးခဲ့ဖူးဘူး။ 
ငယ်ငယ် ရွေးနားထောင်စရာ မသိ၊ မရှိတဲ့အချိန် နားထောင်ခဲ့ရတော့ ကြိုက်တာတော့အမှန်ပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်အတွက် $သုံးကျတဲ့ သီချင်းတွေ မဟုတ်ဘူး။

2️⃣ အန်ကယ့်ကို နေရာပေးကြတာ သမ္ဘာကြောင့်ပါ။ 
ပညာကြောင့် ဆိုရင်တောင် အဲဒီပညာဟာ ရိုးသားစွာ၊ သတိကြီးစွာ လက်ဆင့်ကမ်းမှ ပညာယူသူတွေအတွက် အဆင်ပြေ အသုံးဝင်ပါလိမ့်မယ်။
သမ္ဘာကိုပဲ လက်ဆင့်ပေးစေချင်ပါတယ်။ Notes လွဲတာတွေ၊ အသက်ရှူပုံ ရှူနည်းတွေ၊ Stress Release အတွက်နည်းတွေ...
❗️ကမ္ဘာ့ဂီတမှာ ဂီတအမျိုးအစား မျိုးကွဲတွေ၊ အသစ်တွေ... ဖန်တီးမှုမျိုးကွဲတွေ၊ အသစ်တွေ ပေါ်နေတာ မနည်းမနော။ အန်ကယ် ပြောပြောနေတဲ့ Rock N Roll ဆိုတာ ကျွန်တော်တို့ အရမ်းကြိုက်ကြတဲ့ ဂီတ။ ဒီဂီတကနေ မျိုးကွဲ ဆင့်ခွဲထွက်လာတဲ့ ဂီတပုံစံတွေလည်း အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက ဟိုးအဝေးကြီးမှာ ကျန်နေရစ်ခဲ့ပြီ။
ဘယ်မလဲ Hard Rock, Grunge, Mordern Rock, Nu Metal, Death Metal, Power Metal, Rap Metal တွေ... တစ်ချို့ တစ်ပုဒ်စ နှစ်ပုဒ်စ ထွက်ခဲ့တာ (Metal တွေချည်း ထွက်လာတဲ့အခွေတွေလည်း ရှိပါတယ်) အနည်းအကျဉ်း ကြိုးစားခဲ့ကြတာတွေ ရှိပါတယ်။
❌ ခပ်ရှင်းရှင်းပြောရရင်... အန်ကယ့်ရင်ကိုထိမယ့် သီချင်းက ဟိုး... အဝေးမှာ ကျန်ခဲ့ပါပြီ။ ဒီကောင်တွေလည်း အဲဒီလိုသီချင်းတွေနဲ့ အခွေထုတ် အဆိုတော်ဖြစ်ချင်မှာမဟုတ်ဘူး။

🔥🔥🔥 ရွှေသုန္ဒရီ နဲ့တော့ ကမ္ဘာတက်သိမ်းဖို့မပြောနဲ့ ရင်ဘောင်တန်းဖို့ အိပ်မက်တောင် မမက်ပါနဲ့။

3️⃣ Date အောက်နေတဲ့ အတွေးအခေါ်၊ လွဲနေတဲ့ အယူအဆတွေနဲ့ တနိုင်ငံလုံးကို ဂျင်းမထည့်ချင်ပါနဲ့။
❗️ဆိုလိုက်တဲ့ စကားလုံးပီသဖို့ လိုတာ၊ စကားလုံးပီပီသသဆိုနိုင်တာ ကောင်းပါတယ်။ ကျွန်တော်လက်ခံပါတယ်။ နေရာတစ်ကာ ပီနေ သနေဖို့ လိုသလားဆို... မလိုပါဘူး (လုံးဝကို မလိုတာပါ)
ဒါ သီချင်းဆိုနေကြတာပါ။ လွတ်လွတ်လပ်လပ် ဆိုပါစေ၊ ခံစားရတဲ့အတိုင်း ဆိုမှ ခံစားမှုဆိုတာ ပေါ်လွင်တာပါ။
ဗေဒါရီ ကို စကားမပီပဲဆိုရင် ဗလုံးဗထွေးနဲ့ ဆိုရင်
ကျွန်တော့်အနားသာ လာဆို... $ခွက် ထကန်မှာ
ဒါပေမယ့်... နေရာတိုင်း မလိုပါဘူး။
❌ American Idol ရဲ့ winner - Kelly Clarkson ဆို ဘယ်လိုလုပ်မလဲ။ Greenday, Big Bag, လင်းလင်း... စကားလုံးသာ ပီအောင်ဆိုခိုင်းကြည့်ပါလား။

4️⃣ ဂီတလေ့လာမှု (သီချင်းနားထောင်မှု၊ ဂီတဝမ်းစာ)
အန်ကယ်ပြောတဲ့စကားတွေအတိုင်းသာဆိုရင်... အန်ကယ် ပြတ်ကျန်နေရစ်တာ အတော်ဝေးနေပါပြီ၊ မလိုက်ခဲ့ပါနဲ့တော့။ 
နှစ် ၅၀ ဂီတသက်တမ်း ဆိုတာ၊ အန်ကယ် မသေသေးလို့ $ရှက်မရှိပြောနေတာပါ။ 
အန်ကယ် ဂီတဖန်တီးခဲ့တဲ့သက်တမ်း ဘယ်လောက်ရှိလို့လဲ။
အခုရော... ဘာတွေလုပ်နေလဲ။
ဒီကောင်တွေ သွားချင်တဲ့လမ်း သွားကြပါစေ။
❗️ မိဘတွေကြောင့် ကြိုက်ခဲ့တဲ့၊ သမ္ဘာကို လေးစားရတဲ့အကြောင်းတွေကြောင့် အိမ်ဦးခန်းတင်ထားတာပါ။ 
လေးစားရတဲ့ဓါတ်ခံလေးဟာ $စကားတွေ $ရှက်မရှိပြောနေတာနဲ့ ပျက်စီးမသွားစေချင်ပါဘူး။

------------------

ရွှေသုန္ဒရီ၊ ဗေဒါရီ... အရမ်းကြိုက်ခဲ့တာ၊ ရှေ့ဆက်လည်း ကြိုက်နေမှာပဲ။
အန်ကယ့်ကို အဲဒီသီချင်းတွေကြောင့် (မသိစိတ်ကနေ ကို) လေးစားခဲ့တာ၊ နောက်လည်း လေးစားနေမှာပဲ။

ဒါပေမယ့်... ခေတ်သစ်ဂီတဖန်တီးမှုမှာ $ဇယားလာရှုပ် $စကားတွေ သိပ်များမနေနဲ့။ 
တစ်နိုင်ငံလုံးကို Broadcast လုပ်တဲ့နေရာကနေ ပြောချင်ရာ လျှောက်ပြောနေတာကို ဝိုင်းဆဲကြတော့ "$ဖက်လုပ်တယ်ဟ" ဆိုပြီးလည်း ပျော်မနေနဲ့။

musical arrangement, musical knowledge နဲ့ guitar skill တွေ ဆိုရင်... အန်ကယ့်အသက် တစ်ဝက်မက ငယ်တဲ့ကောင်တွေ ဖန်တီးထားတာ ဖန်တီးနေတာတွေ တစ်ချက် ရှိုးလိုက်ဦး။

MMID က well arranged, planned & programmed ဆိုတာ မမေ့ပါနဲ့။
အဲဒီနေရာမှာ အန်ကယ့် အခန်းနေရာက ဘာမှသုံးစားလို့ မရမှန်း အန်ကယ်မေ့နေမှာ စိုးလို့ပါ။
ပွဲဆူ လူကြည့်များအောင် လုပ်တယ်ဆိုရင်လည်း သတိတော့ထားပေါ့။
လူ $မြင်အရမ်းကပ်ရင်၊ $ပိုတွေပြောလို့ မမီး $စိနောက်လာရင် ဟိုက ကန်ချမှာကိုလည်း သတိရဦး 😂😂😂

❤️❤️❤️ အန်ကယ့် ကို ချစ်လို့ (ချစ်လွန်းလို့) ပြောတာပါ။ ❤️❤️❤️

 🤘🤘🤘 I'm the devil, I love Metal 🤘🤘🤘

Credit :  Soe Wai Win Myint
Share it:

Myanmar Idol

Opinion

Post A Comment: