Online ပေါ်တွင် ကုန်ပစ္စည်းရောင်းချခြင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေတိကျစွာဖော်ပြပေးရန် လိုအပ်ဟုဆို

Share it:


----- စုသက်နှင်း(အကုန်သိသတင်းဌာန) -------

Online ပေါ်တွင် ကုန်ပစ္စည်းရောင်းချခြင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေကို တိကျစွာဖော်ပြပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။

လက်ရှိတွင် အထိန်းအကွပ်မရှိသော e-commerce လုပ်ငန်းများကြောင့် စားသုံးသူများမှ ဝယ်ယူသော ပစ္စည်းများတွင် ရောင်းမှား၊ ဝယ်မှား ဖြစ်ပေါ်ပါက နောက်ကြောင်းပြန် စုံစမ်း၍ မရနိုင်ကြောင်း ၄င်းပြောပြချက်အရ သိရသည်။

“အခုဆိုရင် အွန်လိုင်းရှော့ပင်တွေက ခေတ်စားနေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးသက်ဆိုင်တဲ့ဌာနတွေက ဥပဒေ၊ နည်းဥပဒေတွေကို သေချာစွာ ပြဋ္ဌာန်းပေးဖို့လိုအပ်တယ်။ စားသုံးသူတွေအပေါ်မှာအကျိုးသက်ရောက်စေမယ့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေမှာအွန်လိုင်းပေါ်မှာရောင်းချတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို တိကျစွာရှင်းလင်းဖော်ပြပေးဖို့ လိုအပ်တယ်” ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။

ယင်းအပြင် အရောင်းအဝယ်ပြုလုပ်သည့် နေရာများတွင် ငွေပြန်အမ်းနိုင်ရန်အတွက် ငွေစက္ကူအကြွေများ အလုံအလောက်မရှိသောကြောင့် အစားထိုး ကုန်ပစ္စည်းများဖြင့် ပြန်အမ်းနေရခြင်း၊ ငွေစက္ကူအကြွေများ ရှားပါးနေသောကြောင့် ကုန်ပစ္စည်းဈေးနှုန်း မြင့်မားနေခြင်းတို့မှ ရှောင်ရှားရန် ဗဟိုဘဏ်အနေဖြင့် ၅၀ ကျပ် တန်၊ ၁၀၀ ကျပ်တန်၊ ၂ဝ၀ ကျပ်တန်၊ ၅၀၀ ကျပ်တန် အစရှိသော ငွေစက္ကူများကို ဈေးကွက်အတွင်း လှည့်လည်သုံးစွဲနိုင်ရန် လုံလောက်သော ပမာဏအထိထုတ်ဝေပေးရန် လိုအပ်ကြောင်း သိရသည်။

https://www.akonthi.com/ShweMoeNyo-3343
Share it:

LocalNews

News

Online

Online Store

Store

TechNews

Technology

Post A Comment: