Samsung ၏အဆုံးအစမဲ့မျက်နှာပြင်နှင့် အနောက်ကင်မရာ နှစ်လုံးပါဝင်သော Galaxy မျိုးဆက်သစ်စမတ်ဖုန်း J8 အား မြန်မာနိုင်ငံတွင်မိတ်ဆက် - Eureka Myanmar

Samsung ၏အဆုံးအစမဲ့မျက်နှာပြင်နှင့် အနောက်ကင်မရာ နှစ်လုံးပါဝင်သော Galaxy မျိုးဆက်သစ်စမတ်ဖုန်း J8 အား မြန်မာနိုင်ငံတွင်မိတ်ဆက်

Share This


 Samsung သည် ၄င်း၏စမတ်ဖုန်းသစ် Galaxy J8 အား မြန်မာနိုင်ငံတွင် ယနေ့တရားဝင်မိတ်ဆက်လိုက်သည်။ Galaxy J8 စမတ်ဖုန်းသစ်တွင် Super AMOLED အဆုံးအစမဲ့အမျက်နှာပြင်၊ လှပကျော့ရှင်းသော ဒီဇိုင်းနှင့် တမူထူးခြားသော dual ကင်မရာတို့ကို ထည့်သွင်းထားသည်။

 “အခုအသစ်မိတ်ဆက်လိုက်တဲ့ Galaxy J8 စမတ်ဖုန်းကို သုံးစွဲသူတွေအနေနဲ့ အသုံးပြုရလွယ်ကူအဆင်ပြေစေဖို့ ထူးထူးခြားခြား ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ ဒီလိုလှပဆန်းသစ်တဲ့ဒီဇိုင်းနဲ့ အဆင့်မြင့်ကင်မရာလုပ်ဆောင်ချက်တွေပါဝင်တဲ့ Galaxy J8 ကို မြန်မာနိုင်ငံမှာရှိတဲ့ Samsung သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှပြောကြားသည်။



Galaxy J8 ကို အရောင်အသွေးစုံလင်၍ နှစ်သက်ဖွယ်ကြည့်ရှုမှုအတွေ့အကြုံအား ပေးစွမ်းနိုင်သည့် Super AMOLED နည်းပညာထည့်သွင်းထားသော ၆ လက်မအရွယ်အစားရှိ HD+ အဆုံးအစမဲ့မျက်နှာပြင်ဖြင့် ဖန်တီးထားသည်။ အဆိုပါဖုန်းတွင် အဆင့်မြင့်ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် Samsung ၏ တန်ဖိုးကြီးဖုန်းများတွင်သာပါဝင်သော Live Focus လုပ်ဆောင်ချက်နှင့်အတူ ချစ်စရာကောင်းသော စတစ်ကာများနှင့် တီထွင်ဆန်းသစ်သည့် filter များကိုလည်း ထည့်သွင်းပေးထားသည်။ အဓိကကင်မရာတွင် f/1.7 အလင်းဝင်ပေါက်နှင့်အတူ 16 MP ကင်မရာ နှင့် f/1.9 အလင်းဝင်ပေါက်ပါဝင်သော 5 MP ကင်မရာ အစရှိသဖြင့် ကင်မရာ ၂ လုံးပါဝင်သည်။ အရှေ့ကင်မရာအား အလင်းဝင်ပေါက် f/1.9 နှင့်အတူ 16MP ကင်မရာအား ထည့်သွင်းပေးထားသည်။ Galaxy J8 တွင် သုံးစွဲသူများအနေဖြင့် အလျင်မြန်ဆုံး နှင့် အလွယ်ကူဆုံးနည်းဖြစ်သည့် မျက်နှာအသိအမှတ်ပြုလုံခြုံရေးစနစ်ဖြင့် ဖုန်းကို လော့ခ်ဖွင့်နိုင်သည့် အဆင်ပြေလွယ်ကူသော ဖုန်းတွင်းလုံခြုံရေးစနစ်ကို ထည့်သွင်းပေးထားသည်။



 Galaxy J8 ကို စတိုင်ကျလှပ၍ ကျော့ရှင်းသောဒီဇိုင်းနှင့်အတူ လက်အတွင်းမြဲမြံစွာကိုင်တွယ်နိုင်စေရန် ဖန်တီးပြုလုပ်ပေးထားသည်။ ထို့အပြင် အခြား အသုံးဝင်အဆင်ပြေသည့် လုပ်ဆောင်ချက်များဖြစ်သော လက်ဗွေရာဖြင့်အသုံးပြုသောစနစ်၊ Dual Messenger နှင့် Dolby Atmos Surround အသံစနစ်တို့အပြင် ကြာရှည်ခံသည့် 3,500 mAh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည်။ Galaxy J8 တွင် ဖုန်းတွင်းသိုလှောင်မှုစနစ် 3GB နှင့် ဖုန်းတွင်းမူလမှတ်ဥာဏ် 32GB ပါဝင်ရုံသာမက SD Card ထည့်သွင်း၍ 256 GB အထိ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

Galaxy J8 အားမိတ်ဆက်သည့် အထိမ်းအမှတ်အနေဖြင့် Samsung မြန်မာနှင့် Mytel တို့ အတူပူးပေါင်းပြီး J8 ဝယ်ယူသူများ ၁၂ လဆက်တိုက် လစဉ် အနည်းဆုံး ၅,၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းတိုင်း ရက်ပေါင်း ၃၀ အတွင်းအသုံးပြုနိုင်သည့် ဒေတာ 2GB နှင့်အတူ Mytel နံပါတ်အချင်းချင်း မိနစ်ပေါင်း ၁၀၀ ဖုန်းခေါ်ဆိုခွင့်အား အထူးလက်ဆောင်အနေဖြင့် ရရှိခံစားနိုင်မည်ဖြစ်သည်။

Galaxy J8 အား ထူးခြားလှပသောအရောင် ၃ ရောင်ဖြစ်သည့် အနက်ရောင်၊ ရွှေရောင်နှင့် ခရမ်းရောင်အစရှိသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းဆိုင်ကြီးများနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဇူလိုင်လ ၂၃ ရက် နေ့မှစတင်၍ မြန်မာကျပ်ငွေ ၃၆၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Pages