( ခွေးလှေးယားသီးပင်ဆိုတာဘာလဲ / အနက်စေ့ဆိုတာဘာလဲ ) ??? - Eureka Myanmar

( ခွေးလှေးယားသီးပင်ဆိုတာဘာလဲ / အနက်စေ့ဆိုတာဘာလဲ ) ???

Share This


ခွေးလှေးယားပင်ဆိုတာ မြန်မာနိုင်ငံမှာ သဘာဝအလျောက်ပေါက်တဲ့ ပဲအနွယ်ဝင်အမျိုးအစားထဲက ပဲတောင့်ရှည်တစ်မျိုးဖြစ်ပြီး အယဉ်နဲ့ အရိုင်း မျိုးနွယ် ၂ ခုထဲမှယဉ်ပင်ကတဲ့အစေ့ကို အနက်စေ့လို့ခေါ်ပါတယ် …

( ဘာတွေဆေးဘက်ဝင်လဲ ဘယ်လိုဝေဒနာတွေအတွက်သုံးလဲ )???

ခွေးလှေးယားသီးအနက်စေ့ကို ရှေးမြန်မာဘုရင်တွေလက်ထက်က တည်းက အာရုံကြောဖွဲ့စည်းမှု့ချွတ်ယွင်းတဲ့ရောဂါသည်တွေ / အရိုး ကျီးပေါင်း / လေဖြန်း / လိင်စိတ်အားနည်းတဲ့ ရောဂါသည်တွေကို ကုသပေးခဲ့တာ ယနေ့ခေတ်တိုင်အောင်ပါပဲ …

( ခုခေတ်မှာ အဓိက ဘာအတွက်သုံးလဲ )???

ယနေ့ ခွေးလှေးယားသီးအနက်စေ့သုံးစွဲမှု့ရဲ့ ၉၀ % ဟာ ကာမအား တိုးဆေးအနေနဲ့သုံးစွဲကြတာပါ …ခွေးလှေးယားသီးအနက်စေ့ဟာ သုတ်ပိုး များပြားစေပါတယ် / ယောကျာင်္းတွေအတွက် မရှိမဖြစ်ဖြစ်တဲ့ testorone ဟော်မုန်းဓာတ်ကို ဖြည့်စွမ်းပေးပါတယ် / အဆစ်အမြစ် ကိုက်ခဲ နာကျင် ရောင်ရမ်းမှု့ကို သက်သာစေပါတယ် / စိတ်ဖိစီးမှု့ကို လျော့ကျပြီး အိပ်ပျော်စေပါတယ်…

( ဘယ်လို ဆိုးကျိုးတွေရှိလဲ )???

ခွေးလှေးယားသီး အနက်စေ့မှာ ကောင်းကျိုးတွေများသလို ဆိုးကျိုး တွေကလဲ အများကြီးပါ …

ခွေးလှေးယားသီးအနက်စေ့မှာ အဓိကပါဝင်တဲ့ ( L Dopamin ) ဟာ နှလုံးရောဂါအခံရှိသူများ သွေးပေါင်ရုတ်တရက်ကျဆင်းပြီး မူး မော်တာ ရင်တုန်တာတွေဖြစ်တတ်ပါတယ် …

အသည်းရောင်အသားဝါရောဂါဖြစ်ဖူးသူများဟာ ( L Dopamin ) ကြောင့် အသည်းရောဂါပိုမိုဖြစ်ပွားနိုင်ပါတယ် …

အစာအိမ်ရောဂါရှိဖူးသူ ရှိနေသူများ လုံးဝမစားသင့်ပါဘူး …

##အဆိုးဆုံးကတော့ကျောက်ကပ်ရောဂါရှိသူတွေလုံးဝမစားသင့်ပါ  

( ဘယ်လိုစားရသလဲ တစ်နေ့ဘယ်နှစ်စေ့စားရလဲ )???

##post ရဲ့ အဓိကပေးလိုတဲ့ message ရောက်လာပါပြီ…

ခွေးလှေးယားသီး အနက်စေ့ဟာ လူပြော သူပြောများလာတာနဲ့အမျှစားတဲ့သူလဲ အများအပြားပါ …အများစုက ယောကျာင်္းတွေ ( လိင် ကိစ္စ စိတ်ဆန္ဒနည်းသူ ) တွေပေါ့ …

အဲ့ဒီ case တွေမှာ ခွေးလှေးယားသီးအနက်စေ့ဟာ တကယ်လဲ ကောင်းပြီး တကယ်လဲ ထိရောက်မှု့ရှိပါတယ်…သို့သော် ဝမ်းနည်း စရာကောင်းတာက သုံးပုံ သုံးနည်းမသိဘဲ အစေ့ဝယ် / လှော် / ဒီ တိုင်းဝါးစားစနစ်နဲ့ စားတဲ့အတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေဟာ မဖိတ်ခေါ်ဘဲရောက်လာပြီး အသက်ဆုံးရှုံးရပါလိမ့်မယ် …

ခွေးလှေးယားသီးအစေ့မှာပါဝင်တဲ့ အဆိပ်အတောက်ဟာ တညင်းသီး မှာပါဝင်တဲ့ အဆိပ်ထက် ၃၇ .၃ % ပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက တရားဝင်ကြေငြာထားပြီးသားပါ …

လူ့ခန္ဓာကိုယ်ထဲက ကျေက်ကပ် ၂ လုံးဟာ သူတို့လုပ်ဆောင်နိုင်စွမ်း အားရဲ့ ၂၀ % ပဲ ကျန်တဲ့အထိ ရောဂါလက္ခဏာမပြတတ်ပါဘူး … 
သူ့လက္ခဏာပြတဲ့အချိန်ဟာ ကုသဖို့ နောက်ကျနေတဲ့အချိန်ဖြစ်တာ များပါတယ် …ဒါကြောင့် ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်ထဲက တိတ် တခိုးလူသတ်သမားပါ …

ခွေးလှေးယားသီးအနက်စေ့မှာပါဝင်တဲ့ အဆိပ်အတောက်တွေဟာ ကျောက်ကပ်ကလပ်စည်းတွေကိုပျက်စီးစေတဲ့အတွက် သူ့ကိုအဆိပ် ထုတ်ပြီးမှသာ စားသင့်ပါတယ်…

( ခွေးလှေးယားသီးအနက်စေ့က အဆိပ်ဘယ်လိုထုတ်မလဲ )???

ခွေးလှေးယားသီးအနက်စေ့ကအဆိပ်ကို ရှေးမူမပျက် အဆိပ်ထုတ်တဲ့ နည်းနဲ့ထုတ်ရမှာပါ …

ခွေးလှေးယားသီးလအနက်စေ့အမှည့်တွေကို နွားနို့နဲ့ အနည်းဆုံး ၂ ရေ ကနေ ၅ ရေ ထိ ပြုတ်ရပါတယ် …ဒါမှအဆိပ်အတောက် နည်းသွားမှာပါ …

( ဘယ်လို ဖော်စပ် စားသုံးရမလဲ ) ???

ပြုတ်ပြီးတဲ့အစေ့တွေကို နေလှန်းပါ / ပြီးရင် အမှုန့်ဖြစ်အောင်ထောင်းပါ / ပျားရည်စစ်စစ်နဲ့ ငြုပ်ကောင်းစေ့ခန့် အလုံးလေးတွေဖြစ်အောင်လုံးပြီး တစ်နေ့ ၂ လုံးမှ ၅ လုံးထိနေ့စဉ် ရေ / နွားနို့ / ဖျော်ရည်တို့ နှင့် သောက်သုံးနိုင်ပြီး လိင်စိတ်မသန်စွမ်းသူများ / ဆက်ဆံရာမှာ ဆန္ဒမပြည့်သူများ / အာရုံကြောအားနည်းသူများ / အိပ်မပျော်သူများ / စိတ်ဖိစီးမှု့များနေသူများအတွက် အလွန်ကောင်းသော မြန့်ဆေးမီးတို ကောင်းတစ်လက်ဖြစ်ပါကြောင်း ကျန်းမာရေး ဗဟုသုတ အဖြစ်တင် ပြပေးလိုက်ရပါတယ် …

( အဓိက ရည်ရွယ်ချက် )…

ခွေးလှေးယားသီးက ဟိုဟာအတွက်သိပ်ကောင်းတာလို့ တစ်ယောက် စကား တစ်ယောက်နားနဲ့ ဘူမသိ ကိုးမသိ ဒီတိုင်းလှော်စားနေကြရ တာမြင်တွေ့နေရလို့ …အင်မတန်ကောင်းပြီး အင်မတန်အန္တရာယ် များတဲ့ ခွေးလှေးယားသီးဟာ နွားနို့နဲ့ အဆိပ်ထုတ်ပြီးမှ စားသုံးသင့် ပါကြောင်း

Credit : Khin Win

Pages