ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲခံရသူဟာ USDP က နုတ်ထွက်ထားသူလို့ ပါတီ ဥက္ကဋ္ဌ ပြော

Share it:
(မွန်ပြည်နယ် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကို တွေ့ရစဉ်) Photo: Kyaw Lwin Oo/ RFA


■ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ မွန်ပြည်နယ် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန့်ဇင် ဟာ ပါတီကနေ နုတ်ထွက်ထားသူဖြစ်ကြောင်း ပြည်နယ်ပါတီ ဥက္ကဋ္ဌ က ဒီနေ့ ပြောပါတယ်။
ပါတီနာမည်ပါနေတဲ့အတွက် လာမယ့် ရုံးချိန်းမှာ တရားရုံးချိန်းကို တက်ရောက်ပြီး ပါတီနာမည်ကို ဘယ်လို အလွဲသုံးစားလုပ်သွားလဲဆိုတာ သွားကြည့်မယ်လို့ မွန်ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း က ပြောပါတယ်။
ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်း ဦးသန့်ဇင် ဟာ Mytel Group ကုမ္ပဏီကနေ ဟန်းဆက်ဖိုး ငွေကျပ်သိန်း ၁ ထောင်ကျော် အလွဲသုံးစားလုပ်မှုကြောင့် လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ကုမ္ပဏီဘက်က မနေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဦးသန့်ဇင်ဟာ ပါတီကနေ ၂၀၁၆ ခုနှစ်ကတည်းက နုတ်ထွက်ထားသူဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ဦးသန့်ဇင်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။
Mytel Group ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၄ ခု မြောက်အဖြစ် ၀င်ရောက်လာတဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Share it:

Crime

LocalNews

Myanmar

News

Post A Comment: