4G Pro နည်းပညာနှင့်တွဲဖက်အသုံးပြုရမည့် ဟန်းဆက်အရန်သင့်မရှိသေးဟု အူရီးဒူး စီအီးအိုပြော

Share it:


Byမြင့်ကျော်လှိုင်

5G နည်းပညာ၏ ခြေလှမ်းအစဖြစ်သည့် 4G Pro စမ်းသပ်အောင်မြင်သော်လည်း အဆိုပါ နည်းပညာနှင့်တွဲဖက်အသုံးပြုရမည့် ဟန်းဆက်အပါအ ၀င် နည်းပညာ Device များ ဈေးကွက်အတွင်းအရန်သင့်မရှိ သေးကြောင်း အူရီးဒူးစီအီးအို ဗီကရန်ဆင်ဟာကပြောသည်။

အူရီးဒူးသည် ၂၀၁၈ ဇန် န၀ါရီ၌ မန္တလေးရှိ ရတနာပုံမောလ်တွင် အမြန်နှုန်း 500 Mps အထိရရှိသည့် 4G Pro ကိုစတင် စမ်းသပ်ခဲ့ပြီး လက်ရှိ၌ ရန်ကုန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ထပ်မံစမ်းသပ်ရန် ပြင်ဆင်နေသည်။


‘‘ဒါက 5G မဟုတ်သေးပါဘူး။အဲဒီအတွက် အဆင့်တစ်ခုပါ’’ဟု ဗီကရန်ဆင်ဟာကပြောသည်။


စမ်းသပ်ခဲ့သည့် နည်းပညာ ကိုအထောက်အပံ့ပေးနိုင်သည့် ဟန်းဆက်များဈေးကွက်အတွင်း မကြာမီ ရောက်ရှိလာမည်ဟု၎င်း ကပြောသည်။

‘‘နည်းပညာဆိုတာဒီတိုင်း ပဲ။ သူတို့တွေ 4G လုပ်တယ်။ ဟန်းဆက်တွေက 3G ပဲလုပ်သေး တယ်။ သိပ်မကြာဘူးဟန်းဆက် တွေကလည်း 4G ဖြစ်လာတာပဲ’’ ဟု စတားဟန်းဆက်ဆိုင်ပိုင်ရှင် ကိုဝေလင်းကပြောသည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများအနက် မြန် နှုန်းမြင့် မိုဘိုင်းအင်တာနက်ကို အူရီးဒူးက စတင်စမ်းသပ်ခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင် အူရီးဒူးက 5G ကွန်ရက်ကို စမ်း သပ်ပြီး ဖြစ်သော်လည်း မြန်မာ နိုင်ငံတွင် ၀န်ဆောင်မှုစတင်မည့် အခြေအနေကို ထုတ်ပြန်ခြင်းမရှိ ပေ။

‘‘5G ဆိုတာနည်းပညာရှိ တိုင်းလည်း လုပ်လို့ရတာမဟုတ် ပါဘူး။ အစိုးရဆီမှာ လှိုင်းနှုန်း စဉ်အတွက် လိုင်စင်တောင်းရဦး မှာပါ။ အစိုးရပိုင်းအဆင်သင့်ဖြစ် လာတဲ့အခါ နည်းပညာအသစ်ကို ယူလာမှာပါ’’ ဟု ဗီကရန်ဆင်ဟာ ကပြောသည်။
7 Days Daily
Share it:

4G

4G Pro

LocalNews

News

TechNews

Technology

Post A Comment: