အနုပညာရှင်နှင့် မူးယစ်ဆေးဝါး

Share it:

ဌေးဌေး ၊ ရန်ကုန်၊ 

ရုပ်ရှင်လောကသားများ မူးယစ်ဆေးဝါးနှင့် ကင်းရှင်းစွာ နေထိုင်ကြရန် မကြာမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ နှိုးဆော်ချက်ထဲတွင် နိုင်ငံတော် အစိုးရက မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့အား ထိရောက်စွာ တားဆီးနှိမ်နင်းလျက်ရှိခြင်းကြောင့် ရုပ်ရှင်လောကသားများအနေဖြင့် တစ်မျိုးသား လုံး လူညွန့်တုံးစေမည့် မူးယစ်ထုံထိုင်း ဘေး ဖြစ်စေတတ်သော ဆေးဝါးများအား ရှောင်ကြဉ် ကြခြင်းဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြရန် တိုက်တွန်း နှိုးဆော်ကြောင်းဟူ၍ ပါရှိသည်။

ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းမှာ အကြောင်းမဲ့တော့မဟုတ်ပေ။ မကြာခင် ရက် ပိုင်းကာလများက အနုပညာလောကမှ ထင် ရှားသူအချို့ မူးယစ်ဆေးဝါးများဖြင့် လက်ဝယ် သိမ်းဆည်းဖမ်းဆီးခံရမှုများဖြစ်ပေါ်ခဲ့ပြီး နောက် ထွက်ပေါ်လာခဲ့သည့် သတိပေးချက်ဖြစ်သည်။

အဆိုပါ သတိပေးချက် မထွက်ပေါ်ခင် နာမည်ကြီးအဆိုတော် ရွှေထိုက်၊ ဟစ်ဟော့ အဆိုတော် ရသ(ပါတီစုံရွေးကောက်ပွဲတွင် လွှတ် တော်ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ)နှင့် ဒါရိုက်တာ မိုက်တီး တို့မှာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ ရသည်။

အဆိုတော် ရွှေထိုက်အပါအဝင် ခုနစ်ဦး အား သြဂုတ် ၉ရက် မနက်ပိုင်းက မူးယစ်ဆေး ဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တစ်ပတ်အတွင်း (သြဂုတ် ၁၅ရက်က) အဆိုတော်ရသမှာ မန္တ လေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရသည်။

ထိုအနုပညာရှင်သုံးဦးအနက် အဆိုတော် ရွှေထိုက်အပါအဝင် ခုနစ်ဦးထံမှ စိတ်ြ<ွကရူးသွပ် ဆေးပြား ၁၁,၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ် တို့ကို ဖမ်းဆီးရရှိခဲ့ခြင်းကြောင့် အများဆုံးဖြစ် ကြောင်း သိရသည်။

ထို့အပြင် ဒါရိုက်တာ သန်းထွန်းဇော်(ခ)မိုက်တီးကိုလည်း ၄င်းကားထဲတွင် WY စာတန်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇ပြား ပါ တစ်ထုပ်၊ အစိမ်းရောင်အဖုံးပါ ကော်ဘူး အတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးပြားပါ တစ်ဘူး။ စုစုပေါင်း ၂၆ပြားတို့နှင့်အတူ သြဂုတ် ၁၆ရက် တွင် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုသို့ လူသိများထင်ရှားသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် သတင်းသည် လူထုအကြား အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ကာ ယင်းအနုပညာလောကအတွင်းလည်း ဂယက်ရိုက်ခဲ့သည်။

အနုပညာလောကတွင် ထိုသို့မူးယစ်ဆေးဝါး ပျံ့နှံ့မှုပြဿနာမှာ ယခုမှ ထူးထူးခြားခြား ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းလောက တွင်း အနုပညာသည်အချို့၏ မူးယစ်ဆေးဝါး သုံးစွဲမှု သတင်းစကားများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ကောလာဟလ သတင်းများအဖြစ် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

သို့သော် သတင်းများ အမှောင်ချခံထားရသည့် ခေတ်ကာလများတွင် ၄င်းတို့ မူးယစ် ဆေးဝါးသုံးစွဲမူနှင့် ဖမ်းဆီးအရေးယူစစ်ဆေးခံ ရမှုများမှာ ကြားစကားများမျှသာရှိခဲ့ပြီး သတင်း အမှန်ကို ထိမ်ချန်ခဲ့ကြသည်။

ထိုသို့ မူးယစ်ဆေးဝါးအမှုဖြင့် အနုပညာ လောကတွင် ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများသည် ဦးဝင်းမြင့် သမ္မတအဖြစ် တာဝန်ရယူပြီး လပိုင်းအတွင်း ထင်ရှားသည့် အရေးယူမှုများ ဖြစ်လာခဲ့သော်လည်း ယင်းမတိုင်ခင်က အရေး ယူခဲ့သည့် သာဓကအချို့လည်း ရှိခဲ့သည်။

သရုပ်ဆောင် ရဲတိုက်နှင့် မိုးအောင်ရင်တို့ မှာ လက်ရှိဖမ်းဆီးခံရသူ အနုပညာရှင်များ မတိုင်ခင်ကတည်းက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသူများ ဖြစ်သည်။

သို့သော် သမ္မတဦးဝင်းမြင့် လက်ထက်တွင် အနုပညာရှင်လောကတွင်း မူးယစ်ဆေးနှင့်ပတ်သက်၍ ဖမ်းဆီးမှုများက အရှိန်အမြင့်ဆုံးအနေ အထားတွင် ရှိနေသည်ဟု စောင့်ကြည့်လေ့လာ သူများက ထင်ကြေးပေးထားကြသည်။ ထိုသို့ ဖမ်းဆီးအရေးယူမှုများနှင့်အတူ အနုပညာသည် လောကအတွင်း မူးယစ်ဆေးဝါး မည်မျှပျံ့နှံ့ နေသည်ကို ခန့်မှန်းတွက်ဆနိုင်သည့် အခြေ အနေတွင် ရှိနေသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ထုတ် ပြန်ချက်ကို ကြည့်ပါကလည်း ယင်းလောက အတွင်း၌ မူးယစ်ဆေးဝါးပျံ့နှံ့မှု အခြေအနေကို ရိပ်စားမိနိုင်သည်။ ထိုသို့သော အခြေအနေများ ကြောင့် အနုပညာရှင်အချို့မှာ မူးယစ်ဆေး စွမ်းရည်များဖြင့် ပရိသတ်အား အသုံးတော်ခံ နေခြင်းဟူ၍ ယုံမှားစွပ်စွဲချက်များလည်း ထွက် ပေါ်လာခဲ့သည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနု ပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင် သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာ အနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်း များအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိ သည်။
သို့သော် ထိုသို့ပြုမူသုံးစွဲခြင်းကြောင့် အနု ပညာအရည်အသွေး တိုးတက်စေသည်ဆိုသော အချက်ကို အဆိုတော် G-Fatt က လက်မခံပေ။

''အဲဒါတွေလုပ်မှ ဒီသီချင်းကောင်းရမယ် ဆိုတာကိုတော့ ကျွန်တော် မယုံကြည်ဘူး။ ကျွန် တော်တို့ လူငယ်တွေ ဒီအရာကို မကောင်းတဲ့ အရာမှန်း သိရမယ်။ မစမ်းသပ်သင့်တဲ့ အရာ မှန်း သိရမယ်။ မစမ်းသပ်ကြဖို့ဘဲ ပြောချင်ပါ တယ်''ဟု ¤င်းက စတိတ်စင်တစ်ခု အထက်၌ ဖွင့်ဟခဲ့သည်။
နာမည်ကျော်အနုပညာရှင်များကို ဆေး ဝါးများ အခမဲ့ပံ့ပို့ပေးခြင်း၊ အလွယ်တကူ ရှာ ဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆကြသည့် ထုတ် လုပ်ရေးတိုက်အချို့က ယင်းနည်းလမ်းကို သုံး စွဲကြသည်ဟု အနုပညာလောကအတွင်းရှိ အသိုင်းအဝိုင်းမှ ပြောကြားချက်များအရ သိရ သည်။ 

ယင်းကဲ့သို့ဖြစ်ရပ်က အနုပညာလောက တွင် မည်သည့်အချိန်ကာလကစ၍ အမြစ်တွယ် နေခဲ့သည်ကို မှန်းဆရန် လွယ်မည်မဟုတ်ပေ။

''အနုပညာ ဖန်တီးမှုမှာ မူးယစ်ဆေးဝါး လုံးဝမလိုအပ်ပါဘူး။ လိုအပ်တယ်လို့ ပြောလို့ ရှိရင် ဒါဟာ ဆင်ခြေပေးတာ သက်သက်ပါပဲ။ ကိုယ့်အရှေ့က လူကြီးသူမ ပညာရှင်တွေဆိုရင် လဲ ပြောခဲ့ကြတယ်။ မူးယစ်ဆေးဝါးက အနုပညာ ကို အထောက်အကူပြုတဲ့အရာ မဟုတ်ဘူးဆို တာ ရှင်းနေတာပဲ''ဟု အဆိုတော် ဖြူဖြူကျော် သိန်းက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

သို့သော် လက်ရှိအနုပညာလောကတွင် မူးယစ်ဆေးဝါးပျံ့နှံ့နေမှုသည် ဖုံးကွယ်မရသော အနေအထားတွင် ရှိနေပြီး ယင်းအခြေအနေ များကို သံသယကင်းအောင် လုပ်ဆောင်ပြရန် ¤င်းတို့အနုပညာသည် လောကသားအားလုံး တွင် တာဝန်ရှိနေသည်။

''အမှန်အတိုင်းပြောရရင် အနုပညာရှင် တွေဆိုတာက ပြည်သူတွေအတွက်ကို စံပြပေါ့။ ကိုယ်မကောင်းတာလုပ်လိုက်တဲ့အတွက် ကိုယ့် ကိုကြိုက်တဲ့သူတွေက ဒါလုပ်တာ မှန်တယ်ဆို ပြီး လိုက်လုပ်တဲ့အခါကျတော့ ကိုယ့်ကိုစံပြလုပ် တဲ့သူတွေအတွက်ပါ မကောင်းဘူး''ဟု ရုပ်ရှင် သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်သူ ချစ်စနိုးဦး က ပြောသည်။

''အနုပညာရှင်တွေဆိုရင်လဲ မနက်ကနေ ညအထိ အလုပ်တွေလုပ်လို့ ပျော်မနေဘဲ တစ် ခါတလေကျရင် စိတ်ဖိစီးမှု၊ စိတ်ထွက်ပေါက် ဆိုတာ ရှိတယ်။ မူးယစ်ဆေးဝါးဆိုတာလဲ မစွဲ လမ်းစေချင်ဘူး။ စွဲလမ်းတဲ့ဆေးဝါးက ဘယ်လို အရာဖြစ်ဖြစ် မကောင်းပါဘူး။ လူငယ်တွေကို အမြဲတမ်းစံပြအဖြစ်နဲ့ အောင်မြင်ပြီးတော့ ကိုယ့် ရဲ့ဘဝခရီးလမ်းမှာ ထူးချွန်ထက်မြက်နေတာပဲ တွေ့ချင်ပါတယ်''ဟု မော်ဒယ်နှင့် မိတ်ကပ်ပညာ ရှင် ဟန်နာယူရီက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးနှင့်ပတ် သက်၍ ကမ္ဘာကျော် နိုင်ငံတစ်ခုဖြစ်နေသည့် အတွက် ယင်းပြဿနာမှာ အနုပညာလောက တစ်ခုအတွင်း၌သာ ပြန့်ပွားနေခြင်းတော့မဟုတ် ပေ။

သို့သော် အနုပညာသည်များကို ရှေ့ဆောင် ပုဂ္ဂိုလ်များအဖြစ် လက်ခံထားကြသည့် ဓလေ့ များကို ယုံကြည်နေသည့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရခြင်း မှာ ရိုက်ခတ်မှုများကို ပို၍ဖြစ်ပေါ်နေစေသည်။

လက်ရှိအချိန်တွင် ထိုသို့ဖမ်းဆီးအရေး ယူမှု စီမံကိန်းများက မည်မျှကြာမည်ကို မသိနိုင် သေးသကဲ့သို့ မည်သည့်အနုပညာရှင်များက မူးယစ်ဆေးဖမ်းဆီးမှု ကံစမ်းမဲပေါက်မဲ ဆွတ်ခူး လာနိုင်လိမ့်ဦးမည် မသိပေ။

''ကိုယ့်တိုင်းပြည်မှာ အများကြီးပဲ လူငယ် တွေ။ မူးယစ်ရဲ့သားကောင်ဖြစ်နေရတာ အရမ်း နှမြောစရာကောင်းတယ်။ မလုပ်နဲ့ဘဲပြောရမှာ ပဲ။ ဘာကြောင့်လဲဆိုတော့ အရမ်းပေါတယ်။ ဆေးပေါတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နေ တာဆိုတော့ အတတ်နိုင်ဆုံး ရှောင်ပါလို့ပဲ ပြော ချင်တယ်''ဟု မြန်မာနိုင်ငံ မူးယစ်ဆန့်ကျင်ရေး အသင်းရဲ့ လူထုဆက်ဆံရေး သံတမန်တစ်ဦး ဖြစ်သူ ဖြူဖြူကျော်သိန်းက ပြောသည်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးသုံးစွဲသူ လူ ငယ်တို့ရဲ့ အရှိန်အဝါသည် သာမန်အရှိန်အဟုန် နှင့်မတူဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာခဲ့သည်။ မူးယစ်ဆေးဝါးများ သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူများအား ယခုတလော တွင် ဖမ်းဆီးမှုများစွာရှိခဲ့သော်လည်း ထုတ်လုပ် ဖြန့်ချိသူများကို မိမှသာ ထိရောက်မှုရှိမည်ဖြစ် သည်။ 

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာ ရှင်များ၏ စွမ်းအားများကို ခြိမ်းခြောက်ဖြိုဖျက် နေသော မူးယစ်ဆေးဝါးများ၏အန္တရာယ်အား မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် တွန်းလှန်မှသာ ရနိုင်မည် ဖြစ်ပေသည်။

ထို့ပြင် အနုပညာရှင်များသာမက တိုင်း ပြည်ကို ပြန်လည်ထူထောင်နေသည့်ကာလတွင် လူ့စွမ်းအား အရင်းအမြစ်များထဲမှ အဓိကအ ရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ြ<ွက ရူးသွပ်ဆေးဝါးများကို အမြစ်ပြတ် သုတ်သင် ရန်မှာ အစိုးရတွင် တာဝန်ရှိပေသည်။

မူးယစ်ဆေးဝါး အသုံးပြုသူများမှာ အနု ပညာရှင်များသာမက ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား ပြန်ကြည့်လျှင် ဆယ် ကျော်သက် လူငယ်လူရွယ်အများစုလည်း ပါ ဝင်နေခြင်းကြောင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ် အား ရှောင်ကြဉ်ကြရန်နှင့် အနာဂတ်၏ကြယ် ပွင့်လေးများ မူးယစ်နွံထဲမှ ရုန်းထွက်နိုင်ရန်မှာ  တစ်မျိုးသားလုံး၏ အင်အားဖြင့် တိုက်ဖျက်မှ သာ ရနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသား လိုက်ပါသည်။




#YangonMediaGroup #InThisWeek #YangonTimesJournal
Share it:

Article

Celebrity

Drugs

Life

Lifestyle

Myanmar

Post A Comment: