ကယ်လီဖိုးနီးယားရှိ Apple Store မှ iPhone အလုံး 20 လုယူခြင်းခံရ

Share it:


လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဖရက်စ်နိုရှိ Apple Store မှ ဒေါ်လာ 27,000 ၀န်းကျင်တန်ဖိုးရှိ Apple Devices များကို ခေါင်းစွပ်အကျီဝတ်ဆင်ထားတဲ့ လူလေးဦးက နေ့ခင်းကြောင်တောင် ၀င်ရောက်လုယူတဲ့ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။ 

ယင်းအဖြစ်အပျက်လိုပဲ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တုန်းကလည်း ရိုဆဗီးလ်ဂယ်လီယာမှ Apple Store မှာ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ လုယက်သူများဟာ ဈေးဝယ်သူအမြောက်အမြားရှေ့မှာပဲ လုယက်သွားခဲ့တာ ဖြစ်ပါတယ်။ 

လုယက်သူများဟာ Apple Store သို့ အလျင်အမြန် ၀င်ရောက်လာပြီး အင်မတန်တိုတောင်းတဲ့ ကာလအတွင်းမှာပဲ iPhone အလုံး 20 ၊ Apple iPad Mini ၊ MacBook Pro နှစ်လုံးတို့ကို ရယူသွားခဲ့ပါတယ်။ လုယူခံရတဲ့ ပစ္စည်းတန်ဖိုးက စုစုပေါင်း ဒေါ်လာ 20,000 ကျော်ပါတယ်။

 ရိုဆဗီးလ်ရဲဌာနက လူလေးဦးဟာ ခေါင်းစွပ်ပါအကျီဝတ်ဆင်ကာ ဆိုင်အတွင်း လျှပ်တပြက်ဝင်ရောက်လာပြီး ပစ္စည်းများကို ရယူသွားခဲ့ကြောင်း ဆိုသွားပါတယ်။ သူတို့လုပ်ဆောင်သွားတဲ့ လုပ်ဆောင်မှုက ဖက်စ်နိုမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နှင့် တော်တော်လေး ဆင်တူပါတယ်။

ဆိုင်အတွင်းမှာ ရှိနေတဲ့သူများဟာ လုယက်သူလေးဦးဝင်ရောက်လာကာ ပစ္စည်းများကို လုယူနေမှုကို မင်သက်ကြည့်နေခဲ့ကြကာ အချို့ကလည်း လုယက်သူများကို ဓာတ်ပုံရိုက်ကူးနေခဲ့ကြပါတယ်။ ကံကောင်းချင်တော့ လုယက်သူများထဲမှ နှစ်ဦးရဲ့မျက်နှာကို အမိအရ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့လိုက်ပါတယ်။ ရဲတပ်ဖွဲ့ဟာ လုယက်သူများထဲမှ နှစ်ဦးရဲ့ဓာတ်ပုံကို ဖြန့်ဝေထားပြီး တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် ပြောကြားထားပါတယ်။

Credit : NetGuide Journal
Share it:

Apple Store

Featured

iPhone

News

TechNews

Technology

WorldNews

Post A Comment: