နေ၀င်ချိန်များ လှပစေလို

Share it:

Byလင်းဟိန်

‘‘××× သနားစရာရယ်၊ အားနာတယ်၊ သက်သက်ညှာ ညှာပြောလိုက်မယ် ××× ကျွန်မ မှာချစ်သူရှိတယ် ရှင်ငရဲ ကြီးလိမ့် မယ် ×××’’

ဓာတ်ပြား၊ ရေဒီယိုခေတ်က တည်းက ယနေ့ခေတ်အထိလူ ကြီး၊ လူငယ်အရွယ်မရွေးပါးစပ် ဖျားတွင် ရေပန်းစားနေဆဲဖြစ် သော ‘ချစ်သူရှိတယ်ငရဲကြီးမယ်’ ဆိုသည့် သီချင်းစာသားဖြစ်သည်။ ယင်းသီချင်းကို အသံအားကောင်း ကောင်းဖြင့် ငြိမ့်ငြိမ့်ညောင်း ညောင်း သီဆိုခဲ့သူမှာ ရေဒီယိုအ ဆိုတော်ကြီး ဒေါ်ပပမြိုင်ဖြစ် သည် ။

ယခုအခါတွင်မူ အဆို တော်ကြီး ဒေါ်ပပမြိုင်မှာ သီချင်း ဆိုနိုင်ဖို့ဝေးစွ၊ စကားပြောရန် အတွက်ကိုပင် ကြိုးစားပြောဆို နေရ၏။ ယခင်ကကဲ့သို့ တက် တက်ကြွ ကြွ မရှိတော့သည့်အပြင် လမ်းကောင်းကောင်း မလျှောက် နိုင်တော့ဘဲ နိစ္စဓူဝ ကြုံတွေ့နေရ သော ဆီး၊ ၀မ်းကိုပင်မထိန်းနိုင် သည့်အခြေအနေ ဖြစ်နေသည်။

အသက် (၈၀) နီးပါးရှိပြီ ဖြစ်သည့် ဒေါ်ပပမြိုင်တစ်ယောက် ထိုထိုသောဇရာတို့၏ ထုထောင်း နှိပ်စက်မှုဒဏ်တွေကို တစ် ယောက်တည်း အန်တုမခံနိုင် သည့်အဆုံးဟင်္သာတမြို့ရှိ ခိုလှုံ ရာဘိုးဘွားရိပ်သာသို့ ရောက်ရှိ လာခဲ့သည်။ သားသမီးမထွန်း ကားသည့်အပြင် ခင်ပွန်းဖြစ်သူဆုံးပါးသွားခြင်းကလည်း ဒေါ် ပပမြိုင်ကို ဘိုးဘွားရိပ်သာသို့ တွန်းပို့စေခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

ဒေါ်ပပမြိုင်တွင် မွေးချင်းညီမငယ်တစ်ဦးရှိသော်လည်း ကံဆိုး အကြောင်းမလှစွာဖြင့် သူကိုယ် တိုင်က လေဖြတ်ဝေဒနာခံစား နေရသဖြင့် အစ်မဒေါ်ပပမြိုင်ကို ပြုစုစောင့်ရှောက်မပေးနိုင်ခဲ့ပေ။ 
ဒေါ်ပပမြိုင်သည် ခင်ပွန်း ဆုံးသွားပြီးနောက်ပိုင်း ကွင်း ကောက်မြို့ရှိ တရားရိပ်သာတွင် သွားရောက်နေထိုင် ခဲ့သေးသည်။ သို့ရာတွင် တရားရိပ်သာဖြစ်သည့်  အလျောက် ခြေထောက်များဖော ရောင်ကာ လမ်းထလျှောက်ရန် ပင် အနိုင်နိုင်ကြိုးစားနေရသည့် ဒေါ်ပပမြိုင်ကို ပြုစုပေးမည့်သူ မရှိခဲ့။

တရားရိပ်သာတွင် ဆက် လက်နေထိုင်ရန် အဆင်မပြေ တော့သဖြင့် ဒေါ်ပပမြိုင်ကိုသွား ရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း ခိုလှုံရာဘိုးဘွားရိပ်သာမှ ကိုဉာဏ်ဖြိုးဝင်းက ပြောပြသည်။ 
ဘ၀နေ၀င်ချိန်ကို မိသားစု​နှင့်အတူ အေးအေးချမ်းချမ်း ဖြတ် သန်းခွင့်မရသူမှာ ဒေါ်ပပမြိုင် တစ်ယောက်တည်း မဟုတ်ပေ။ အခက်အခဲမျိုးစုံဖြင့် ရောဂါဝေ ဒနာအမျိုးမျိုးကို ခံစားနေရသော ပြုစုစောင့်ရှောက်မည့်သူပင် မရှိ သည့် ဂိလာနဘိုးဘွားများစွာရှိ နေသည်။ 

လူဦးရေ ၅၂ သန်းခန့် နေထိုင်သည့် မြန်မာနိုင်ငံတွင် အသက် (၆၀) အထက် ဘိုးဘွား များမှာ လူဦးရေအားလုံး၏ ဆယ် ပုံတစ်ပုံခန့် (ငါးသန်းခန့်) ရှိနေ ကြောင်း ၂၀၁၄ က ကောက်ယူ ခဲ့သည့် လူဦးရေသန်းခေါင်စာ ရင်းတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၏ ဘိုးဘွားအ ရေအတွက်မှာ ထိုနေရာတွင် တန့် မနေဘဲ တရိပ်ရိပ်တိုးလာနေခြင်း ကြောင့် တိုးလာမည့်ဘိုးဘွားများ အတွက်လည်း ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း သက် ကြီးရွယ်အိုများအရေး ကူညီ ဆောင်ရွက်ပေးနေသည့် နိုင်ငံတ ကာအပါအ၀င် အဖွဲ့အစည်းများ က ထောက်ပြသည်။

နိုင်ငံ့လူဦးရေ၏ ဆယ်ပုံ တစ်ပုံသော ဘိုးဘွားများထဲမှ အများစုသည် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ များခံစားနေရပြီး ဒေါ်ပပမြိုင်ကဲ့ သို့ ဘ၀နေ၀င်ချိန်အတွက်စိတ် မအေးရသည့် ဘိုးဘွားများစွာရှိ နေ သည်။ သားသမီးများမှာလည်း စီးပွားရေးအဆင်မပြေ ချို့တဲ့ သဖြင့် ၄င်းတို့၏အဖေအမေများ ကို လမ်းမများပေါ် စွန့်ပစ်နေ ကြောင်း ခိုလှုံရာဘိုးဘွားရိပ်သာမှ ကိုဉာဏ်ဖြိုးဝင်းက ပြောသည်။
‘‘မကျန်းမာတော့ဘူးဆိုတာ နဲ့သူ့ကို ပြုစုနေရတာတွေရှိ တယ်။ နာတာရှည်လေဖြတ်သွာ တာမျိုးဆိုရင် စွန့်ပစ်ခံရဖို့ကများ သွားပြီ။ မပြေလည်တဲ့ မိသားစု ဆိုရင် အလွန်ဆုံးပြုစုနိုင်ရင် လ ပိုင်းပဲပေါ့နော်’’ ဟု ၄င်းက ပြော သည်။
ဟင်္သာတမြို့ရှိ ခိုလှုံရာဘိုး ဘွားရိပ်သာက ခေါ်ယူပြုစုထား သည့် ဘိုးဘွားများထဲတွင် ထိုသို့ စွန့်ပစ်ခံရသည့် ဘိုးဘွားအရေ အတွက်က အများဆုံးဖြစ်နေ သည်ဟု ကိုဉာဏ်ဖြိုးဝင်းက ပြော သည်။ တိုင်းပြည်ဆင်းရဲသည့် အချက် ကလည်း သက်ကြီးရွယ် အိုဘိုးဘွားများ စွန့်ပစ်ခံရမှုကို ပိုမိုဖြစ်စေသည်ဟု ၄င်းကဆို သည်။

အချို့ဆိုလျှင် ၄င်းတို့၏ မိဘဘိုးဘွားများကို မစွန့်ပစ်ချင် သော်လည်း စားဝတ်နေရေးအ ခြေအနေအရ စွန့်ပစ်ခြင်းများ၊ ဘိုးဘွားရိပ်သာများသို့ ကိုယ်တိုင်လာရောက်ပို့ဆောင်ခြင်းများ ပြု လုပ်ကြောင်း ကိုဉာဏ်ဖြိုးဝင်းက သူ၏ အတွေ့အကြုံကို ပြန်ရှင်း ပြသည်။ 

ထို့ပြင် သားသမီးများမှာ အရက်စွဲနေသဖြင့် ပြုစုရန်မတတ် နိုင်တော့သည့် အခြေအနေတွင် လည်း စွန့်ပစ်မှုများရှိကြောင်း ဆိုသည်။ ‘‘ကိုယ့်ဘာသာကိုယ်စား ဖို့အတွက်တောင် အဆင်မပြေ တော့တဲ့အခါ ဒီလိုပဲစွန့်ပစ် ကြတာပဲ’’ ဟု ကိုဉာဏ်ဖြိုးဝင်းက ပြောပြသည်။

စွန့်ပစ်ခံရသည့် ဘိုးဘွား များအပြင် သားသမီးမထွန်းကား ခြင်း၊ ညီအစ်ကိုမောင်နှမများဆုံးပါးသွားခြင်း၊ စီးပွားရေးအဆင် မပြေခြင်း၊ စီးပွားရေး အဆင်ပြေ သော်ငြားလည်း အသက်ကြီး လာသည့်အခါ ပြုစုပေးမည့်သူ မရှိခြင်းတို့ကြောင့်လည်း ဘိုးဘွား ရိပ်သာသို့ ရောက်ရှိလာသူများ လည်းရှိနေသည်။

‘‘အဘိုးတို့က သားသမီး လည်းမရှိဘူး။ စားဝတ်နေရေး အဆင်မပြေတော့ လင်မယားနှစ် ယောက်လုံး ဒီကိုရောက်လာ တာ’’ ဟု Save The Age ဘိုးဘွားရိပ်သာသို့ ရောက်လာ သည့် (၇၆) နှစ်အရွယ်အဘိုး တစ်ဦးက ပြောပြသည်။

သက်ကြီး ရွယ်အိုများကို ပုဂ္ဂလိက ဘိုးဘွားရိပ်သာများက အတတ်နိုင်ဆုံး ကူညီစောင့် ရှောက်နေသော်လည်း ပုဂ္ဂလိ ကရိပ်သာများ၌ ကူညီစောင့် ရှောက်မှု မပေးနိုင်သည့် ဘိုးဘွား များလည်း ရှိနေကြောင်း Save The Age ဘိုးဘွားရိပ်သာမှ ဒုဥက္ကဋ္ဌ မဖြိုးသီရိကပြောသည်။

သက်ကြီးဘိုးဘွားများကို လမ်းမများပေါ်တွင် တောင်းရမ်း ခိုင်းကာနောက်ကွယ်မှ ခိုင်းစား နေသူများရှိနေပြီး ရိပ်သာသို့ ခေါ်ဆောင် သော်လည်းမလိုက် လိုကြကြောင်း၊ ၎င်းဘိုးဘွား များကိုမူ နိုင်ငံတော်အနေဖြင့် ခေါ်ယူကာ ပြုစုစောင့်ရှောက် ပေးသင့်ကြောင်း ၄င်းကပြော သည်။ 

‘‘လုပ်တော့ လုပ်ကြတယ်။ ဒါပေမဲ့ ထိရောက်မှုမရှိဘူး။ ခဏနေရင် ဘိုးဘွားတွေက လမ်း ပေါ်ပြန်ရောက်နေကြပြီ’’ ဟု မဖြိုး သီရိကပြောသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ဘ၀နေ၀င်ချိန်ကာလအတွင်း ခိုလှုံရာမဲ့နေသည့် စွန့်ပစ်ခံ ဘိုးဘွားများကို ပြုစုစောင့်ရှောက် ပေးနေသော ပုဂ္ဂလိကဘိုးဘွား ရိပ်သာပေါင်း ၉၀ ခန့်သာရှိ နေသည်။ ယင်းရိပ်သာများမှာ လည်း ဘိုးဘွားများကိုထားရှိ မည့်နေရာ၊ ကျွေးမွေးမည့်အစာဟာရတို့ အခက်အခဲကြောင့် ဘိုးဘွားအရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံပြုစုစောင့် ရှောက်နေရခြင်းဖြစ်သည်။

ယင်းဘိုးဘွားရိပ်သာများအနက် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုတည်ထောင်ခွင့် ပြုမိန့်ပေးထားပြီး မှတ်ပုံတင်ထားသည့် ဘိုးဘွားရိပ်သာများရှိ ဘိုး ဘွားများအတွက် ဆန်ဖိုး၊ ဟင်း ဖို့၊ အ၀တ်အစားဖိုးတို့အတွက် ဘိုးဘွားအရေအတွက်အလိုက် နှစ်စဉ်ထောက်ပံ့ ပေးနေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစန်းစန်း အေးကပြောသည်။

ပုဂ္ဂလိကက ဖွင့်လှစ်ထား သည့် ဘိုးဘွားရိပ်သာများမှာ အလှူရှင်များ၏ ထောက်ပံ့မှုကို သာအားကိုးနေရသဖြင့် စွန့်ပစ်ခံ ရသည့် ဘိုးဘွားအားလုံးကို ခေါ် ယူပြုစုနိုင်ခြင်း မရှိကြောင်း ပုဂ္ဂလိ က ဘိုးဘွားရိပ်သာတာဝန်ရှိသူ များက ပြောသည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်းမှ မိသားစုအဆင်မပြေသဖြင့် စွန့် ပစ်ခံရသူများ၊ ပြုစုစောင့်ရှောက်ပေးမည့် ဆွေမျိုးမရှိသဖြင့် ခိုကိုးရာမဲ့နေသည့်ဘိုးဘွားများ၏ ဘ၀နေ၀င်ချိန်ကိုအေးချမ်းစွာ ဖြတ်သန်းခွင့်ရစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုထက်ပို၍ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ကိုဉာဏ်ဖြိုးဝင်းက အကြံပြုသည်။
လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် ဘိုးဘွားများကို စောင့်ရှောက်ပေးသည့်နေရာမှာ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသော သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတစ်ခုတည်းသာ ရှိနေသေးသည်။
ထကို သဲ့ေို သာ နေပ့ ငိုးစောင့်ရှောက်ရေး ဂေဟာများကိုမန္တလေးအပါအဝင် အခြားမြို့ကြီးများ၌လည်း ဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း ဒေါက်တာစမ်းစမ်းအေးက ဝန်ခံသည်။

သို့သော်လည်း လက်ရှိအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ကြိုးစားနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဖွင့်လှစ်ပြီးဘိုးဘွားများကို စောင့်ရှောက်နေသလို အသက် (၉၀)နှင့် အထက် ဘိုးဘွားများကို တစ်လလျှင်ကျပ်တစ်သောင်းစီဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။ နောက်လာမည့် ဘဏ္ဍာနှစ်များတွင် တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲအထိတိုးမြှင့်ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း ဒေါက်တာစမ်းစမ်းအေးက ပြောသည်။

‘‘တစ်လတစ်သောင်းဆိုတာကတော့ ဘိုးဘွားတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက်တကယ်တမ်းကျရင် မလုံလောက်ပါဘူး။ ဒါပေမဲ့ တစ်နိုင်ငံလုံးကိုပေးနေရတာဆိုတော့ နိုင်ငံတော်ကိုလည်း အတင်းဖိအားမပေးချင်ဘူး’’ဟုမဖြိုးသီရိကပြောသည်။

လာမည့်၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အသက် (၉၀) အထက်အပြင် (၈၅) နှစ်အထက် ဘိုးဘွားများကိုလည်း တစ်လတစ်သောင်းစီ ထောက်ပံ့ပေးမည်ဖြစ်ကာနိုင်ငံလုံးအနှံ့မှဘိုးဘွားစုစုပေါင်း တစ်သနိးလေးသောင်းခနက့ို ထောက်ပံ့ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒေါက်တာစမ်းစမ်းအေးကပြောသည်။

အသက် (၈၅) နှစ်အထက်ဆိုသည့် ဘိုးဘွားအရေအတွက်မှာ နည်းပါးနေပြီဖြစ်သည့်အတွက်သက်ကြီးလူမှုရေး ပင်စင်ကိုအသက် (၇၀) ခန့်ကစ၍ ထောက်ပံ့ပေးသင့်ကြောင်း ကိုဉာဏ်ဖြိုးဝင်းက ထောက်ပြသည်။စွန့်ပစ်ခံရပြီး ဂိလာနဖြစ်နေသည့် သက်ကြီးဘိုးဘွားများအားလုံကို ထောက်ပံ့ပေးရန်နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရခက်ခဲကြောင်းလည်း ဒေါက်တာစမ်းစမ်းအေးကပြောပြသည်။နောင်လာမည့် ၂၀၅၀ တွင်မြန်မာနိုင်ငံ၌ အသက် (၆ဝ) အထက်ဘိုးဘွားဦးရေမှာ နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံ အထိရှိလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (Help Age International)နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့၏စစ်တမ်းတွင်ဖော်ပြသည်။

‘‘အဘိုးအဘွားပဲဖြစ်ဖြစ်၊ကလေးပဲဖြစ်ဖြစ်စနွ ပ့် စတ် ယဆ် တိုာကတော မကောင်းတဲ့လုပ်ရပ်၊ မဖြစ်စေချင်ဘူး။ မိသားစုနဲ့ နေချင်ပါတယ်။ သူသူကိုယ်ကိုယ် မိသားစုနဲ့ပဲနေချင်ကြတယ်။ မိသားစုစနစ်က ကျွန်မတို့နိုင်ငံမှာ ရေခံမြေခံကောင်းတဲ့စနစ်။ ဒီစနစ်ကိုထိန်းသိမ်းစေချင်ပါတယ်လို့’’ ဟုဒေါက်တာစမ်းစမ်းအေးက ပြောသည်။

ဘိုးဘွားများကို စွန့်ပစ်ခြင်းမပြုရန်တားမြစ်သော်လည်းလမ်းမပေါ် မစွန့်ပစ်ရုံသာရှိမည်ဖြစ်ပြီးထမင်းနပ်မှန် မကျွေးခြင်း၊ ဂရုတစိုက်မပြုစုခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းတို့မှာ စားဝတ်နေရေးမပြေလည်သည့် မိသားစုများ၌ဖြစ်ပေါ်နေဦးမည်ဟု ကိုဉာဏ်ဖြိုးဝင်းကပြောသည်။

‘‘အဲဒါတွေက ကြုံနေရဦးမှာပဲ။ ရှေ့ဆက်လည်း စွန့်ပစ်နေကြဦးမှာပဲ’’ဟု၎င်းကပြောသည်။တရိပ်ရိပ်တိုးလာနေသည့်ဘိုးဘွားများကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကဘိုးဘွားရိပ်သာတို့ကို အပြည့်အဝ မထောက်ပံ့နိုင်သရွေ့တော့ ဂိလာနဘိုးဘွားတို့၏ဘဝနေဝင်လမ်း ဖြောင့်ဖြူးနိုင်ဦးမည်မဟုတ်ပေ။

Credit : 7 Days Daily
Share it:

Article

Featured

Opinion

Post A Comment: