ပြည်ထဲရေးသတင်းစာရှင်းလင်းပွဲမှ စွပ်စွဲချက် များမှားယွင်းကြောင်း ဇေယျာဖြိုးပြော

Share it:
ဇေယျာဖြိုးကို ယမန်နေ့ ရုံးချိန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖြိုးဝေလင်း

တရားလွှတ်တော်ရှေ့ နေဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ် သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဇေယျာဖြိုးက အောင် ဝင်းခိုင်အား ငွေပေးစေခိုင်းခြင်းဖြစ်သည်ဟုဆိုထားချက်သည် ၎င်းအပေါ် အများပြည်သူအမြင်မှားစေရန် လုပ်ကြံဖန်တီး၍ ရှင်းလင်းခဲ့သည်မှာ ထင်ရှားကြောင်း စွပ်စွဲခံရသူ ဇေယျာဖြိုးက တရားခွင်အတွင်း ထွက်ဆိုသည်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံ ရမှုတွင် သေဒဏ်အထိ ချမှတ် နိုင်သည် ပုဒ်မတို့ဖြင့် စွဲချက်တင်ခံ ထားရသည့် ဇေယျာဖြိုးကို မြောက်ပိုင်းခရိုင် တရားရုံး၌ သြဂုတ် ၁၆ ရက်က ဆက်လက် စစ်ဆေးရာ ၎င်းသည် ဘာသာရေး အစွန်းရောက်သူမဟုတ်ကြောင်း ဇေယျာဖြိုးက ထွက်ဆိုခဲ့သည်။

‘‘သတင်းစာရှင်းပွဲမှာ ကျွန် တော်နဲ့ပတ်သက်ပြီးပြောသွား တာတွေက လုံးဝမှားတယ်။ တော်တော်ကိုမှားတာပါ။ ရိုးရိုး လေးဖတ်ကြည့်ရင်တောင် တော် တော် အဓိပ္ပာယ်မရှိတာပါ။ နောက်ကွယ်က တရားခံကို သူတို့ မမိဘူးလေ။ အဲဒီတော့ ကျွန်တော် ဟာ ဥပဒေကို ချိုးဖောက်တဲ့သူ ဖြစ်အောင် သူတို့က ပုံဖော်တာ။ ပြီးတော့ အစွန်းရောက်မျိုးချစ် စိတ်နဲ့လုပ်တယ်လို့ သတင်းစာ ရှင်းပွဲမှာ ပြောတာ။ အဲဒါက ဒီစာ အုပ်တွေကို ဖန်တီးယူပြီးမှပြော တာ’’ဟု ဇေယျာဖြိုးက မီဒီယာ များအား ပြောသည်။

ယမန်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ် သော ဦးကိုနီအမှုနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေးဝန်ကြီး၊ ဒုဝန်ကြီးနှင့် ရဲချုပ်တို့ ဦးဆောင်ပြုလုပ်ခဲ့ သည်။ ဇေယျာဖြိုးနှင့်ပတ်သက် သည့် ထုတ်ပြန်ချက်များသည် လုံးဝ မှန်ကန်မှုမရှိဘဲ အဓိက တရားခံကို ဖမ်းဆီးနိုင်မှုမရှိ သဖြင့် ထောက်လှမ်းရေးအဖွဲ့ဝင် ဟောင်းဖြစ်သော ဇေယျာဖြိုးကို တရားခံအဖြစ် ဖော်ပြလျှင် ပြည် သူက လက်ခံနိုင်လောက်သည်ဟု ယူဆ၍ ၎င်းအား စနစ်တကျ လုပ် ကြံကာ တရားခံအဖြစ် ဖန်တီး ထားခြင်းဖြစ်ကြောင်း ဇေယျာဖြိုး က ထွက်ဆိုသည်။

ထို့အပြင် ၎င်း၏ကုမ္ပဏီ အတွင်းမှ တွေ့ရှိသည်ဆိုသည့် စကားပြောစက်များ၊ တရားခွေ များနှင့် အညိုရောင်နှင့်အနက် ရောင် သေနတ်ထည့်သည့် ချိုင်း လွယ်အိတ်နှစ်ခုမှာလည်း ၎င်း၏ ရုံးခန်းအတွင်းမှ တွေ့ရှိခဲ့ခြင်း မဟုတ်ဟုဆိုသည်။

သတင်းစာရှင်းပွဲတွင် ရောင် ဝါဖြိုးကုမ္ပဏီသည် ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့ ပူးပေါင်းထူ ထောင်ခဲ့ပြီး ဇေယျာဖြိုး၏ဇနီးမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ပြောကြားသည့်အပေါ် ရောင်ဝါဖြိုးကုမ္ပဏီနှင့် ဇေယျာ ဖြိုးတို့ ဇနီးမောင်နှံမှာ လုံးဝပတ် သက်မှုမရှိသလို နေအိမ်နှင့် ကုမ္ပဏီရုံးခန်းကို ရှာဖွေစဉ်က လည်း ရောင်ဝါဖြိုးကုမ္ပဏီနှင့် ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ မတွေ့ရှိခဲ့ ဟုလည်းဆိုသည်။

ထို့အပြင် သတင်းစာရှင်းပွဲ တွင် ၎င်းအပေါ် စွပ်စွဲပြောဆိုချက် များနှင့်ပတ်သက်၍ ဇေယျာဖြိုးက ရက်စွဲအလိုက် ရှိနေသည့် ၎င်း ဇနီးမီးဖွားမှတ်တမ်း၊ ဇနီး၏ ဖခင်သေဆုံးသည့် သေစာရင်းမိတ္တူတို့ကို ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းရာ ရုံးတော်က လက်ခံခဲ့သည်။

ထို့အပြင် အောင်ဝင်းခိုင် အား ကျပ်သိန်း ၁,၀၀၀ ပေးခဲ့ သည်ဆိုသည့်အချက်ကိုလည်း ဇေယျာဖြိုးက ၎င်းမှာ ကိုယ်ပိုင် ဘဏ်အကောင့်မရှိဘဲ ဇနီးတွင် သာရှိကြောင်း၊ တရားလို ဘက်မှ ရုံးတော်သို့ တင်ပြထားသည့် သက်သေခံချက်များတွင်လည်း အောင်ဝင်းခိုင်အား ကျပ် သိန်း ၁,၀၀၀ ပေးသည့်အထောက် အထား တင်ပြထားခြင်းမရှိသလို ငွေကြေးနှင့်ပတ်သက်၍ ဦးတင် ထွန်းအောင်က အကြွေးပြန်ဆပ် သည့် ကျပ်သိန်း ၁,၂၀၀ ရှိ ကြောင်းဆိုသည်။

‘‘ဦးတင်ထွန်းအောင်က ကျပ်သိန်း ၄၀၀ တစ်ကြိမ်၊ ကျပ် သိန်း ၈၀၀ တစ်ကြိမ် ပြန်လည် ပေးဆပ်ခဲ့ကြောင်း၊ ပေးဆပ်ရာ တွင်လည်း ကျွန်တော့်အားပေး ခြင်းမဟုတ်။ ၎င်းကုမ္ပဏီမှ ကျွန် တော့်ကုမ္ပဏီသို့ ချက်လက်မှတ် ဖြင့်ပေးအပ်ခြင်းဖြစ်ပါသည်။ ထို သို့ ပေးစဉ်တွင်လည်း ကျွန်တော် သည် ပြည်ပသို့ ခရီးရောက်နေပါ သည်။ ကျွန်တော့်ဇနီးအား ဆက် သွယ်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်’’ ဟု ဇေယျာဖြိုးကဆိုသည်။

အောင်ဝင်းခိုင်မှာ ငွေကြေး အဆင်ပြေသူဖြစ်ပြီး တပ်မတော် အတွင်းသို့ ဝင်ရောက်စဉ်က အောင်ဝင်းခိုင်က စီနီယာ၊ဇေယျာဖြိုးက ဂျူနီယာဖြစ်သောကြောင့် ၎င်း၏စီနီယာအား စေခိုင်းနိုင်ခြင်းမရှိကြောင်း၊ စေခိုင်းပါကလည်း လုပ်မည်မဟုတ်ကြောင်း ဇေယျာဖြိုးက ထွက်ဆိုခဲ့သည်။

တရားလိုဘက်မှ ရုံးတော်သို့ သက်သေခံတင်သွင်းထားသည့် မှတ်ပုံတင် ၁၁ ခုနှင့်ပတ်သက်၍ လည်း အဆိုပါ မှတ်ပုံတင် ၁၁ ခု အနက် နှစ်ခုမှာ ၎င်းမှတ်ပုံတင် မဟုတ်ကြောင်း၊ နေအိမ်အား ရဲတပ်ဖွဲ့မှ ရှာဖွေခဲ့ပြီးနောက် ဇနီး ဗီရိုအတွင်းမှ ကျပ်တစ်သောင်း တန် ငါးအုပ်၊ ကျပ်သိန်း ၅၀ ပျောက်ဆုံးကြောင်းကိုလည်း ဇေ ယျာဖြိုးက ထည့်သွင်းထွက်ဆို သွားသည်။

‘‘သူ့အိမ်ကိုရှာတဲ့အခါမှာ စနစ်တကျ ရှာတာမဟုတ်ဘူး။ ရှာဖွေဝရမ်းလည်းမပါဘူး။ ပြန် တော့လည်း လက်မှတ်မထိုးခိုင်း ဘူး။ အဲဒီမှာတွေ့တာတွေက လည်း သူ့ပစ္စည်းမဟုတ်ဘူးလို့ ငြင်းဆိုတယ်။ အဲဒါတွေကို ထွက် ဆိုပြီးတော့ သူအပြစ်မရှိကြောင်း ထွက်ဆိုသွားတာပါ။ ရှာဖွေစဉ်က နေ့ခင်းကြောင်တောင် အနုကြမ်း စီးသလိုဖြစ်တယ်လို့ပြောတာကို တော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖြေရှင်းရမှာပေါ့လေ’’ဟု တရား လိုရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

ထို့အပြင် ၎င်းအား ရဲတပ်ဖွဲ့ က ဖမ်းဆီးပြီးနောက် နေအိမ်ကို ရှာဖွေပုံအသေးစိတ်၊ ကုမ္ပဏီကို ရှာဖွေပုံအသေးစိတ်နှင့် အောင် သပြေ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရပုံ၊ ခြိမ်းခြောက်ခံရပုံ နှင့် ကျန်းမာရေးထိခိုက်လာပုံတို့ ကိုပါ ဇေယျာဖြိုးက အသေးစိတ် ထွက်ဆိုခဲ့သည်။

7Days Daily
Share it:

Crime

Featured

latestnews

LocalNews

Myanmar

News

U Ko Ni

Post A Comment: