မြန်မာအမျိုးသမီးများ ဂျပန်အမျိုးသားနှင့် လက်ထပ်ပါက လက်ထပ်လက်စွပ်နှင့် ကျပ်သိန်း ၃၀ ပေးမည်ဟု ဂျပန်ကုမ္ပဏီတစ်ခုကြေညာ

Share it:

By ငြိမ်းချမ်း

ဂျပန်နိုင်ငံတွင် နေထိုင် သော မြန်မာအမျိုးသမီးများအား ဂျပန်အမျိုးသားနှင့် လက်ထပ် ထိမ်းမြားပါက လက်ထပ်လက်စွပ်နှင့်ကျပ်သိန်း ၃၀ ပေးအပ်မည်ဖြစ် ပြီး မိတ်ဆက်ပေးသူကို ယန်း တစ် သိန်း (ကျပ် ၁၂ သိန်း)ပေးမည် ဖြစ်ကြောင်း ဂျပန်အခြေစိုက်နိုင်ငံ တကာ ယဉ်ကျေးမှုဖလှယ်ရေး ဝမ်းကုမ္ပဏီက ကြေညာသည်။

ယင်းကုမ္ပဏီသည် ဂျပန်အမျိုးသားများအတွက် အိမ်ထောင်ဖက်ရှာဖွေပေးသည့်ကုမ္ပဏီဖြစ်သည်။

ဂျပန်အမျိုးသားနှင့် လက် ထပ်မည့် မြန်မာအမျိုးသမီးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူဖြစ်ရ မည်ဖြစ်ပြီး အသက်(၂၀)မှ (၃၀) အရွယ်ဖြစ်ရမည်ဖြစ်ကြောင်း အ ဆိုပါကုမ္ပဏီက သြဂုတ် ၂၀ ရက် တွင် ကြေညာထားသည်။ ပညာအ ရည်အချင်းအနည်းဆုံး အထက် တန်းအောင်မြင်ပြီးသူဖြစ်ပြီး အိမ် ထောင်မရှိ၊ လက်ရှိ ချစ်သူ၊ ရည်းစားမရှိသူဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့အပြင် ဗီဇာနှင့်ပတ်သက် ပြီး ပြဿနာမရှိသူဖြစ်ရမည်ဖြစ် ပြီး တရားဝင်နေထိုင်သူဖြစ်ရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

ဂျပန်အမျိုးသားနှင့်လက် ထပ်ပြီး ငါးနှစ်အကြာတွင် ဂျပန် နိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း ကုမ္ပဏီက ဆို သည်။

ဂျပန်နိုင်ငံတွင် အမျိုးသမီး များ၏ ပထမဦးစားပေးတာဝန် သည် အိမ်မှုကိစ္စနှင့် ကလေးထိန်း ခြင်း စသည်တို့ သတ်မှတ်ထား သဖြင့် ပင်ပန်းသည့်အလုပ်များ လုပ်ရန် မလိုကြောင်း၊ ကိုယ်တိုင် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ငွေပြန်ပို့ပေးလိုပါက အမျိုးသားနှင့်တိုင်ပင်ပြီး လုပ်ကိုင်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

လက်ရှိတွင် အသက်(၂၈) နှစ်အရွယ် မြန်မာအမျိုးသမီးတစ် ဦးနှင့် (၄၁)နှစ်အရွယ် ဆေးဖက် ဆိုင်ရာ အင်ဂျင်နီယာ ဂျပန်အ မျိုးသားတစ်ဦး၊ (၂၁)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးနှင့် (၃၅)နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာ လုပ်ကိုင်သူ ဂျပန်အမျိုးသားတစ် ဦး၊ (၃၁)နှစ်အရွယ် ဂျပန်အစိုးရ ဝန်ထမ်းအရာရှိတစ်ဦးနှင့် (၂၉) နှစ်အရွယ် မြန်မာအမျိုးသမီးတစ် ဦးတို့ လက်ထပ်ထိမ်းမြားရန် အချင်းချင်း လေ့လာနေကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် မြန်မာအမျိုးသမီး များသည် ယခင်ခေတ်က ဂျပန်အ မျိုးသမီးများကဲ့သို့ တည်ငြိမ်အေး ဆေးသည့် ပင်ကိုစရိုက်နှင့် အ လုပ်ကြိုးစားမှု၊ မိသားစုအပေါ် တန်ဖိုးထားမှုများကြောင့် ဂျပန် အမျိုးသားများကြား ရေပန်းစား နေကြောင်း ယင်းကုမ္ပဏီက ဆို သည်။

‘‘ဒါမျိုးတွေက အရင်ကလည်း  ဖြစ်ဖူးတယ်။ အရင်ကဆို တရုတ်တို့၊ ဖိလစ်ပိုင်တို့ လုပ်ကြတာ။ တချို့ကလည်း အဲဒါကို လက်ထပ်ဗီဇာလို့ ခေါ်ကြတယ်။ ဒီထဲက အချက်တွေ အကုန်မှန်ကန်မှုမရှိ ဘူး။ တကယ်ဆိုရင် ဒါက လူကုန်ကူးနဲ့ ငြိနိုင်တယ်’’ဟု ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အသက်(၄၀)အရွယ် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

မြန်မာအမျိုးသမီးများအနေ ဖြင့် ကိုယ်နှင့် အသိကျွမ်းဝင်မရှိ သေးသည့် နိုင်ငံခြားသားတစ်ဦး ကို ယုံကြည်ပြီး လက်ထပ်ခြင်း မပြုရန်နှင့် ထိုသို့ဆောင်ရွက်မှုကို စောင့်ကြည့်နေကြောင်း မြန်မာ နိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး သက် နောင်က ပြောသည်။

‘‘သူ့နိုင်ငံမှာ ဖူးစာဖက်ရှာတဲ့ လုပ်ငန်းက တရားဝင်ထူထောင် ခွင့်ရှိတယ်ဆိုရင် ဒါ သူ့နိုင်ငံဥပဒေ နဲ့ ညီမယ်။ အဲဒီနိုင်ငံမှာ နေထိုင် သော မြန်မာအမျိုးသမီးက သူ စိတ်ဝင်စားလို့ သူ တရားဝင်ချိတ် ဆက်ပြီးမှ ဆောင်ရွက်မယ်ဆိုရင် လူကုန်ကူးမှုနဲ့ ငြိစွန်းလာနိုင်ဖို့ နည်းတယ်။ သို့သော် ယတိပြတ် မပြောနိုင်သေးတာက ကြားမှာ ပွဲစားရှိသေးတယ်။ သူ့အပေါ်မှာ ဘာတွေ ခေါင်းပုံဖြတ်ဦးမယ်မသိ သေးဘူး။ နောက်တစ်ခုသည် တရားဝင်လက်ထပ်လိုက်တဲ့ ဂျပန်နိုင်ငံသားရဲ့ ပြုမူဆက်ဆံပုံရှိသေး တယ်’’ဟု ရဲမှူးကြီး သက်နောင် က ပြောသည်။

တရုတ်နိုင်ငံ၏ ဖြစ်စဉ်များ တွင် လက်ထပ်ပေါင်းသင်းသည့် မိန်းမကို ကိုယ်ဝန်ဆောင်ခိုင်း သည့်အပြင် ယင်းအမျိုးသမီးကို အလုပ်ကြမ်းများစေခိုင်းပြီး ရရှိ သည့်ဝင်ငွေများကို အမျိုးသားက သိမ်းယူခြင်း၊ သားဖြစ်သူက အမျိုးသမီးကို ဝယ်ယူပြီး သားအဖနှစ် ဦးပေါင်းသင်းခြင်း၊ သားဖြစ်သူက ဝယ်ယူပေါင်းသင်းပြီး ကိုယ်ဝန် မရှိပါက ဖခင်နှင့် ပေါင်းသင်းခိုင်းခြင်းစသည့် ဖြစ်စဉ်များရှိကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီစာရွက်မှာ ပါထား တယ်။ ကျွန်တော်က သူ့နိုင်ငံရယ်၊ သူ့လူမျိုးရယ်ကို ပုတ်ခတ်စော် ကားတာမဟုတ်ဘူး။ ဂျပန်အမျိုး သားတွေက ကြင်ကြင်နာနာနဲ့ ဆက်ဆံလိမ့်မယ်လို့ ရေးထားတာ ရှိတယ်။ ကျွန်တော့်ရဲ့လေ့လာ ထားတဲ့ လေ့လာချက်အရသည် ဂျပန်နိုင်ငံမှာ အိမ်တွင်းအကြမ်း ဖက်မှုဟာ အမြင့်ဆုံးအခြေအနေ မှာရှိတယ်’’ဟု ရဲမှူးကြီးသက် နောင်က ဆက်လက် ပြောသည်။

ဂျပန်နိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလုပ်သား ၁၅,၀၀၀ ခန့်ရှိသည်။

Credit : 7Days daily
Share it:

Article

Featured

Life

Lifestyle

LocalNews

News

WorldNews

Post A Comment: