နည်းမျိုးစုံသုံးပြီး ကျူးလွန်နေတဲ့ လိမ်လည်မှုအန်္တရာယ် သတိထားဖို့လိုပြီ

Share it:


မင်းဗညား

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့မှ ပြည်သူများအတွက် ပေးအပ်သည့် ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ကံထူးခြင်းသည် မိသားစုတစ်စုအတွက် ပျော်ရွှင်စရာ သတင်းစကားပင်ဖြစ်သည်။ ထိုအကြောင်းကို ဖုန်းမှဆက်သွယ်လာခြင်းဖြစ်ကာ မည်သူမှ မပြောဆိုရန်နှင့် ပြောဆိုပါက ဆုကြေးငွေများ ဆုံးရှုံးမည်ဟု တားမြစ်ခံထားရသည်။

ဦးကျော်ကျော်(အမည်လွှဲ)သည် ထိုသတင်းကို ကြားကြားခြင်း ၀မ်းသာမိသည်။ သို့သော် ထိုဆုကြေးငွေကို ထုတ်ရန်အတွက်မူ မဖြစ်နိုင်သေး။ အကြောင်းက ထိုဆုကြေးငွေကို ထုတ်ယူရန်အတွက် အခွန်ငွေအဖြစ် ငွေ ကျပ် ၁၈ သိန်းကို ဦးစွာပေးအပ်ရမည်ဟု ဆို ခြင်းကြောင့်ဖြစ်သည်။ 

တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများအတွက်မူ အဆိုပါ ကျပ် ၁၈ သိန်းသည် ပူပန်စရာပင်ဖြစ်သည်။ တစ်ဖက်က လည်း အဆိုပါအခွန်ငွေကိုပေးမှသာ ဆုကြေး ငွေကို ထုတ်ယူခွင့်ရမည်ဟုလည်း အကျပ်ကိုင် ထားသည်။ ထို့ကြောင့် နီးစပ်ရာမှ ငွေကျပ် ၁၈ သိန်းကို ရယူခဲ့ရသည်။ ပြီးနောက် အခွန်ငွေ အား Wave Money မှတစ်ဆင့် လွှဲပေးရန် အတွက် မြို့ပေါ်သို့ တက်လာခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် မကွေးတိုင်းဒေသကြီး ပေါက်မြို့ အနီး ကျေးရွာတစ်ခုတွင် ဇူလိုင်နောက်ဆုံး ပတ်အတွင်းက ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ 

ပေါက်မြို့သို့ ရောက်ချိန်တွင် ငွေလွှဲရန် အတွက် တစ်ဖက်လူအား ဖုန်းဖြင့် ဆက်သွယ် စကားပြောသည်။ ထိုအချင်းအရာကို ငွေလွှဲ လုပ်ငန်း(Wave Money) လုပ်ကိုင်နေသည့် ဆိုင်ရှင်သားအဖနှစ်ဦးက ကြားသိရသဖြင့် သင်္ကာမကင်းဖြစ်သွားသည်။ ထို့ကြောင့် အခြေ အနေကို စောင့်ကြည့်ပြီး ထိုဖြစ်စဉ်သည် လိမ်လည်မှုသာဖြစ်ကြောင်း ဆိုင်ရှင်ဖြစ်သူ ဦးအောင် ဆွေက ပြောပြခဲ့သည်။ 

““အဓိကတော့ ဒီအခြေအနေကိုကြည့် ပြီး ဒါသည် လိမ်လည်ပြီး ငွေတောင်းတာဆိုတာ သိလိုက်တယ်။ သူတို့ကို ပြောပြတယ်။ သူတို့က အစကတော့ မယုံသေးဘူး။ ဒါနဲ့ပဲ ဦးတို့က စခန်းကို အကူအညီတောင်းကြည့်ပါလားဆိုပြီး အကြံပေးလိုက်တော့ နောက်ဆုံး ပေါက်ရဲစခန်းကို ရောက်ခဲ့တယ်””ဟု ဦးအောင် ဆွေက ပြောသည်။ 

ပေါက်မြို့ရဲစခန်းသို့ ရောက်ရှိခဲ့ပြီး တာဝန် ကျရဲအရာရှိများမှ အဆိုပါဖုန်းသို့ ဆက်သွယ် စေခဲ့သည်။ တစ်ဖက်လူအား ငွေလွှဲမပေးနိုင် ကြောင်းနှင့် ကိုယ်တိုင်ပေးအပ်မည်ဟု ချိန်းဆိုရာ ရဲစခန်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိသည့်အတွက် လိမ်လည်ပြောဆိုသူက ဖုန်းကို စက်ပိတ်လိုက်သည်ဟု သိရသည်။ အဆိုပါ ဖြစ်စဉ်များသည် နည်းပညာကို အခြေခံ၍ လိမ်လည်သည့်ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပြီး ကျေးလက်ဒေသများကို ပစ်မှတ်ထားကာ လိမ်လည်မှုများ ကျူးလွန်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ 

 လိမ်လည်မှုအမျိုးမျိုးတွင် သူတစ်ပါး အယောင်ဆောင် လိမ်လည်ခြင်း၊ ပစ္စည်းကို ပေးအပ်စေရန် လိမ်လည်၍ မရိုးဖြောင့်သော သဘောနှင့် သွေးဆောင်ခြင်း စသည်ဖြင့်ပြုလုပ်လျှင် လိမ်လည်မှုကျူးလွန်ရာရောက်ကြောင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၁၅ မှစတင်ကာ ပုဒ်မ ၄၂၄ အထိ ပြဋ္ဌာန်းထားသည်။ 

မည်သို့ပင်ဆိုစေ ရာဇသတ်ကြီးဥပဒေ ပါ ပြဋ္ဌာန်းချက်အရ “မည်သူမဆို လိမ်လည် လှည့်ဖြားလိုသောအကြံနှင့်ပြုလျှင် ထိုသူသည် လိမ်လည်လှည့်ဖြား၍ ပြုသည်မည်၏။ ထို အကြံမျိုးမရှိလျှင် လိမ်လည်လှည့်ဖြား၍ ပြု သည်မမည်”ဟု ဖော်ပြထားသည်။

သာမန်လိမ်လည်နည်းများအပြင် စိတ်ဝင် စားဖွယ်ကောင်းသည့် နည်းလမ်းများစွာဖြင့် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိနေသေးသည်။ ဈေးဆိုင်၊ အရောင်းဆိုင် စသည့်နေရာများ တွင် အဖြစ်များသည့် ဖြစ်စဉ်တစ်ခုလည်း ရှိနေ ပေသေးသည်။ လူရည်ခပ်သန့်သန့်အမျိုးသား (သို့မဟုတ်) အမျိုးသမီးဖြစ်သူများက ရောက်ရှိ လာပြီး အကြောင်းအမျိုးမျိုးပြ အချိန်ကြာမြင့် စွာနေထိုင်ကာ ၀ယ်သူ ကင်းရှင်းချိန် (သို့မဟုတ်) ၀ယ်သူ များပြားနေချိန်တို့ကို အခွင့်ကောင်း ယူ၍ ပစ္စည်း (သို့မဟုတ်) ငွေကြေးများကို ယူ ဆောင်သွားသည့်ဖြစ်စဉ်များဖြစ်သည်။

““အဲဒီနေ့က ဆိုင်မှာ တစ်ယောက်တည်း ရှိတယ်။ ဒါနဲ့ ၀ယ်သူတစ်ယောက် ရောက်လာ ပြီး စကားတွေ ဖောင်ဖွဲ့အောင်ပြောနေတာ။ ကျွန်မလဲ အခြားဝယ်သူတွေကို ရောင်းနေတော့ သူ့ကို သတိမေ့သွားမယ်။ သူက ဟိုပစ်္စည်း ၀ယ်မလို၊ ဒီပစ်္စည်း ယူမလိုလိုနဲ့ အကြာကြီးနေ ပြီး လုပ်နေတာ။ ပြီးတော့ သူထွက်သွားတယ်။ ဈေးဝယ်ဖို့ စာရင်းစစ်ကြည့်တော့မှ ကောင်တာ ထဲက ပိုက်ဆံနှစ်သိန်းလောက် ပါသွားတယ်”” ဟု အဆိုပါနည်းဖြင့် လိမ်လည်ခံလိုက်ရသူ တစ်ဦးဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှ မသန်း အေးက ပြောသည်။

““ဒီလိုလိမ်လည်တယ်ဆိုတာကလဲ လိမ် မယ့်အိမ်ကို စောင့်ကြည့်နေမယ့်အခြေအနေ မျိုးရှိတယ်။ ဥပမာ-အိမ်တစ်အိမ်ကို ၀င်မယ် ဆိုပါစို့။ လိမ်မယ့်နေ့မှ ချက်ချင်းကြီးရောက် လာတာမျိုးမဟုတ်ဘူး။ အနည်းဆုံးတော့ ဒီ အိမ်ရဲ့ အ၀င်အထွက်အခြေအနေကိုတော့ လေ့လာပြီးမှ ၀င်လာမယ်။ အလစ်အငိုက်အခြေ အနေမျိုးပေါ့””ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

သို့သော် အချို့ဖြစ်စဉ်များသည် လိမ်လည် ခံရသူများ၏ အားနည်းချက်များကို သိရှိပြီး ဖြစ်သည့်အတွက် လိမ်လည်သူများက အလွယ် တကူပင် အိမ်အတွင်းသို့ ၀င်ရောက်လိမ်လည် သည့်ဖြစ်စဉ်များက များပြားလျက်ရှိသည်။ 

လိမ်လည်မှုဖြစ်စဉ်အများစုသည် သက် ဆိုင်ရာရဲတပ်ဖွဲ့ထံသို့ တိုင်တန်းအမှုဖွင့်သည့် အခြေအနေများရှိသကဲ့သို့ အချို့ဖြစ်စဉ်များ သည် ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းနိုင်လောက် သည့်အခြေအနေသို့ မရောက်ရှိခဲ့သည်များ လည်း ရှိသည်။

““အဓိကတော့ လောဘပဲ။ ထီပေါက်တယ် ပြောတယ်။ မြေကွက်တွေ ဈေးနည်းနည်းနဲ့ရ တယ်။ အဲဒါတွေကလဲ လောဘတွေပဲ။ ဖြစ်နိုင် လား မဖြစ်နိုင်လား စဉ်းစား၊ ဖုန်းနဲ့လိမ်တာလဲ ရှိတာပဲ။ ဒီဖြစ်စဉ်တွေကို အဓိကတော့ ကိုယ် ချင်းစာစိတ်နဲ့ ချင့်ချိန်စဉ်းစားပြီး ကာကွယ် သင့်တယ်””ဟု ခရိုင်ရဲမှူးတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။ 

ကျေးလက်နေပြည်သူများ ခံစားနေရ သည့်အရာတစ်ခုကား ခေါင်းပုံဖြတ်စီးပွားရေး လုပ်ငန်းအချို့လည်း ပါဝင်နေသည်။ ကုမ်္ပဏီ ကြီးတစ်ခု အမည်ခံကာ နယ်အစွန်အဖျား ကျေးလက်ဒေသများအထိ ရောက်ရှိလာကြ မည်။ မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ လုပ်ကိုင်ရန် မလိုအပ်ဘဲ အလွယ်တကူပင် အကျိုးအမြတ် များရရှိမည်ဖြစ်ကြောင်း ဆွဲဆောင်ကြမည်။ အချို့လုပ်ငန်းများက ပစ်္စည်းဖြုန်းပေးကြရသည်။ အချို့လုပ်ငန်းများက လူရှာပေးကြရသည်။ ထိုကဲ့သို့ နည်းလမ်းအသွယ်သွယ်နှင့် ရောက် ရှိလာတတ်သည်။ ထိုလုပ်ငန်းမျိုးသည် ရန်ကုန် တွင် ခေတ်စားပြီးဖြစ်သော်လည်း ရန်ကုန် ဈေးကွက်သည် ထင်သလောက် ခရီးမပေါက် သည်ကို ၎င်းင်းတို့အနေဖြင့် သိရှိနားလည်လျက် ရှိသည်။

““ဈေးကွက်ကို ခေါင်းပုံဖြတ်တဲ့ပုံစံမျိုးနဲ့ ၀င်ရောက်တာ။ နောက်ပိုင်းမှာ သူတို့ရဲ့ အဓိက ပစ်မှတ်ကတော့ နယ်တွေမှာရှိတဲ့ ကျေးလက် ဒေသတွေ။ ပြီးခဲ့တဲ့လလောက်ကတောင် ကျွန် တော်တို့ရွာနားက ရွာတွေမှာ အလိမ်ခံလိုက်ရ သေးတယ်””ဟု စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်ခရိုင် အောင်မိုးရွာမှ ကိုအောင်ကြီးက ပြော ဆိုသည်။

သို့သော် လိမ်လည်မှုဖြစ်စဉ်အများစုတွင် မက်လုံးပေးစည်းရုံးခံရခြင်း၊ အယုံလွယ်ခြင်း နှင့် ငွေရလမ်း အလွယ်တကူရှာဖွေခြင်းအပြင် အယုံလွယ်ခြင်းများကြောင့် ဖြစ်နိုင်ပြီး ထိုကဲ့သို့ အခြေအနေများကို အခွင့်ကောင်းယူကာ လိမ် လည်သည့်လူအများကလည်း တိုးပွားလာ လျက်ရှိလာသည်။
လိမ်လည်မှုများသည် မြေပြင်အခြေအနေ အထိ လိမ်လည်မှုများအပြင် နည်းပညာကို အသုံးပြုကာ အွန်လိုင်း(ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ၊ ၀ီချက် စသည့်လူမှုကွန်ရက်များ)မှတစ်ဆင့် လိမ်လည်မှုများကလည်း နေ့စဉ်နှင့်အမျှ တိုး ပွားလာလျက်ရှိနေသေးသည်။ ခေတ်မီနည်း ပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ မှုခင်းဖြစ်စဉ်များထဲတွင် အပါအ၀င်ဖြစ်သည့် လိမ်လည်မှုများကလည်း နည်းလမ်းအဖုံဖုံဖြင့် ကျူးလွန်နေကြဆဲဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ဆုမဲပေါက်ခြင်း၊ ကံထူးခြင်း စသည့်လိမ်လည်မှုဖြစ်စဉ်များ၊ အွန်လိုင်း Wave Money များမှတစ်ဆင့် ဘဏ် အကောင့်ဖြင့် လိမ်လည်မှုများစွာရှိသည့်အပြင် ထိုအထဲမှ ဖုန်းဖြင့်ဆက်သွယ်၍ လိမ်လည်မှု များကလည်း ခေတ်စားလျက်ရှိသည်။ သို့သော် ပြည်သူများအနေဖြင့် မှုခင်းဖြစ်စဉ်များအပေါ် တွင် မှုခင်းအသိ၊ မှုခင်းသတိဖြင့်သာ မိမိလုံခြုံ ရေးအတွက် ကြည့်ရှုသင့်ကြောင်း အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုတပ်ဖွဲ့မှ ဒေသမှူး ရဲမှူး သိန်းအောင်က မှတ်ချက်ပြုပြောဆိုသည်။

““အိမ်ကို သူစိမ်းတွေလာရင် စိစစ်ပြီးမှ လက်ခံဖို့နဲ့ ဖုန်းဆက်ပြီးပြောတိုင်းလဲ မယုံကြည် ဖို့ လိုအပ်တယ်။ နောက်ပြီး အမျိုးတွေ အသိ တွေက လွှတ်တယ် ငွေယူခိုင်းတယ်ဆိုတိုင်းလဲ မယုံကြည်ဖို့ လိုအပ်တယ်။ အိမ်တံခါးတွေကို သတိနဲ့ ဖွင့်လှစ်ဖို့ လိုအပ်တယ်။ အဓိကတော့ လောဘက အဓိကပဲ။ ထီပေါက်တယ်၊ ဖုန်း ပေါက်တယ် စသဖြင့် လိမ်လည်နေတာတွေ ရှိနေတာပဲ။ လောဘစိတ်တွေကို ထိန်းချုပ်ရ မယ်။ ဖြစ်စဉ်တစ်ခုကို ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်း စားချင့်ချိန်သင့်တယ်””ဟု ရဲမှူးသိန်းအောင်က မှတ်ချက်ပြုပြောဆိုသည်။

မည်သည့်အခြေအနေမျိုးဖြင့်ဖြစ်စေ မိမိပတ်ဝန်းကျင် (သို့မဟုတ်) မိမိအိမ်အတွင်း မသိကျွမ်းသည့် မျက်နှာစိမ်းသူများ ရောက်ရှိ လာပါက အထူးပင်သတိပြုရန် လိုအပ်သည်ဟု အထက်ပါပုဂ်္ဂိုလ်များက မှတ်ချက်ပြုပြောဆို သည်။ ထို့အပြင် ထူးခြားမှုဖြစ်စဉ်တိုင်းအတွက် သတိတရားဖြင့် စောင့်ကြည့်လေ့လာရန် လိုအပ် သကဲ့သို့ အလွယ်တကူရရှိမည့် မည်သို့သော အခွင့်အရေးမျိုးကိုမဆို မှုခင်းသတိ၊ မှုခင်းအသိ ဖြင့်သာ ချင့်ချိန်သင့်ကြောင်း အကြံပြုကြသည်။ ထို့အပြင် အလွန်ကောင်းမွန်သည်ဆိုသော အခွင့်အရေးကောင်းများသည် အလွယ်တကူ မရရှိနိုင်ဘဲ ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် ဖြစ်ပွားခဲ့ သည့် လိမ်လည်မှုဖြစ်စဉ်များကို သာဓကထား ကာ သင်ခန်းစာယူသင့်ပေသည်။     


#YangonMediaGroup #YangonTimesJournal 
Share it:

Article

Crime

Cyber Crime

Featured

Life

LocalNews

News

Opinion

Post A Comment: