မတရားစွပ်စွဲခြင်းနှင့်ပတ်သက်ပြီး သရုပ်ဆောင်သီဟတင်စိုး မီဒီယာများနှင့်တွေ့ဆုံ

Share it:


မုဒိမ်းမှုဖြင့် မတရားစွပ်စွဲမှုခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး သရုပ် ဆောင်သီဟတင်စိုးက သြဂုတ် ၂၄ ရက်တွင် တော်ဝင်နှင်းဆီ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မီဒီယာများ၏ မေးမြန်းမှုအချို့ ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

မေး-လက်ရှိအခြေအနေနဲ့ ပတ် သက်ပြီးတော့ အရင်ဦးဆုံးပြောပြ ပေးပါဦး။
ဖြေ-အခုတော့ အားလုံးပြီးသွားပါ ပြီ။ ကျွန်တော့်ကို အခုတရားရုံးက နေပြီးတော့ အမှုမမြောက်ဘူးလို့ သတ်မှတ်ပြီးတော့ ပလပ်အဖြစ် အသိအမှတ်ပြုစာထုတ်လိုက်ပါ ပြီ။ အဲဒါကြောင့်လည်း အခုလိုမျိုး မီဒီယာတွေနဲ့တွေ့ဆုံတာပါ။ ဘာ ဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုကို အာ မခံမပေးပါဘူး။ မပေးတဲ့အချိန်မှာ ကျွန်တော့်ကိုကျတော့ အာမခံပေး တဲ့အပြင် လူပါအပြင်မှာလွှတ်ထား ပေးတဲ့ပုံစံမျိုး စိုးရိမ်တဲ့ပုံရပါတယ်။ ဒါကတော့ ဥပဒေအရကို။ ဒါပေမဲ့ မဟုတ်ဘူးလို့သိတဲ့အချိန်မှာတော့ လွှတ်ပေးလိုက်ပါပြီ။ ဒီလိုဖြစ်တာ ကလည်း ဥပဒေရဲ့အားနည်းချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါ ကြောင့် ဥပဒေကိုပြင်ဆင်ဖို့လိုအပ် တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆို တော့ ဒါကြီးကို မပြုပြင်မချင်း အိမ် မှာသူစိမ်းမိန်းကလေးတစ်ယောက် ရှိတာ ကျွန်တော့်ဖင်အောက်ကို ဗုံးခုထိုင်ထားသလိုပါပဲ။ ဘယ်အ ချိန်ထပေါက်မလဲဆိုတာကြောက် နေရပါတယ်။ အဲဒါကတော့ မဟုတ် သေးဘူးလေ။

မေး-ဥပဒေကိုပြန်ပြီးတော့ ပြင်ဆင် စေချင်တယ်ဆိုတာက ဘာကိုပြင် ဆင်စေချင်တာလဲ။
ဖြေ-မကောင်းတာတွေကို ပြင်ရ မယ်။ မကောင်းတဲ့ဟာဆိုတာက တစ်ယောက်ကလာတိုင်လိုက်တာ နဲ့ ရဲကလာဖမ်းပြီးတော့ စစ်ဆေး မေးမြန်းမှုမရှိ၊ သွား အချုပ်ထဲဝင်ဆို ရင် ယောကျာ်းထုတွေအတွက် ပြန် ပြီး ဖြေရှင်းရတဲ့အချိန်မှာ အချုပ်ထဲ ရောက်သွားပြီဆိုတဲ့ လူတစ်ယောက် ရဲ့စိတ်။ အချုပ်ထဲအရင်မရောက် ပါနဲ့ဦး။ လက်ထိပ်အရင်ခတ်ခံကြည့် ပါဦး။ ကျွန်တော်အခုအသက် ၅၀ ကျော်မှာ တစ်ကြိမ်မှ လက်ထိပ်ခတ် မခံရဖူပါဘူး။ အဲဒါကြောင့်လည်း လက်ထိပ်ခတ်မခံဘူးလို့ ပြောခဲ့ပါတယ်။ တရား ခံလိုသတ်မှတ်ခံရတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က တော် တော်ကို ကျဆင်းပါ တယ်။ ပြန်ပြီး တော့ ဖြေရှင်းဖို့ ဆိုတာက အားနည်း သွားပါ တယ်။ အဲဒါ ကြောင့် ဖြေရှင်းနိုင်ခွင့်ရှိအောင် ဥပဒေကလည်း တရားမျှမျှတတ ဖြစ်စေချင်တယ်။

မေး-ဒေါ်ခင်မာညိုက ကိုသီဟအိမ် ကိုရောက်လာတဲ့အချိန်မှာ မိန်းမ မာယာနဲ့ဖြားယောင်းတာတွေရော ရှိလား။
ဖြေ-ရှိရင်လည်း ရှိမှာပေါ့နော်။ကျွန်တော်ကိုယ်တိုင်က သတိမထား မိတာဖြစ်မယ်။ မထင်ဘူး။ စိတ် လည်းမ၀င်စားဘူး။ ကျွန်တော် က ယောကျာ်းလေးတစ် ယောက်ပါ။ မိန်းက လေးတစ်ယောက်ကို မြင်ရင် ယောကျာ်း လေးသဘာဝအရ ကြည့်တတ်တယ်။ ပုံသဏ္ဍာန်အနေ အထားကိုလဲ အကဲခတ် တတ်ပါ တယ်။ ဒါပေမဲ့ သူ့ကိုကျတော့ ကျွန်တော် အဲဒီလိုကိုအကဲမခတ်မိတော့ ဖြား ယောင်းနေသလား။ ဘာလားဆို တာတောင်မသိဘူး။

မေး-သူ့ကိုတရားစွဲဖို့ရောရှိမလား။
ဖြေ-သူကကျွန်တော့်ကို အမှုဖွင့် ထားတာတော့ ပြီးသွားပါပြီ။ ကျွန် တော်ကတော့ သူကိုပြန်ပြီးတော့ အမှုဖွင့်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဂုဏ်သိက်္ခာကျဆင်း အောင် ပရိသတ်အထင်အမြင်လွဲ အောင် ပြည်သူနဲ့မျိုးစုံပြဿနာဖြစ် အောင်လုပ်တဲ့အတွက် တရားပြန် စွဲတာပါ။ ဒါပေမဲ့ပရိသတ်ပေးတဲ့ ပြစ်ဒဏ်ကတော်တော်ကိုပြင်းထန် နေပါပြီ။ ခွင့်လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့လည်း ခွင့်လွှတ်ပေးလို့မရ ပါဘူး။ ကျွန်တော့်အပေါ် ဘယ် လောက်ဆိုးဆိုး ကျွန်တော်ကျေနပ် တယ်။ ခွင့်လွှတ်ပေးတတ်ပါ တယ်။ ပထမတော့ စာမတတ်ပေမ တတ်နဲ့ သူများမြှောက်ပေးလို့လုပ် တာ ထောင်တော့ကျတော့မှာပဲလို့ တွေးမိပါတယ်။ ဒါပေမဲ့လည်းမ တတ်နိုင်ဘူး။ ကျွန်တော်အိမ်က နေထွက်မယ်ဆိုတဲ့အချိန်မှာ သား သမီးကကြည့်လိုက်တဲ့မျက်လုံး၊ မိန်းမကကြည့်တဲ့မျက်လုံး အကုန် လုံးကိုမြင်လိုက်ရတယ်။ အဲဒါ ကြောင့်ပဲခွင့်မလွှတ်နိုင်ဘူး။

မေး-တရားစွဲခံထားရတဲ့အချိန် ထွက်ပြေးနေရတဲ့အချိန်မှာရော ဘယ် လိုခံစားခဲ့ရလဲ။
ဖြေ-သေချင်တာပဲ။ သေသွားတာ မှ ကောင်းဦးမယ်လို့စဉ်းစားခဲ့တာ။ ကျွန်တော်တကယ်ပြောတာပါ။အဲဒီအမှုနဲ့သာ တရားစွဲခံရမယ်။ လက်ထိပ်ခတ်ခံရမယ်ဆိုရင် ကျွန် တော်တိုက်အမြင့်ကနေပြီးတော့ ခုန်ချသေပစ်မှာ။ အဖမ်းမခံဘူး။ဘာလို့လဲဆိုတော့မဟုတ်တဲ့အတွက် အဖမ်းမခံနိုင်ဘူး။ သတ်သေပစ် ဖို့အထိကိုခံစားခဲ့ရတာ။

မေး-လက်ရှိရောကိုသီဟအိမ်မှာ အိမ်အကူခေါ်ထားသေးလား။
ဖြေ-အခုကိုထပ်ခေါ်ထားရတယ်။ အခုကတော့ ပတ်သက်ရာပတ်သက် ကြောင်းနဲ့ အဒေါ်ကြီးတစ်ယောက် ကိုထပ်ခေါ်ထားရတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က လည်း နှလုံးခွဲထားရတဲ့သူပါ။ နှလုံး မကောင်းဘူး။ သားကလည်းလူပျို ပေါက်။ သမီးကလည်းသုံးတန်း ကျောင်းသူ။ ကျွန်တော်ယောက်္ခမ ဖြစ်သူက အသက်ကြီးတော့ ပြုစု မယ့်သူလိုတယ်။ မခေါ်လို့မရဘူး။ ဒါပေမဲ့လည်း အခုတော့ဒေါ်ခင် မာမြင့် ထက်တောင်အသက်ကြီး ပါဦးမယ်။

မေး-နောက်ပိုင်းအနုပညာ အလုပ် တွေရောပြန်လုပ်ဖြစ်မလား။
ဖြေ-ကျွန်တော်အနုပညာအလုပ် တွေမလုပ်တော့တာ လေးနှစ်ကျော် ပြီ။ ငါးနှစ်ပြည့်တော့မယ်။ ဘာလို့ မလုပ်တာလဲဆိုတော့ အနုပညာ လုပ်ရတာ တန်ဖိုးမရှိဘူးထင်လို့ပါ။ကျွန်တော်တို့လုပ်ရတဲ့အလုပ်၊ ပေး ဆပ်ရတဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ပြန်ရတဲ့ဟာက တော်တော်ကြီးရေ တိမ်နစ်တယ်။ အနုပညာလောက က ထွက်တဲ့အချိန်မှာ ဘာမှကိုမ လုပ်တတ်တော့ဘူး။ စီးပွားရေးလော ကမှာလည်း နောက်တွေကျတယ်။ အခုတော့ ကျွန်တော်မမြင်ရတဲ့ တန်ဖိုးတွေရှိတယ်ဆိုတာကို နား လည်သွားပါပြီ။ ကျွန်တော့်ပရိသတ် က ပေးနေတဲ့မမြင်ရတဲ့ မေတ်္တာပါ ပဲ။ ဒီနေ့လိုဖြစ်တဲ့ပြဿနာမှာ ရှေ့ က မားမားမတ်မတ်နဲ့ မခံရပ်နိုင် အောင်ဖြစ်တာက ပရိသတ်တွေပါ။ အခုတော့ပြန်လုပ်မယ်။ ပိုက်ဆံမရ လည်းလုပ်မယ်။ ရေတိမ်နစ်လည်း နစ်ပါလေစေလုပ်မယ်။ ကျွန်တော် အနုပညာအလုပ်ကိုသေတဲ့အထိ လုပ်မယ်လို့ပြန်ဆုံးဖြတ်လိုက်ပြီ။


NN/DemocracyToday | YangonMediaGroup
Share it:

Celebrity

Crime

Entertainment

Featured

LocalNews

News

Press

Post A Comment: