ရုပ်ရှင်ဒါရိုက်တာ မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share it:

ရန်ကုန်၊ သြဂုတ် ၁၇

၁၆.၈.၂၀၁၈ ရက်နေ့ ည ၂၃၀၀ နာရီအချိန် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃)ရှေ့တွင်မော်တော် ယာဉ်များအား ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် သန်းထွန်းဇော် (ခ) မိုက်တီး မောင်းနှင်လာသော ယာဉ်အမှတ် 9D/------Mazda Demio အစိမ်းနုရောင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ သန်းထွန်းဇော်(ခ)မိုက်တီး ထိုင်နေသည့် ဖင်ထိုင်ခုံ နှင့် ကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးအတွင်းထည့်ထားသည့်  အကြည်ရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထုပ်လျက် WY စာတန်းပါ  ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားပါ (၁)ထုပ်၊ အစိမ်းရောင် အဖုံးပါ ကော်ဘူးအတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင်  စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ပါ(၁)ဘူး၊ စုစုပေါင်း(၂၆)ပြား၊ အလေးချိန်(၂.၆)ဂရမ်၊ လက်ကိုင်ဖုန်း(၂)လုံး၊ မော်တော်ယာဉ်(၁)စီး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ၀ှီးတက်(၁)ခုတို့နှင့်အတူ ရှာဖွေသိမ်းဆည်း ရမိပြီး မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီး (၅၃)နှစ်၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေ သူအား တာမွေမြို့မရဲစခန်း မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကာ ကွင်းဆက်တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
Share it:

Crime

latestnews

LocalNews

News

Post A Comment: