အဆိုတော်နှစ်ဦးအပါအဝင် သုံးဦးဆီက မူးယစ်ဆေးပြားတွေဖမ်းမိ

Share it:


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉လမ်းX၅၀လမ်းကြား မှာရှိတဲ့ နန်းထိုက်ပန် အအေးခန်းဧည့်ရိပ်မွန်မှာ သြဂုတ်၁၄ရက် ညနေ ၃နာရီ က အဆိုတော် ရသ ပါ သုံးဦးနဲ့ အတူ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ် သတင်းရရှိတဲ့အတွက် အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း)က ရဲအုပ် လင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ အသိသက်သေတွေနဲ့ အတူ နန်းထိုက်ပန်အအေးခန်းဧည့်ရိပ်မွန် က အခန်းအမှတ်(၂၀၅)အတွင်းဝင်ရောက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

အခန်းအတွင်းမှာ ရဲမင်းသိန်း(ခ)ရသ (အဆိုတော်) ၊ မျိုးတင့် ၊ ခေမီ(ခ) မဗျာတားမီး (အဆိုတော်) တို့သုံးဦးကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေ ခဲ့ကြပါတယ်။ဒီလိုရှာဖွေရာမှာ အဝါရောင်နဲ့ အနီရောင်အအေးစုတ် ပိုက်တစ်ချောင်းစီမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၃၀ ပြား ပါတဲ့ ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက် အတွင်းမှာ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆၅ ပြား စုစုပေါင်းဆေးပြား၉၅ ပြား နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေတွေ့ရှိခဲ့တယ် လို့ သိရပါတယ်။

ထပ်မံပြီး အခန်းအတွင်းက အိမ်သာရေချိုးခန်းကို ရှာဖွေရာမှာ မှန်တင်ခုံပေါ်က အပြာရောင်ပလတ်စတစ်ကပ် ခွာအိတ် တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၅၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒီလို စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းက မူးယစ်(ပ)၁၁/၂၀၁၈ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ နဲ့ ရဲမင်းသိန်း(ခ)ရသ မျိုးတင့်၊ခေမီ(ခ)မဗျာတားမီးတို့သုံးဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ခင်ကို(ကျောက်တံခါး)/One News Myanmar
Share it:

Crime

Featured

latestnews

LocalNews

Myanmar

News

Post A Comment: