သရုပ်ဆောင်ရွေးပွဲမှာ နေခြည်ဦး ဒိုင်လုပ်ဖြစ်တဲ့အကြောင်းရင်း

Share it:


By ခင်ဆွေသက်

ခသုံးလုံးရုပ်ရှင်ထုတ် လုပ်ရေး၏ သရုပ်ဆောင်သစ်ရွေး ချယ်ပွဲ၌ ဒိုင်အဖြစ်ပါဝင်ကူညီ ခြင်းသည် အောက်တိုဘာတွင်  ရိုက်ကူးမည့် ယင်းဇာတ်ကား၌ ၎င်းပါဝင်မည့်အပြင် သရုပ်ဆောင်ခိုင်သင်းကြည်က ကမ်းလှမ်း၍  ကူညီခြင်းဖြစ်ကြောင်း နေခြည်ဦး ကပြောသည်။

‘‘နေခြည်က အစကတည်း က အကဲဖြတ်ဒိုင်တစ်ယောက်အ နေနဲ့ ထိုင်ဖို့နေခြည်မှာ အရည်အ ချင်းလည်းမရှိဘူး၊ အတွေ့အကြုံ လည်းမရှိသေးပါဘူးလို့ ပြောပါ တယ်။ ဒါပေမဲ့ မခိုင်လေးကအ လှအပနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီ ယာမှာ  လုပ်နေတယ်။ အဲဒီအ တွက် သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ Public Relation ပိုင်း၊  သူတို့ရဲ့ Personality အလှ အပရေးရာနဲ့ ပတ်သက်ပြီးသိ သင့်တာလေးတွေရှိတယ်။ အဲဒါ လေးကိုလာပြီး ၀ိုင်းဝန်းကူညီပေး ပါဆိုလို့ နေခြည်ဒီနေ့သရုပ် ဆောင်ရွေးပွဲမှာ လာရောက်ကူညီ ပေးဖြစ်တာပါ’’ ဟု ၎င်းကပြော သည်။ သရုပ်ဆောင်ရွေးပွဲသို့ လာရောက်ယှဉ်ပြိုင်သူများကို ကြည့် ကာအားတက်မိသလို အကဲဖြတ် ဒိုင်မှတ်ချက်များသည် အလွန် အထောက်အကူရကြောင်း နေ ခြည်ဦးကဆိုသည်။

‘‘ကိုယ်ကအစက ရုပ်ရှင်နှစ် ကားရိုက်ဖူးပေမယ့် ၀ါသနာပါတဲ့ အဆင့်လောက်ပဲရှိသေးတာ။ ရူး သွပ်မှုမရှိဘူး။ ဒါပေမဲ့ ဒီနေ့မှာ သရုပ်ဆောင်အသစ်တွေဒီလိုမျိုး အခွင့်အရေးဆိုတာ ဒါရတောင့် ရခဲအခွင့်အရေးပါ။ အဲဒီမှာသူတို့  ရဲ့စိတ်ပါဝင်စားမှုနဲ့ အားသွန်ခွန် စိုက်ကြိုးစားမှုက နေခြည့်ကိုပါ အားအင်အသစ်တွေဖြစ်စေပါ တယ်’’ဟု ပြောသည်။

အချစ်ရေးနှင့်ပတ်သက်ပြီး ထွက်နေသည့် ဂယက်များသည် ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုကြောင့်  ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သူနဲ့ကိုယ်နဲ့စတွေ့တော့ သူက သူဌေးပေါ့။ သူ့ရဲ့ဆိုင်ဖွင့် ပွဲကိုဖိတ်တယ်။ တွေ့တယ်။ ဒါ ပေမဲ့ နေခြည်ကလည်း ရည်းစားရှိ တယ်ပေါ့နော်။ ပြီးတော့ နေခြည် တို့ကြိုက်သွားတယ်။ အဲဒီမှာ ဂ ယက်ကစတယ်။ နေခြည်တို့စ တင်တွေ့ဆုံမှုမှာ တခြားလူတစ် ယောက်လည်း ပါဝင်ပတ်သက် နေတယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိချစ်သူသည် မိမိကို အရမ်းချစ်ပြီး သူချစ်ကိုသာ ရှာ ထားသောကြောင့် စိတ်ချမ်းသာ နေရကြောင်းဆိုသည်။

‘‘နေခြည်သူ့ကိုလိပ်ပြာသန့် သန့်နဲ့ချစ်တယ်။ ကိုယ့်ဘက်က အားအရှိဆုံးက သူကနေခြည့်ကို အရမ်းချစ်တယ်။ အရမ်းလည်းအ လိုလိုက်တယ်။ အရမ်းလည်း သည်းခံတယ်။ အဲဒီအတွက်ကိုယ် ကတစ်ဖက်သတ်လိုက်ပြီးချစ်နေ တာမဟုတ်ဘူး။ သူချစ်လို့သူ့အ ပေါ်နားလည်မှုပေးပြီး နေခြည်တို့ အချစ်ရေးက အခုဆိုအေးအေး ဆေးဆေးသာသာယာယာဖြစ်နေ တာပေါ့နော်။ စကြိုက်ကတည်း ကလည်း ဒီလိုမျိုးဂယက်တွေအ များကြီးပြောခံရပါတယ်။ အခုထိ လည်း ပြောခံနေရတုန်းပါပဲ။ အပူ တွေများလိုက်တာ၊ အမုန်းတွေ များလိုက်တာလို့ပဲထင်ပါတယ်။ ဒီဂယက်ကြောင့် နေခြည်တို့နှစ် ယောက်ကြားက Relationship  ကိုအထိခိုက်မခံပါဘူး။ နေခြည် တို့ကတော့အေးအေးဆေးဆေး ပါပဲ။ ကိုယ့်ကိုမနာလိုတဲ့သူတွေ အတွက်ကတော့ ခွင်ဖြစ်သွားတာ ပေါ့’’ ဟု နေခြည်ဦးကပြောသည်။


Credit : 7 Days Daily
Share it:

Beauty

Celebrity

Entertainment

latestnews

Life

Lifestyle

LocalNews

Nay Chi Oo

News

Post A Comment: