လက်သံပြောင်လာတဲ့ အဂတိကော်မရှင်

Share it:

ဌေးဌေး ၊ ရန်ကုန်၊

အစိုးရယန်္တရားအတွင်း အဂတိလိုက်စားမှုတွေကို ယခင် ကထက် အရှိန်မြှင့်ကိုင်တွယ်မည်ဟု သမ္မတသစ်မှပြောကြားခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းများမှာ ပိုမိုအသက်ဝင် အားကောင်း လာခဲ့သည်။

အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် အရေးယူမည် ဟုပြောကြားခဲ့သော NLD အစိုးရလက်ထက်တွင် အဆိုပါ ကော်မရှင်ကို အသစ်ထပ်မံဖွဲ့စည်းကာ အရှိန်အဟုန်မြှင့် ခဲ့သည်။ ထို့နောက် NLD ပါတီ ဦးဆောင်သည့် အစိုးရ နှစ်နှစ်တာကာလအတွင်းတွင် အစိုးရ၀န်ကြီး အပြောင်းအလဲ ရှိလာသည်အထိ တိုးတက်မှု အထိုက်အလျောက်ရှိခဲ့သည်။

ယင်းအပြောင်းအလဲများတွင် အထူးခြားဆုံးအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှာ ရုတ်တရက် နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ အဂတိလိုက်စားမှု ကော်မရှင်ဘက်မှ ခေါ်ယူမေးမြန်းခြင်းများပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးချိန် အဂတိလိုက်စားမှု ရှိခြင်း၊ မရှိခြင်း ကို မသိရသေးချိန်မှာဘဲ နုတ်ထွက်သွားခဲ့ခြင်းပင်ဖြစ်သည်။

““ကျွန်တော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်းမဟုတ် ပါဘူး။ ကျွန်တော်တို့က တိုင်တန်းချက်မှာ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျွန်တော်တို့ ဥပဒေနဲ့ ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြောချင်တာ ဖြစ်ပါ တယ်””ဟု ကော်မရှင်ဥက်္ကဋ္ဌ ဦးအောင်ကြည်က ဇွန် ၉ရက်က ပြုလုပ်သည့် ကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

ဦးကျော်ဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော် မရှင်မှ စစ်ဆေးခဲ့ခြင်းမှာ မေလလယ်ခန့်မှ သတင်းထွက် ပေါ်ခဲ့ပြီးနောက် ရက်သတ်္တပတ် တစ်ပတ်ကျော်အကြာတွင် အဆိုပါသတင်းကို ကော်မရှင်ဥက်္ကဋ္ဌမှ ပြန်လည်အတည်ပြု ပေးခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နုတ်ထွက်ခဲ့ခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ယခုကဲ့သို့ ကောက် ချက်ချကာ ““ဦးကျော်ဝင်း နုတ်ထွက်သွားတာကတော့ စဉ်း စားစရာပါပဲ။ ကိုယ်မှန်နေရင် အကြောင်းအကျိုးမဲ့ နုတ်ထွက် နေစရာ မလိုပါဘူး။ ပြည်သူ့အကျိုးကို ဆက်လက်ထမ်း ဆောင်သွားရမှာပေါ့။ သူမှန်နေတယ် ဆိုရင်ပေါ့လေ””ဟု ပြောသည်။

အမှန်တကယ်ပင် အဂတိလိုက်စားမှု ရှိ၊မရှိကို မသိ ရသေးချိန်မှာပင် နုတ်ထွက်သွားခဲ့ခြင်းကြောင့် ပြည်သူများ အကြားဝေဖန်မှုများ ဆက်လက်မြင့်တက်ခဲ့သည်။

သမ်္မတဦးဝင်းမြင့် တက်လာစဉ်၌ အုပ် ချုပ်ရေးပိုင်းများတွင် အဂတိလိုက်စားမှုများအား အရှိန်မြှင့် အရေးယူနေချိန်တွင် အားနည်းချက်များရှိသည်ဟု ဝေဖန် ခံနေရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြင်ဆင်ရန် လုပ်ဆောင်လာခဲ့ခြင်းများလည်း ရှိလာသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား ၂၀၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပထမ အကြိမ် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဒုတိယအကြိမ် ပြင်ဆင်ခဲ့သလို တတိယအကြိမ်အဖြစ်၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်နှင့် ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် စတုတ်္ထအကြိမ် မြောက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေကို ပြည်ခိုင်ဖြိုးပါတီ ဦးဆောင် သည့် အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ် သော်လည်း ဥပဒေကို အသက်သွင်း နိုင်မှုက ထင်သလောက် မတွေ့ရှိရပေ။

ဦးဝင်းမြင့် သမ်္မတရာထူးရယူပြီးနောက်တွင် ယင်းဥပဒေ မှာ ပို၍အသက်ဝင်လူပ်ရှားလာခဲ့ပြီး အရေးယူမူဖြစ်စဉ်များ က ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

““အရင်ထက်စာရင်တော့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက အများကြီးပြောင် မြောက်လာတယ်လို့ ပြောရမှာဖြစ်တယ်။ အရင်နဲ့ဆို ဘာမှ မဆိုင်ဘူး””ဟု မင်္ဂလာတောင်ညွန့် မဲဆန်္ဒနယ်မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်၏လုပ်ဆောင်ချက်များအ ပေါ် မှတ်ချက်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမူတိုက်ဖျက်ရေး ကော် မရှင်ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အောက်ခြေ ၀န်ထမ်း အချို့ကိုသာ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အရေးယူခဲ့ခြင်းများ ရှိသော်လည်း ရာထူးကြီးယူထားသည့် အရာရှိဝန်ထမ်းများကို ထိထိရောက်ရောက် အရေးယူနိုင် ခဲ့ခြင်း မရှိပေ။

ထိုစဉ်က နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ကမ်္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ မြန်မာနိုင်ငံမှ ၁၅၇ အဆင့်ရှိကြောင်း ဖော်ပြ ထားသည်။ NLD အစိုးရ တာဝန်ယူပြီးနောက် ၂၀၁၆ ခုနှစ် တွင် အဂတိလိုက်စားမှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ မြန်မာနိုင်ငံမှာ ၁၃၆ အဆင့်တွင်ရှိပြီး ၂၀၁၇ ခုနှစ် တွင် နိုင်ငံပေါင်း ၁၈၀ ၌ အဆင့် ၁၃၀ ရှိကြောင်း ထုတ်ပြန် ထားသည်။

အဆိုပါ စာရင်းများအရ ယခင်အစိုးရလက်ထက်က ထက် အဂတိလိုက်စားမူတိုက်ဖျက်ရေး ဆောင်ရွက်ချက်မှာ အနည်းငယ်တိုးတက်လာခဲ့သော်လည်း သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ မရှိခဲ့ခြင်းကြောင့်ဟုဆိုကာ စတုတ်္ထ အကြိမ်မြောက်အဖြစ် ယင်းဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့သည်။

ဥပဒေတွင် လာဘ်ပေးလာဘ်ယူ လုပ်ခြင်းများအပြင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ လုပ်ဆောင်ခြင်းများကြောင့် ဆုံးရှုံးခြင်းများကိုပါ အဂတိ လိုက်စားမှုနှင့် အရေးယူနိုင်သည်ဆိုသည့် အချက်အပြင် တိုင်ကြားသူ မရှိပါကလည်း ကျော်စောသတင်း ထွက်နေ ပါက စိစစ်အရေးယူနိုင်ခြင်း စသည့်အချက်များကို ထပ်မံ ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ထင် ရှားသော ဖော်ထုတ်အရေးယူမှုဖြစ်စဉ်မှာ FDA ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမူဥပဒေ ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကာ ဌာနဆိုင်ရာ အကြီး အကဲ အရာရှိတစ်ဦးအား ပထမဆုံးအရေးယူသည့် ဖြစ်စဉ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထို့အပြင် ယခုလဆန်းပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် လ၀ကဦးစီးအရာရှိ ဦးဇော်မိုးမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများ ထံမှ ငွေကြေးနှင့် လက်ဆောင်ပစ်္စည်းများ တောင်းခံခြင်း၊ အလှူခံပုံးထဲသို့ အလှူငွေများ ထည့်ဝင်ခိုင်းခြင်းတို့ကြောင့် တရားစွဲဆိုအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ယင်း ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

““လက်ရှိအနေအထားအရ ကျွန်တော်တို့ မိုးညိုမှာ အဖြစ်အပျက်တစ်ခု ရှိခဲ့တယ်။ အခု အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို သဘောကျပါ တယ်။ ထင်သာမြင်သာလဲ ရှိသွားတယ်။ ဒါက တကယ့်ကို လုပ်သင့်တဲ့ ကိစ်္စတွေပါ။ ၀န်ထမ်းတွေ လစာနည်းတာတော့ သဘောပေါက်ပါတယ်။ ဒီလိုမှမလုပ်ရင် လာဘ်ပေးလာဘ် ယူကိစ်္စတွေက အမြဲလိုလို ရှိနေမယ်ဆိုရင် အစိုးရအတွက် အခက်အခဲဖြစ်စေတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီအဖွဲ့ ရဲ့ လက်ရှိအနေအထားကို အားရပါတယ်””ဟု ပဲခူးတိုင်း ဒေသကြီး မိုးညိုမြို့နယ်ရှိ ပြည်နယ်လွှတ်တော် မဲဆန်္ဒနယ် (၁)မှ ဦးအေးဝင်းက ပြောဆိုသည်။

ဆက်လက်၍ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေ ဆုံးမှုတွင် အမှုအား ရုပ်သိမ်းခဲ့သည့်အတွက် အဂတိလိုက် စားမှုရှိနိုင်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြနေကြ သည့်အတွက် ကျော်စောသတင်းအဖြစ် သတ်မှတ်ရန် ဆုံး ဖြတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၇ (ဈ)အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြု သတ်မှတ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အကောက်ခွန် ဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်း ၁၂ဦးအပေါ် အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုအရေးယူခဲ့ ကြောင်း သိရသည်။ ယင်းအကောက်ခွန်ဌာန ၀န်ထမ်းများ သည် ဆိပ်ကမ်းမှထုတ်ယူမည့် ကားများအတွက် ငွေကြေး တောင်းခံခြင်း၊ အရာရှိအချို့က ငွေကြေးတောင်းယူမူအပေါ် မသိကျိုးကျွန်ပြု၍ အားပေးအားမြှောက် ပြုလုပ်ခြင်းတို့ ကြောင့် အရေးယူရခြင်းဖြစ်သည်ဟု အဂတိလိုက်စားမူတိုက် ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်များတွင် ပြောဆိုထား သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ရပ်ကွက်ပိုင် ပလပ်မြေ ၂၅ ပေ x ၅၀ ပေ မြေကွက်များရိုက် ကာ တရားမ၀င် ရောင်းချခဲ့ပြီး ထိုသို့မြေကွက်ဖော်ရာ၌ မြေကွက်ဝယ်သူများထံမှ ရယူထားသော ငွေကြေးများကို လည်း ပြန်မပေးဘဲ လိမ်လည်လှည့်ဖြားခြင်းကြောင့် ရပ်ကွက် နေပြည်သူများက ကန့်ကွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးသို့ တိုင်ကြားခဲ့သည်။ ကော်မရှင်က ယင်းဖြစ်စဉ်အား စစ်ဆေးပြီးနောက် ယင်းအုပ်ချုပ်ရေးမှူးအား တရားစွဲဆိုခဲ့ သည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်း စံပြကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်လွင် အား သောင်နုမြေရောင်းချမူတွင် မသမာမှုများရှိခဲ့သည်ဟု ဆိုကာ တရားစွဲဆို အရေးယူခဲ့သေးသည်။ ယင်းရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းကို ဇူလိုင် ၁၃ ရက်က ထောင်ဒဏ် သုံးနှစ် ချမှတ်နိုင်ခဲ့သည်။

““သိသာထင်ရှားတာကတော့ အဂတိလိုက်စားမှုကော် မရှင်ကို သေသေချာချာ စိန်ခေါ်လာတာတွေကလဲ ပိုများ လာတယ်လို့ ထင်တယ်။ ဟိုဘက်ခေတ်က အစိုးရကတော့ မမြင်သာအောင် ဖေ့စ်ဘွတ်ခ်ဆိုတာလဲ ဘယ်လိုတင်တင် ပုဒ်မနဲ့ ငြိနေတာဆိုတော့ မသိသာဘူး။ အခုကလဲ လွတ် လပ် ပွင့်လင်းလာတဲ့အတွက် ပိုပြီးမြင်သာလာတယ်လို့ ထင် တယ်။ စိန်ခေါ်မှုတွေကလဲ တစ်ခါတည်းပါလာတယ်လို့ ယူဆ တယ်။ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု ဆိုတာကတော့ တို့တိုင်းပြည်မှာက တွဲလျက်ပဲ။ အစ်မပြောချင်တာက ဆင်းရဲ တိုင်းလည်းပဲ အကျင့်ပျက်တာတော့ မဟုတ်ဘူး။ သေချာ တာက အကျင့်ပျက်ပြီဆိုရင်တော့ အဲဒီတိုင်းပြည်က ပြန်လည် ထူထောင်ဖို့ ခဲယဉ်းသွားပြီ။ အဲဒီအကျင့်ဆိုးနဲ့ အကျင့်စရိုက် ပျက်သွားတာကိုတော့ ပြန်ပြင်ဖို့ဆိုတာတော့ ဒီအဂတိလိုက် စားမှုကော်မရှင်မှာ တာဝန်လည်းကြီးပြီး စိန်ခေါ်မှုတွေလည်း များတယ်။ တကယ်လုပ်နိုင်ပါ့မလား ဆိုတာတော့ သံသယ ဖြစ်မိပေမယ့် သူတို့ရဲ့ ရဲတင်းမှုကိုတော့ ချီးကျူးပါတယ်””ဟု နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သူ မနီမိုလှိုင်က ပြော သည်။

ထို့အပြင် အဂတိလိုက်စားမှု များစွာရှိသည့်အနက်မှ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် လာဘ်ပေးလာဘ်ယူ မှုဖြင့် အမှုဖွင့်ခံထားရသည့် စခန်းမှူး၊ မြို့နယ်တရားသူကြီး အပါအ၀င် ၁၂ဦးအား တရားခံပြေးများအဖြစ် ကြေညာထား ပြီး ပြည်သူများအနေဖြင့် သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်း စစ်ဆေးခဲ့သည့် အမှုများထဲမှ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်လှစ်၍ တရားစွဲဆိုခဲ့သည့် အမှုများအနက် စခန်းမှူး၊ မြို့နယ်တရား သူကြီးအဆင့် အပါအ၀င် ၁၂ဦးသည် ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

အစိုးရသစ်၏ နှစ်နှစ်ကျော်ကာလအတွင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များမှာ ယခင်ထက် ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်ခြင်းများ ကြောင့် ပြည်သူများအတွက် အားရကျေနပ်ဖွယ်ကောင်း သည့် လုပ်ဆောင်ချက်များဟု ဆိုနိုင်သော်လည်း ကော်မရှင် ၏ ဆက်လက် ဆောင်ရွက်ချက်များကိုလည်း စောင့်ကြည့် ရင်း ..... ။ ။

#YangonMediaGroup
Share it:

Article

Crime

Featured

Political

Post A Comment: