'အခုဆိုရင် နိုင်ငံတော်က စတင်ပြီးတော့ အရင်တုန်းက ရုပ်ရှင် ဇာတ်ကားကြီးတွေရဲ့ဖလင်တွေကို ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း သိလာပါပြီ' ဦးဇင်ဝိုင်း

Share it:


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် 'မြဂနိုင်' ရုပ်ရှင်ဇာတ်ကားကြီးအပါအဝင် ရှေးဟောင်း ရုပ်ရှင်ဇာတ်ကားကြီးများ၏ မူရင်းဖလင်များ၊ ကော်ပီဖလင်များ မပျောက်ပျက်စေရေးအတွက် လုပ်ဆောင်သွားမည့်အပိုင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့်တွေ့ဆုံကာ ယခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး-'မြဂနိုင်'ဇာတ်ကားကြီးကို ယူနက်စကို ဝင်အောင် ကြိုးစားပေးခဲ့တဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ-မြဂနိုင်ဇာတ်ကားကြီးကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အောင် ကြိုးပမ်းပေးခဲ့ကြတဲ့ ကလေးတွေအားလုံးကို ကျေးဇူးတင်ရသလို ဝမ်းလည်းဝမ်းသာရပါတယ်။ ဒါက ပြောရမယ်ဆိုရင် 'မြဂနိုင်' ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်လောကရဲ့အမွေအနှစ်တစ်ခု ဖြစ်သလို နိုင်ငံရဲ့အမွေအနှစ်ဆိုလည်း ဟုတ်ပါတယ်။ အခုဆိုရင်နိုင်ငံရဲ့အမွေ အနှစ်ကနေ ကမ္ဘာရဲ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ မြန်မာ့ရုပ် ရှင်ဇာတ်ကားတစ်ကားဟာ ဒါဟာ အလွန်ကို ဂုဏ်ယူစရာကောင်းပါတယ်။ နိုင်ငံရဲ့ တစ်မျိုးသားလုံး ဂုဏ်ယူစရာကိစ္စဖြစ်ပါတယ်။ သို့သော် ဒီဂုဏ်ယူနိုင်လောက်အောင် ကြိုးပမ်းခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့မျိုးဆက် တွေဖြစ်တဲ့ ကိုဥက္ကာနဲ့ Save Myanmar Film အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ် မှုကတော့ တကယ့်ကို ချီးကျူးဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုဥက္ကာကက ပြောပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပေမယ့်လည်း ဒီအပေါ်မှာ ထိန်းသိမ်း စောင့်ရှောက်မှုအပေါ်မူတည်ပြီးတော့ အချိန်မရွေးပယ်ဖျက်နိုင်တယ်ဆိုတဲ့အချက်လည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရုပ်ရှင် လောကသားတွေရော မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ရော၊ နိုင်ငံတော်အစိုးရ အနေနဲ့ပါ ဒီဖလင်ကိုထိန်းသိမ်းစောင့်ရှောက် ဖို့တာဝန်ရှိလာပါပြီ။ ဒီအတွက် ကျွန်တော် တို့ဆက်ကြိုးစားရဦးမှာပါ။

မေး-ရုပ်ရှင်ဇာတ်ကားတွေကို ထိန်းသိမ်းဖို့ အတွက် အအေးခန်းလည်း လိုအပ်တယ်လို့ သိရပါတယ်။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး တော့ အစည်းအရုံးအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ပေးဖို့အစီအစဉ်ရှိလဲ။

ဖြေ-အခုလောလောဆယ်ကတော့ ပြန် ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးမှာရှိနေတဲ့ နေရာတစ်ခုပေးထားပါတယ်။ ဝန်ကြီးရဲ့အစီအစဉ်နဲ့ အဲဒီမှာဖလင်တွေကို ထိန်းသိမ်းထားပါတယ်။ လိုအပ်မှုတွေ များစွာရှိနေပါသေးတယ်။ ဒါ့အပြင် ဒီဖလင် တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် သင်တန်းတွေပေးဖို့ လိုမယ်ပေါ့နော်။ နောက် ပိုင်းဆိုရင်တော့ ရုပ်ရှင်ကို တကယ်ဝါသနာ ပါတဲ့သူတွေ ချစ်မြတ်နိုးကြတဲ့လူငယ်တွေ ကို ဒီဖလင်တွေကို ထိန်းသိမ်းစောင့်ရှောက် နည်းတွေကိုပေးပြီးတော့မှ စေတနာ့ဝန်ထမ်း အနေနဲ့ ဒီဖလင်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့လိုပါတယ်။ ဒီလိုမျိုးသင်တန်းတွေ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေနဲ့ ဆက်လက်ကြိုးစားပါဦးမယ်။

မေး-အရင်တုန်းက ဇာတ်ကားကြီးတွေရဲ့ ဖလင်တွေကို အခုနောက်ပိုင်းမှာ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်နေတာမျိုးရောရှိလဲ။

ဖြေ-အခုဆိုရင် နိုင်ငံတော်က စတင်ပြီး တော့ အရင်တုန်းက ရုပ်ရှင်ဇာတ်ကားကြီး တွေရဲ့ ဖလင်တွေကို ထိန်းသိမ်းစောင့်ရှောက် ရ ကောင်းမှန်းသိလာပါပြီ။ သိလာပြီဖြစ်တဲ့ အတွက် အရင်တုန်းက ရုပ်ရှင်မော်ကွန်း တိုက်ထဲမှာရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် နေရာ ပေးပါပြီ။ ရန်ပုံငွေတချို့တစ်ဝက်ချပေးနေပါပြီ။ ကိုဥက္ကာတို့လို လူငယ်တွေရဲ့ အားနဲ့ ပေါ့နော်။ ဒစ်ဂျစ်တယ်ဆိုတာကလည်း တချိန်ကျရင် အမွေအနှစ်တစ်ခုဖြစ်လာမှာပါ။ ဒီကနေ့ကနေ မနက်ဖြန်ဆိုရင် အတိတ် ဖြစ်သွားပါပြီ။ အဲဒါက သမိုင်းပါပဲ။ သမိုင်း ကိုထိန်းသိမ်းဖို့ဆိုရင် ဒီကနေလုပ်တဲ့ပစ္စည်း တွေကိုလည်း ထိန်းသိမ်းဖို့လိုပါတယ်။

မေး-မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ အနုပညာရှင်တွေမပတ်သက်ကြဖို့ အစည်း အရုံးက စာထုတ်လိုက်တာ ဘာကြောင့်လဲ။

ဖြေ-ဘာကြောင့်လဲဆိုတော့ ဒီလိုပါ။ နိုင်ငံ တော်သမ္မတရဲ့အမိန့်နဲ့ ထုတ်ပြန်ကြေညာထားတာရှိပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ် သက်တာကို သတင်းပေးတိုင်ကြားဖို့အတွက် ဌာနတွေ ဖွင့်လိုက်တယ်။ ဖုန်းတွေဖွင့်လိုက်တယ်။ တိုင်ကြားတဲ့လူတွေရဲ့ လုံခြုံ ရေးကို အပြည့်အဝတာဝန်ယူတယ်။ ဒါ့ အပြင် ဖမ်းဆီးရမိတဲ့ရာခိုင်နှုန်းနဲ့လည်း ဆုချီးမြှင့်မယ်ဆိုပြီးတော့ နိုင်ငံတော် အစိုးရက မူဝါဒတစ်ရပ်ကိုချမှတ်ပြီးတော့ ပြင်းပြင်းထန်ထန်နှိမ်နင်းနေတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလမျိုးမှာ ကျွန်တော်တို့ ရုပ်ရှင် လောကသားဆိုတာကလည်း ဒီနိုင်ငံက နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရရဲ့အစီအစဉ်ကို ဝိုင်းဝန်းပံ့ပိုးတဲ့အ နေနဲ့ အနုပညာရှင်တွေနဲ့အနေနဲ့ မူးယစ် ဆေးဝါးကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းစတဲ့ ရာဇဝတ်မကင်းတဲ့ ကိစ္စရပ်တွေမှာမပါဝင်ကြဖို့ ဒါကို တိုက်တွန်း နှိုးဆော်တာပါ။ 

NN
#democracytoday

Share it:

Celebrity

Entertainment

Featured

News

Post A Comment: