ချမ်း​မြေ့​မောင်​ချို​ရောက်​မလာလျင်​ ပြိုင်​ပွဲ၏ format အရ ကျန်​သူတစ်​​ယောက်​ကို winner ​ပေးမည်
Share it:
Myanmar Idol Season 3 Grand Final ပြိုင်ပွဲ သတ်မှတ်ထားသောရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး Voting သည် နှစ်​ဦးရှိမှ​ ပေး၍ရမည်ဖြစ်​သည့်အတွက်​ ချမ်း​မြေ့​မောင်​ချိုသာ ​ရောက်​မလာရင်​ ပြိုင်​ပွဲ၏ format အရ ကျန်​သူတစ်​​ယောက်​ကို winner ​ပေးမည်ဖြစ်ေ ကြာင်း သြဂုတ် ၁၀ ရက် ညနေ ၆ နာရီက တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်း ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Executive Producer ဦးစိုင်းဇွမ်ဖက ပြောဆိုသည်။
" Show ရဲ့ format အရ ဆက်​လက်​ကျင်းပမှာဖြစ်​ပြီး ချမ်း​မြေ့​မောင်​ချိုက​တော့ လာဆိုနိုင်​​သေးတယ်​လို့ ကျွန်​​တော်​ ​မျှော်​လင့်​ပါတယ်​။ ကျွန်​​တော်​တို့က ​ပေး မပြိုင်​တာထက်​ သူကိုယ်​တိုင်​ပြိုင်​ဖို့ကို ​မျှော်​လင့်​ပါတ ယ်​။ ကျွန်​​တော်​တို့​ကြေညာထားတဲ့အတိုင်း ပွဲကို မနက်​ဖြန်​မှာ ဆက်​လက်​ကျင်းပမှာဖြစ်​ပါတယ်။ချမ်းမြေ့မောင်ချိုကို ပြိုင်ပွဲစတဲ့အထိ​စောင့်​မယ်​ ပွဲစ တာနဲ့ သူလာပြိုင်မပြိုင်​ ထုတ်​ပြန်​မယ်​။ ကျန်း မာရေးကြောင့် ရီဟာဇယ်​​တော့ လာမလုပ်​ဘူး၊ ပြိုင်​ပွဲမှာပြိုင်​မယ့်​သီချင်း​တွေကို ကျွန်​​တော်​တို့က သူတို့ နယ်​ကို မပြန်​ခင်​ထဲက ​ပေးထားပြီးဖြစ်​ပါတယ်​" ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ပြိုင်ပွဲသည်  Voting ပတ်​သက်​ပြီး မည်သူကိုမှ  ဘယ်​သူမှမနစ်​နာစေရန် ​ပြင်ဆင် ထားပြီး  International Idol Format ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက် သွား ကြောင်း သိရသည်။
"ချမ်း​မြေ့​မောင်​ချိုက​တော့ full rehearsal ကို မလုပ်​ရ​သေးပါဘူး။ သူက စင်​နဲ့လည်းမစိမ်းတဲ့အတွက်​ သူ့အ တွက်​ အဆင်​​ပြေမယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်။နှစ်​​ယောက်​လုံးယှဉ်​ပြိုင်​မှ voting ကအသက်​ဝင်​မှာပါ။ တစ်​​ယောက်​ပဲဆိုရင်​​တော့ voting နဲ့ပတ်​သက်​ပြီး စီစဉ်​ထားတာရှိပါတယ်​။ ဒါက​တော့  ကျွန်​​တော်​တို့​စောင့်​မှာဖြစ်​တဲ့အတွက်​ ပြိုင်​ပွဲကျမှ ​ပြောပြမှာပါ။ Voting ကနှစ်​ဦးရှိမှ​ ပေးမှာဖြစ်​တဲ့အတွက်​ ချမ်း​မြေ့​မောင်​ချိုသာ ​ရောက်​မလာရင်​ ပြိုင်​ပွဲရဲ့ format အရ ကျန်​တဲ့တစ်​​ယောက်​ကို winner ​ပေးမှာဖြစ်​ပါတယ်​ ''ဟု ဦးစိုင်းဇွမ်ဖက ပြောဆိုသည်။
    ''အစောပိုင်းထဲက သီချင်းတွေကို အသံသွင်းပြီး လေ့ကျင့်ပေးထားပါတယ်။ဆေးရုံပေါ်မှာ သီချင်းနား ထောင်ပြီး လေ့ကျင့်နေပါတယ်။ သူလက်တန်းဆိုနိုင် လိမ့်မယ်လို့မျှော်လင့်မိပါတယ်''ဟု ဥက္ကာဦးသာက ပြောဆိုသည်။ 
Share it:
Entertainment
Featured
latestnews
LocalNews
MMID
Myanmar
News
Winner
Post A Comment: