မြောက်အမေရိကရုံတင်ငွေအများဆုံးရနေတဲ့ ‘Mission Impossible-Fallout’ ဇာတ်ကား

Share it:


 ဟောလိဝုဒ်မင်း  သား တွမ်ခရုဇ်အဓိကပါဝင်သရုပ် ဆောင်ထားသော ‘Mission Impossible - Fallout’  ဇာတ် ကားသည် မြောက်အမေရိကရုံ တင်ငွေအများဆုံးစာရင်း၏ နံ ပါတ် (၁) နေရာတွင် ရပ်တည် နေသည်။

သြဂုတ် ၅ ရက်တွင် BoxOfficeMojo.com ၀က်ဘ် ဆိုက်၌ ကြေညာချက်အရ ဇူလိုင် ၂၅ ရက်တွင် စတင်ပြသသော အဆိုပါ ဇာတ်ကားသည် သီတင်း နှစ်ပတ်မြောက်တွင် ရုံတင်ဝင် ငွေကန်ဒေါ်လာ ၃၅ သန်းဖြင့် မြောက်အမေရိက ရုံတင်ဝင်ငွေ အများဆုံးစာရင်း၌ ထိပ်ဆုံးမှရပ် တည်နေသည်။


ကမ္ဘာကျော် Mission Impossible ဇာတ်လမ်းတွဲ၏ ခြောက်ကားမြောက် Mission Impossible - Fallout တွင် တွမ်ခရုဇ်အပြင် ဟင်နရီကာဗင် နှင့် ရေဘတ်ကာဖာဂူဆန်တို့ ပါဝင်သရုပ်ဆောင်ထားပြီး  ပြင် သစ်၊ ဗြိတိန်၊ အိန္ဒိယနှင့် နယူး ဇီလန်စသည့် နိုင်ငံများတွင်သွား ရောက်ရိုက်ကူးထားသည်။

မြောက်အမေရိကရုံတင်ဝင် ငွေအများဆုံးစာရင်း၏ နံပါတ်(၂)နေရာတွင် ဒစ္စနေရုပ်ရှင်ထုတ် လုပ်ရေး၏ Christopher Robin ဇာတ်ကားက ကန်ဒေါ်လာ ၂၅ သန်းဖြင့်လည်းကောင်း၊နံပါတ် (၃) နေရာတွင် The Spy Who Dumped Me ဇာတ်ကားက ကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်း ဖြင့်လည်းကောင်း၊ နံပါတ် (၄) နေရာတွင် Mamma Mia! Here We Go Again ဇာတ်ကားက ကန်ဒေါ်လာ ကိုးသန်းဖြင့်လည်း ကောင်း၊နံပါတ် (၅) နေရာတွင် The Equalizer ဇာတ်ကားက ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် လည်းကောင်း အသီးသီးရပ်တည် နေသည်။

UPI

Credit : 7 Days 
Share it:

Entertainment

Featured

Movies

News

WorldNews

Post A Comment: